Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်နဲ့ ဖားကန့်တိုက်ပွဲ ဆက်လက်ပြင်းထန်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နဲ့ ဖားကန့်မြို့နယ်တွေမှာ ဒီကနေ့တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီးစစ်တပ်ဘက်က သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

ဖေဖော်ဝါရီ-၅၊၂၀၂၆။ဆန်အောင်/People’s Spring

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နဲ့ ဖားကန့်မြို့နယ်တွေမှာ ဒီကနေ့တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီးစစ်တပ်ဘက်က သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

ဖေဖော်ဝါရီ လဆန်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ ၀ိုင်းမော် လမြန်ဒေသမှာ ဖေဖော်ဝါရီ ၅ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေ၊ လက်နက်တွေ ရခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးထားပါတယ်။

စစ်တပ်စစ်ကြောင်း နောက်ပြန်ဆုတ်သွားပြီး လက်နက်ကြီးရမ်းသန်းပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ဝိုင်းမော်လမြန်ဒေသနဲ့ မိုင်းနားဒေသက စစ်ကောင်စီတပ်စခန်းနေရာ ၄ ခုထက်မနည်းကို KIA ပူးပေါင်းတပ်က ​ဖေ​ဖော်ဝါရီလဆန်းမှာသိမ်းပိုက်ခဲ့တဲ့အပေါ် စစ်တပ်က တန်ပြန်ထိုးစစ် ဆင်လာလို့ တိုက်ပွဲတွေပြင်းထန်နေတာပါ။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ အထိနာတဲ့ စစ်တပ်ဟာ ဖေဖော်ဝါရီ ၄ရက်ညနေပိုင်းမှာ၀ိုင်းမော်၊ရွှေညောင်ပင် ရွာကို လေကြောင်းဗုံးကြဲခဲ့လို့ ကားဝပ်ရှော့ထိမှန်ပြီး အရပ်သား ၁ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ကား ၁၅စီး၊ဆိုင်ကယ် ၁၅စီးလည်းမီးလောင်ပျက်စီးခဲ့ပါတယ်။

ဖားကန့်မြို့နယ်မှာလည်း စစ်တပ်ကထိုးစစ်ဆင်နေလို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးဖေဖော်ဝါရီ ၅ရက် မရှိကထောင် ဆုတောင်းတောင်ထိုးစစ်မှာ ဦးဆောင်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းမှူး ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ်ရတဲ့ အနေအထားဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပြပါတယ်။

ဒါ့အပြင်မရှိကထောင် ဒေသ ရေအေးချောင်ဖက် တိုက်ပွဲမှာ စစ်တပ်ဒရုန်း ၁စီးကို KIA ပူးပေါင်းတပ်က ပစ်ချခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ရုပ်သံမှတ်တမ်းတွေနဲ့အတူ ဖော်ပြပါတယ်။စစ်တပ်ဒရုန်းကို စနိုက်ပါနဲ့ ပစ်ခဲ့သလို ၊ဂျန်ဘာနဲ့ပါငြိပြီးပျက်ကျခဲ့တယ်လို့ ရုပ်သံမှာပါတဲ့ တော်လှန်ရေးရဲဘော်က ပြောကြားတာကို ကြားရပါတယ်။

“လေထီးလေးနဲ့ လှတယ်။ မိုင်းပါမယ်နော် မိုင်းပါသေးလား ကြည့်အုံး။ မိုင်းမပါတော့ဘူးကောက်မယ် ကောက်မယ်။ ..။ ဟေ့ရောင် မိုင်းတလုံးပါသေးတယ်။ မိုင်းပါတယ်နော် ဝပ်နေ ဝပ်နေ။ စနိုက်ပါတော်တယ် စနိုက်ပါလက်ချက်နဲ့”လို့ တော်လှန်ရေးရဲဘော်က ပြောတာကို​တွေ့ရပါတယ်။

ဖားကန့်မှာ စစ်တပ်က အရာရှိ အပါအဝင် သေဆုံးထိခိုက်တွေများပြားနေပြီး စစ်တပ်ဘက်ကလည်း လက်နက်ကြီးရမ်းသန်းပစ်ခတ်တာတွေဆက်တိုက်လုပ်​နေပါတယ်။

ရုပ်သံ-Lung Jung La N

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်‌ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။