Connect with us

Hi, what are you looking for?

News

ပျံလွှာ​အောင်စစ်ဆင်​ရေးဖြင့် ရန်ကုန်စစ်ကာင်စီပစ်မှတ်နှစ်ခုကိုဆက်လက်တိုက်ခိုက်

အလားတူခရမ်းမြို့နယ်၊ သက္ကလဘက်အထွက်ရှိ အကြမ်းဖက် ရဲသားနှင့် စစ်သားများ ပူးပေါင်း တပ်စွဲထားသည့် သစ်တောဂိတ်အား ယနေ့ ည ၈ နာရီအချိန်ခန့်တွင် ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့​ကြောင်းပါရှိသည်။ သို့​သော် စစ်​ကောင်စီတပ်ထိခိုက် သေဆုံးမှုများ ရှိသော်လည်း အသေးစိတ်ဆက်လက်စုံစမ်းဆဲ ဖြစ်​သည်ဟုဆိုသည်။

ကြည်မြင်တိုင်လူသတ်ပွဲအပါအဝင်စစ်ကောင်စီတပ်များ၏လူမဆန်​သော ရက်စက်ယုတ်မာမှုများကို
တုန့်ပြန်သည့်အ​နေဖြင့် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ယ​နေ့(ဒီဇင်ဘာ ၆)ညတွင်လည်း ရန်ကုန်တိုင်းရှိ စစ်​ရေးပစ်မှတ်နှစ်ခုကိုတိုက်ခိုက်ခဲ့ပြီး ကနဦးသတင်းအရ သုံးဦး​သေဆုံး​ကြောင်း ထုတ်ပြန်သည်။

ဒီဇင်ဘာ၅ ရက်က ကြည်မြင်တိုင်တွင်ငြိမ်းချမ်းစွာဆန္ဒပြ ​နေသူများကိုစစ်​ကောင်စီတပ်က ကားနှင့်တိုက် ၊​သေနတ်ဖြင့် ပစ်သတ်သဖြင့် လူငယ်အချို့ကျဆုံးဒဏ်ရာရ ခဲ့ပြီး​နောက် ထို့​နေ့တွင်ပင် ရန်ကုန်တိုင်းစစ်​ဒေသခွဲကွပ်ကဲ​ရေးအဖွဲ့က ​နေရာ​ခြောက်​နေရာကိုတိုက်ခိုက်ခဲ့ပြီး ၊ဒီဇင်ဘာ ၆ ရက်​တွင်လည်း ​ကော့မှူးမြို့နယ်ရှိ ဝါးဘလောက်သောက် ရဲစခန်းနှင့် ခရမ်းမြို့နယ်၊ သက္ကလဘက်အထွက်ရှိ သစ်​တောဂိတ်တို့ကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ပျံလွှားအောင်” စစ်ဆင်ရေး၏ အစိတ် အပိုင်းတစ်ရပ်ကော့မှူးမြို့နယ်ရှိ ဝါးဘလောက်သောက် ရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် ရဲသားနှင့် စစ်သားများကိုယနေ့ညပိုင်းတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ကနဦးစုံစမ်းသိရှိရသည့်အခြေအနေအရ ရန်သူရဲသား ၃ ဦး သေဆုံးကာ အချို့ ထိခိုက်ဒဏ်ရာရရှိ(အသေးစိတ် စုံစမ်းဆဲ) ခဲ့​ကြောင်း ထုတ်ပြန်ထားသည်။

အလားတူခရမ်းမြို့နယ်၊ သက္ကလဘက်အထွက်ရှိ အကြမ်းဖက် ရဲသားနှင့် စစ်သားများ ပူးပေါင်း တပ်စွဲထားသည့် သစ်တောဂိတ်အား ယနေ့ ည ၈ နာရီအချိန်ခန့်တွင် ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့​ကြောင်းပါရှိသည်။ သို့​သော် စစ်​ကောင်စီတပ်ထိခိုက် သေဆုံးမှုများ ရှိသော်လည်း အသေးစိတ်ဆက်လက်စုံစမ်းဆဲ ဖြစ်​သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်အကြမ်းဖက်စစ်ကောင်စီတပ်များအပေါ် ယခုကဲ့သို့ စစ်ရေးအရ အရေးယူ ဆောင်ရွက်မှုများကို “ပျံလွှားအောင်” စစ်ဆင်ရေးလှုပ်ရှားမှုအဖြစ် ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဆက်လက် အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း သံပုံးတီးခြင်း၊ ဆန္ဒထုတ်ဖော်ခြင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးထုတ်ကုန်များကို မသုံးစွဲဘဲ သပိတ်မှောက်ခြင်းစသည့် စစ် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို အရှိန်အဟုန်မပျက်ဆက်လက်ဆောင်ရွက်ပေးကြရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်သားများကို ပံ့ပိုးကူညီခြင်း၊ ပူးပေါင်းပါဝင်ခြင်းများကို ဆက်လက် အားပေးဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်ဟုလည်း​ဖော်ပြထားသည်။

ယမန်​နေ့က ​နေရာ ၆ ​နေရာအားတိုက်ခိုက်မှုတွင် ခရမ်းမြို့နယ်အတွင်း တိုက်ခိုက်မှု၌ စစ်​ကောင်စီတပ်မှ ၃ ဦး​သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ပြီး ကျန်​နေရာများထိ့ခိုက်​သေဆုံးမှုကို စုံစမ်း​နေဆဲဟလည်းပါရှိသည်။ အာဏာသိမ်းစစ်​ကောင်စီကမူ ယမန်​နေ့ကတိုက်ခိုက်ခံရမှုများကိုသတင်းမထုတ်ပြန်ပါ ။ စစ်​ကောင်စီက၎င်းတို့၏တပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရပြီး ထိခိုက်​သေဆုံးလျှင် ထုတ်ပြန်​လေ့မရှိ​ပေ။

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။