Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဖြူတိုက်ပွဲဆက်ပြင်းထန်၊ စစ်ကောင်စီရေတပ်‌ပစ်ခတ်လို့ စစ်ဘေးရှောင်နှစ်ဦးသေဆုံး

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်ရဲ့ရေတပ်‌က‌နေပစ်တဲ့လက်နက်ကြီးကြောင့် စစ်ဘေးရှောင်နှစ်ဦးသေဆုံးသွားပါတယ်။

စစ်တပ်ရဲ့​ရေတပ်သင်္ဘောတစ်စီးကို ​တွေ့ရစဥ်(ပုံ​ဟောင်းဖြစ်ပါတယ်) ။ဓါတ်ပုံ-မြဝတီ

ဇန်နဝါရီ-၁၆၊၂၀၂၆။အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်ရဲ့ရေတပ်‌က‌နေပစ်တဲ့လက်နက်ကြီးကြောင့် စစ်ဘေးရှောင်နှစ်ဦးသေဆုံးသွားပါတယ်။

ကျောက်ဖြူပင်လယ်ပြင်မှာရပ်ထားတဲ့စစ်တပ်ရဲ့​ရေတပ်စစ်သင်္ဘောတွေက မြို့နယ်အတွင်းကို လက်နက်ကြီးတွေနဲ့မကြာခဏပစ်ခတ်နေပြီး ဇန်နဝါရီလ ၁၄ ရက်နေ့ည ၁၀ နာရီ ၁၀ မိနစ်ဝန်းကျင်မှာလက်နက်ကြီးသုံးလုံးပစ်တာမှာ သဖန်းချောင်းရွာထဲကို တစ်လုံး ကျရောက်ပေါက်ကွဲတာဖြစ်ပါတယ်။

“ရွာကလူတော်တော်များများစစ်ရှောင်နေကြရတယ်။အခုသေဆုံးတာကလင်နဲ့မယား။ သူတို့ကလည်း ရွာအနီးမှာထဲထိုးပြီးတော့ ယာယီနေတာ” လို့ ရခိုင်ဒေသခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

သဖန်းချောင်းရွာက ဦးကျော်ထွန်းဝင်း(၃၄)နှစ်နဲ့ ဇနီးဖြစ်သူ ဒေါ်ခင်လင်းစိုး(၃၀)နှစ်​ကျည်ထိမှန်​သေဆုံးခဲ့တာဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး ရဲတပ်ရင်း(၃၂)အပါအဝင် စစ်ကောင်စီတပ်စွဲထားတဲ့နေရာတချို့ကို AAက တိုက်ခိုက်နေပါတယ်။ မင်းပြင်နဲ့ သိုင်းချောင်းရွာအနီးမှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။ စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထား ဗုံးကြဲတာ၊ ဖမ်းဆီးတာတွေလုပ်နေတယ်လို့ AAက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလကစစ်တပ်ကဖမ်းသွားတဲ့ကျောက်ဖြူမြို့နယ်၊အုန်းတောရွာက အမျိုးသမီးသုံးဦးလည်း။သတ်ဖြတ်ခံခဲ့ရပါတယ်။သေဆုံးပြီးမြေမြုပ်ခံထားရတဲ့ ရုပ်အလောင်းတွေကို ဇန်နဝါရီလ၂ရက်နေ့ကရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

AAက ကျောက်ဖြူမြို့သိမ်းတိုက်ပွဲကို၂၀၂၅ခုနှစ် ဇန်နဝါရီလမှစတင်ပြီး အရှိန်မြှင့်ခဲ့တာပါ။ ဓညဝတီရေတပ်စခန်းဌာနချုပ်အနီး ကာကင်းတွေကို သိမ်းယူနိုင်တဲ့အထိ စစ်ရေးအသာစီးရခဲ့ပြီးနောက် မတ်လ ၂၈ရက်က ငလျင်ကြောင့် အပစ်ရပ်ထားစဉ် စစ်ရေးအရှိန်လည်း လျော့ကျသွားခဲ့ပါတယ်။ အဲဒီကာလမှာ စစ်ကောင်စီကလေကြောင်းကနေအင်အားဖြည့်ပြီး AA ထိန်းချုပ်ထားတဲ့နေရာတွေကို လေကြောင်း၊လက်နက်ကြီး၊ဒရုန်းတွေနဲ့ပစ်ခတ်သလို ပင်လယ်ထဲကနေလည်း ရေတပ်က ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း​မြေပြင်စစ်ကြောင်းတွေထိုးလာပြီး AA ထိန်းချုပ်ထားတဲ့စခန်းအချို့ကိုပြန်လည်သိမ်းယူသွားခဲ့ပါတယ်။

သြဂုတ်လနဲ့စက်တင်ဘာလဆန်းမှာတော့တိုက်ပွဲတွေတချို့ပြန်ပြင်းထန်လာပြီးစခန်းတချို့ကို AAကပြန်သိမ်းခဲ့ပါတယ်။ ၂၀၂၅ ဒီဇင်ဘာလကုန်နဲ့ ၂၀၂၆ဇန်နဝါရီလဆန်းပိုင်းမှာတော့ ယခင်ကထက် တိုက်ပွဲတွေပိုမိုပြင်းထန်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ဩဂုတ်လ ၂၀ရက် ပတ်ဝန်းကျင်က လိပ်ခမော်ရွာတိုက်ပွဲမှာစစ်တပ် စစ်ကြောင်းလိုက်ပြုတ်တဲ့အထိ တိုက်ခိုက်ခံရပြီးသေဆုံးသူ ၁၀၀ ကျော်ရှိခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။အဲဒီရက်ကတိုက်ပွဲတွေမှာ ကျောက်ဖြူနဲ့ရမ်းဗြဲကျွန်းဆက်စပ်ပင်လယ်ပြင်မှာ ရပ်ထားတဲ့ စစ်သင်္ဘော တွေအနက်တစ်စီးကို ဟောင်ဝစ်ဇာနှင့်ပစ်ခတ်ခဲ့တာမှာ ထိမှန်ပြီး မီးလောင်ပျက်စီးသွားတယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတင်းဌာနအချို့ကို ဖြေကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။