Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်မြို့က စစ်တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေ စတင်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့က စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်တွေက ယမန်နေ့ မနက်အစောပိုင်းမှာ စတင်တိုက်ခိုက်နေပြီး ဒီ‌ကနေ့(ဇန်နဝါရီ၂၉ရက်)မှာတော့ အခြေအနေ ငြိမ်သက်နေပါတယ်။

(ထီးချိုင့်မြို့အတွင်း မီးလောင်နေသည်ကို ၂၀၂၄ နိုဝင်ဘာ ၁၂ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-Tigyaing Revolution)

ဇန်နဝါရီ-၂၉၊၂၀၂၆။အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့က စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်တွေက ယမန်နေ့ မနက်အစောပိုင်းမှာ စတင်တိုက်ခိုက်နေပြီး ဒီ‌ကနေ့(ဇန်နဝါရီ၂၉ရက်)မှာတော့ အခြေအနေ ငြိမ်သက်နေပါတယ်။

“ထီးချိုင့်က စစ်ကြောင်းတွေကို ပြန်တိုက်နေတာမှန်တယ်။ စစ်ရေးအခြေအနေက‌တော့ တစ်ခုမဟုတ် တစ်ခုထူး‌နေပါလိမ့်မယ်”လို့ စစ်ကိုင်းတိုင်းက PDF ရဲဘော်တစ်ဦးက ပြောပါတယ်။

ထီးချိုင့်မြို့မှာ ဇန်နဝါရီ ၂၈ရက် မနက် ၅နာရီကနေ မနက် ၈နာရီအထိ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က မြို့ထဲကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေခဲ့ပါတယ်။ ဒီနေ့မှာတော့ တိုက်ပွဲငြိမ်သက်နေပါတယ်။

ထီးချိုင့်မြို့ကို ၂၀၂၃ နိုဝင်ဘာမှာ တော်လှန်ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ဖူးပါတယ်။ စစ်ကောင်စီက မြို့ကို လေကြောင်းကနေ ဗုံးကြဲပြီး မီးရှို့လို့တော်လှန်ရေးတပ်တွေက ပြန်ဆုတ်ခွာခဲ့ပါတယ်။မြို့အနီးက ရွာတွေကိုတော့ တော်လှန်ရေးတပ်တွေက ထိန်းချုပ်ခဲ့ပါတယ်။

ထီးချိုင့်မြို့ပေါ်က ဒေသခံတွေဟာ ၂၀၂၃ နိုဝင်ဘာကတည်းက ယခုထိ နေရပ်စွန့်ခွာတိမ်းရှောင်‌နေကြရပါတယ်။

လက်ရှိမှာ ထီးချိုင့်မြို့နဲ့ ဆက်စပ်နေတဲ့ အင်းတော်မြို့ကို PDFပူးပေါင်းတပ်တွေကထိန်းချုပ်ထားပြီး ကသာနဲ့ ကောလင်းမြို့မှာလည်း စစ်ရေးတင်းမာနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။