Connect with us

Hi, what are you looking for?

News

အရာတော်-ထီး​ဆောင်း-မြင်းမူလမ်းပိုင်း ခရီးသွားလာခြင်း မလုပ်ရန် ပြည်သူ့ကာကွယ်​ရေးတပ်များ သတိ​ပေး

တိုက်ပွဲကာလအတွင်း စစ်ကိုင်းတိုင်းရှိ မြို့နယ်ချင်းဆက် လမ်းပိုင်းများကို အသုံးမပြုကြရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက မကြာခဏ သတိပေးမှုများရှိနေသည်။

အရာတော်-ထီး​ဆောင်း-မြင်းမူလမ်းပိုင်းအား ခရီးသွားလာခြင်းကို အထူးတားမြစ်ပိတ်ပင်ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အရေးပေါ် သတိပေးချက် ယနေ့ ထုတ်ပြန်သည်။

ဒီဇင်ဘာ ၆ရက် နံနက် ၆နာရီခန့်ကစ၍ ​နေရာတစ်နေရာတွင် တိုက်ပွဲဆင်နွှဲနေပါ၍ လမ်းပိုင်းအသုံးပြုခြင်းကို တားမြစ်ခြင်းဟု မြင်းမူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
MMPDF က ဆိုသည်။

တားမြစ်သည့်ကြားသွားလာပါက တာဝန်ယူမည် မဟုတ်ကြောင်းလည်း အသိပေးသည်။

“ဒီမနက် အစောကတည်းက ခြေလျင်ရော၊ကားတွေနဲ့ပါ စစ်ခွေးတွေ ခြေရှုပ်နေတယ်။အချိန်မရွေး တိုက်ပွဲကြီး၊ငယ် ဖြစ်နိုင်လို့ ပြည်သူတွေအနေနဲ့ ရှောင်ရှားပေးပါ။တက်နိုင်ရင် အိမ်ထဲမှာပဲနေကြပါ”ဟု အရာတော်မြို့နယ် တော်လှန်ရေး အင်အားစုမှ ဗိုလ်ပေါက်စီက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကာလအတွင်း စစ်ကိုင်းတိုင်းရှိ မြို့နယ်ချင်းဆက် လမ်းပိုင်းများကို အသုံးမပြုကြရန်လည်း ပြည်သူ့ကာကွယ်ရေးတပ်များက မကြာခဏ သတိပေးမှုများရှိနေသည်။

စစ်ကိုင်းတိုင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အားကောင်းသည့် မိုင်းဆွဲတိုက်ခိုက်မှုများကြောင့်လည်း လမ်းပိုင်းဆိုင်ရာအချို့ ကို ယာယီပိတ်ပင်ပြီး အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်နေခြင်းလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook