Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့ ရပ်ကွက် ၂ခုကို စစ်တပ်ပြန်ရ၊ တိုက်ပွဲဆက်ဖြစ်နေ

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ ရပ်ကွက် ၂ခုကို စစ်တပ်ပြန်ရပြီး တိုက်ပွဲဆက်ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

ဇန်နဝါရီ-၂၀၊၂၀၂၆။ဇော်ဝင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ ရပ်ကွက် ၂ခုကို စစ်တပ်ပြန်ရပြီး တိုက်ပွဲဆက်ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ဗန်းမောက်မြို့သိမ်းအပြီး ၄လနီးပါအကြာမှာ ရှမ်းနီပြည်သူ့စစ်(SNA)နဲ့ စစ်တပ်ရဲ့တန်ပြန်ထိုးစစ်ကို အပြင်းအထန် ခုခံနေတယ်လို့ မြေပြင်ရဲဘော်အချို့က ပြောပါတယ်။

ဗန်းမောက်မြို့ရဲ့ လွှစင်ကုန်း၊မြနန္ဒာ၊မြို့မနဲ့ အောင်သာကုန်းရပ်ကွက် လေးခုထဲက မြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ လွှစင်ကုန်းနဲ့ မြနန္ဒာရပ်ကွက်တွေကို စစ်တပ်ပြန်ရသွားတာလို့ ရဲဘော်တွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အခုကတော့ မြို့ထဲမှာဘဲရှိတုန်း ကျွန်တော်တို့လည်း။တိုက်ပွဲကတော့ နေ့တိုင်းပဲ”လို့ ဗန်းမောက်မြို့နယ်ကာကွယ်ရေးရဲဘော်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်း ရဲဘော်အချို့ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး အတည်မပြုနိုင်သေးဘူးလို့ သူက ဆိုပါတယ်။

ဇန်နဝါရီ ၁၈ရက်က မြနန္ဒာရပ်ကွက်ကို စစ်တပ်ပြန်ရပြီး PDF ရဲဘော်တစ်ဦး ရုပ်အလောင်းနဲ့ လက်နက်ခဲယမ်းတချို့ရရှိတယ်လို့ ရှမ်းနီပြည်သူ့စစ် SNAက ဝါဒဖြန့်ထားပါတယ်။

ဗန်းမောက်မြို့ကိုရဖို့ စစ်တပ်က မြို့ အနောက်ဘက်ခြမ်းကနေ အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့ပြီး SNAနဲ့ စစ်ကိုင်းအခြေ စိုက် တပ်မ(၃၃)လက်အောက်ခံတပ်ရင်းတွေ အပါအဝင် တပ်မ(၇၇)လက်အောက် ခံတပ်ရင်းအချို့လည်းရှိတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောထားပါတယ်။

ဗန်းမောက်မြို့ကို အမှတ်(၁)စစ်ဒေသကွပ်ကဲမှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ ၂၀ရက်မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဗန်းမောက်မြို့နယ်ဟာ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက် တပ်ရင်း၊တပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်၊ မော်လူး နဲ့ ပင်လည်ဘူးမြို့အနီးမှာရှိပါတယ်။ ကားလမ်းအတိုင်းဆိုပါက အင်းတော်နဲ့ မိုင်(၃၀)၊ မော်လူးနဲ့ မိုင်(၅၀)နဲ့ ပင်လည်ဘူးမြိုနဲ့ (၆၁) မိုင်ဝန်းကျင် ကွာဝေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။