Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

( ဗန်းမောက်မြို့ကို သိမ်းပိုက်ပြီးနောက်တွေ့ရသည့် တော်လှန်ရေးရဲဘော်များ။ ဓာတ်ပုံ-ပေးပို့)

ဇန်နဝါရီ-၃၀၊၂၀၂၆။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဗန်းမောက်မြို့ပြန်ရဖို့ကြိုးပမ်းနေတဲ့ စစ်တပ်နဲ့ ဆက်လက်ထိန်းချုပ်နိုင်ရေး ကာကွယ်နေတဲ့တော်လှန်ရေးတပ်တွေရဲ့ နှစ်ဖက်ကြားတိုက်ပွဲက နှစ်ပတ်ကျော်ကြာနေ့စဥ် ထိတွေ့မှုဖြစ်နေတာလို့ ဆိုပါတယ်။

“တိုက်ပွဲကပုံမှန်ဖြစ်နေတယ်။လေကြောင်းလာတာတော့ အရင်ရက်ကထက် နည်းသွားတယ်”လို့ ဗန်းမောက်မြို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ လေကြောင်းကနေ ရာနဲ့ချီဗုံးကြဲမှုတွေအပြီးမှာ ဗန်းမောက်မြို့ပေါ်က နေအိမ်တွေနဲ့ ဘာသာရေးအ ဆောက်အဦးအများစုမီးလောင်ပျက်စီးခဲ့ရတယ်လို့ အသိပေးပါတယ်။

အဲဒီ မီးလောင်ဆုံးရှုံးခဲ့ရမှုတွေဟာ တော်လှန်ရေးတပ်တွေလုပ်ခဲ့တာလို့ စစ်အုပ်စုနဲ့ လက်အောက်ခံ ရှမ်းနီတပ် SNAဘက်က ဝါဒဖြန့်ထားပါတယ်။

“ဗုံးကြဲလို့ အိမ်တွေပြာကျတာပဲ။ကျွန်တော်တို့ တပ်စွဲလို့မရအောင်နဲ့ သူတို့ပစ်ကွင်းရှင်းအောင်လေကြောင်းကနေ ဖိပြီးမှ ဝင်လာတာ။ဒါကိုလူထုအထင်မှာအောင် ကျွန်တော်တို့က မီးရှို့တယ်ဆိုပြီး ယိုစွပ်တာပါပဲ”လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

ဗန်းမောက်မြို့ရဲ့ လွှစင်ကုန်း၊မြနန္ဒာ၊မြို့မနဲ့ အောင်သာကုန်း ရပ်ကွက် လေးခုထဲက မြို့အနောက်ဘက်ခြမ်းမှာရှိတဲ့ လွှစင်ကုန်းနဲ့ မြနန္ဒာရပ်ကွက်တွေကို စစ်အုပ်စုပြန်ရထားတာလို့ သိရပါတယ်။

စစ်တပ်ရဲ့ ဗန်းမောက်မြို့ထိုးစစ်မှာ ရှမ်းနီပြည် သူ့စစ်အပြင် စစ်တပ်ရဲ့တပ်မ(၃၃)၊ တပ်မ(၇၇) တက်ရင်းတွေပါတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ် တွေက ပြောပါတယ်။

စစ်တပ်ဟာ ဗန်းမောက်မြို့ကို ပြန်ရဖို့ ၂၀၂၅ အောက်တိုဘာ လကတည်းက မြို့အနောက်ဘက်ခြမ်းကနေ အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့ပေမယ့် ထိခိုက်မှုတွေများတာကြောင့် စစ်ကြောင်းတစ်ခု အစားထိုးရတဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စစ်တပ်ရဲ့ တပ်မ နှစ်ခုလက်အောက်ခံတပ်ရင်းတွေကို အားဖြည့်ပြီးတဲ့နောက် အခု ဇန်နဝါရီ ၁၅ ရက်ကစပြီး ဗန်းမောက်မြို့တွင်းကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။

ဗန်းမောက်မြို့ကို အမှတ်(၁)စစ်ဒေသကွပ်ကဲမှုနဲ့ ပြီးခဲ့တဲ့ လွန်ခဲ့တဲ့လေးလ ၂၀၂၅ စက်တင်ဘာ ၂၀ရက်က သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဗန်းမောက်မြို့အပါအဝင် စစ်ကိုင်းတိုင်းအထက်ပိုင်းက ထီးချိုင့်မြို့မှာလည်း တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။ဒါ့အပြင် ကသာနဲ့ ကောလင်းမြို့မှာလည်း စစ်ရေးတင်းမာနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။