Connect with us

Hi, what are you looking for?

သတင်း

ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်စွဲရာ နေရာတွေနဲ့အနီး မနေဖို့ KNLAအထူးတပ်ဖွဲ့ ထပ်မံ အသိပေး

အာဏာသိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်တာတွေ အခွင့်အရေးရတာနဲ့ ထပ်မံပြုလုပ်မှာဖြစ်လို့ ပြည်သူတွေအနေနနဲ့ စစ်ကောင်စီတပ်စွဲရာ နေရာတွေနဲ့ အနီးတဝိုက်မှာ နေထိုင်ခြင်းမပြုဖို့ ထပ်မံအသိပေးကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အထူးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

(ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အထူးတပ်ဖွဲ့က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - KNLA တပ်မဟာ-၄ အထူးတပ်ဖွဲ့)

ဇန်နဝါရီ-၂၈၊ ၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်တာတွေ အခွင့်အရေးရတာနဲ့ ထပ်မံပြုလုပ်မှာဖြစ်လို့ ပြည်သူတွေအနေနနဲ့ စစ်ကောင်စီတပ်စွဲရာ နေရာတွေနဲ့ အနီးတဝိုက်မှာ နေထိုင်ခြင်းမပြုဖို့ ထပ်မံအသိပေးကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အထူးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၇ရက်က KNLA အထူးတပ်ဖွဲ့ရဲ့ စစ်ဆင်ရေး တွေအကြောင်း အသိပေးချက် ထုတ်ပြန်ရာမှာ လူထုတွေကို အခုလိုထပ်မံ သတိပေးခဲ့တာဖြစ်ပါတယ်။

KNLA အထူးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပုလောမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို ၂၀၂၅ ဒီဇင်ဘာအတွင်း တိုက်ခိုက်ခဲ့တဲ့ စစ်ရေးအခြေအနေတွေ ရုပ်သံမှတ်တမ်းနဲ့တကွ ဖော်ပြခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိတွေ အပါအဝင် သေဆုံးထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၇ရက်ကနေ ၂၈ရက်အထိ စစ်ကောင်စီတပ်ကို မိုင်း၊ ဒရုန်းနဲ့ တိုက်ခိုက်မှု ၊ တိုက်ပွဲဖြစ်ပွားမှုတွေကို ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၁၇ရက် နေ့လည်က ပုလောမြို့နယ် တောင်ယာကမ်းရွာ လမ်းဆုံသို့ စစ်အင်အားဖြည့်ပြီး လှည်းကျွန်း၀ရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ KNLA အထူးတပ်ဖွဲ့ ထောင်ထားတဲ့ မိုင်းတိုက်မိပြီး အရာရှိ ၂ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီနောက် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲံရာ စစ်ကောင်စီတပ်ထိခိုက်မှု ရှိခဲ့တယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၈ရက်မှာ စစ်ကောင်စီရဲ့ ကျောင်းစုဂိတ်ကို ဗုံးသီး ၁၂လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဇန်နဝါရီ ၂၀ရက်မနက်မှာလည်း ပုလောမြို့အမှတ်(၅)ဂိတ်ကို ဗုံးသီးချ် တိုက်ခိုက်ခဲ့သလို ဇန်နဝါရီ ၂၂ရက်မှာလည်း နန်းတောင်ရွာ စစ်ကောင်စီ စခန်းဗုံးကို ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း အသိပေးပါတယ်။ ဇန်နဝါရီ ၂၃ရက် ညပိုင်းမှာလည်း ပုလောမြို့ အမှတ်(၄)ဝန်ထမ်းအိမ်ရာကို ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ဒရုန်းတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်မှု သတင်းကို စုံစမ်းဆဲဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒီဇင်ဘာ ၂၈ရက်မှာလည်း နန်းတောင်စစ်ကောင်စီ ဂိတ်စခန်း၊ ကျောက်စုဂိတ်၊ ပုလောမြို့ အမှတ်(၇)နဲ့ တောင်ယာကမ်း ရွာ စကစဂိတ်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးမှု အချို့ရှိခဲ့တယ်လို့ သိပြီး အသေးစိတ် သတင်းတွေကို စုံစမ်းနေကြောင်း ဖော်ပြထားပါတယ်။

ဒေသတွင်း လက်ရှိစစ်ရေး အခြေအနေတွေကို သိရဖို့ KNU မြိတ်ထားဝယ်ခရိုင်နဲ့ KNLA တပ်မဟာ(၄) အထူးတပ်ဖွဲ့ တာဝန်ရှိသူတွေကိုဆက်သွယ်မေးမြန်းထားဆဲပါ။

KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ လယ်မူလားမြို့နယ် (ပုလောမြို့နယ်)ကကျေးရွာတွေကို စစ်ကောင်စီကလည်း လက်နက်ကြီး ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ စစ်ကောင်စီက ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ ကျေးရွာအုပ်စုတွေကိုဒရုန်း ၊လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က ဇန်နဝါရီ ၁၁ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၀ရက်မှာ ပလောက်ကျေးရွာအုပ်စု၊ မျှစ်ချဉ်စုရွာကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲလို့ အရပ်သားပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ပုလော အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၈၅) တပ်က ဒေသတွင်း ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်လို့ ဒူးရင်းပင်ရှောင်ရွာခံ တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ခမရ(၅၅၇)တပ်သား ၂ဦး လက်နက် ၃လက်ယူလာပြီး အလင်းဝင်လာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။