Connect with us

Hi, what are you looking for?

သတင်း

သံတွဲမြို့ကို စစ်ကောင်စီ ဗုံးကြဲ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သံတွဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးကြဲသွားတာကြောင့်နေအိမ် ၉လုံးပျက်စီးပြီး ဒေသခံ၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၅ ဇွန်လ ၉ရက်က လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားတဲ့ သံတွဲမြို့ အမှတ်(၈) ရပ်ကွက်၊ ကျောက်ကြီးရွာ အထက်တန်းကျောင်းကို တွေ့ရပုံ။ ဓာတ်ပုံ - APM

ဖေဖော်ဝါရီ-၈၊၂၀၂၆။အိမ်သွင်/People’s Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့သံတွဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးကြဲသွားတာကြောင့်နေအိမ် ၉လုံးပျက်စီးပြီး ဒေသခံ၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၈ရက် နေ့လည် ၁နာရီခွဲခန့်မှာ ဗုံးကြဲသွားတာလို့ ရခိုင်ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

“အိမ်တွေတော်တော်ကိုပျက်စီးသွားတာ။သံတွဲကိုပစ်မှတ်ထားပြီး လက် နက်ကြီးခဏခဏပစ်တာ။ ဒီနေ့က ဖိုက်တာဝဲပြီးပစ်တာ။ မြို့ခံတွေမနေရဲအောင် လုပ်တာနေမယ်”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရတဲ့သူ နှစ်ဦးအနက် တစ်ဦးက ဦးခေါင်းထိခိုက်မှုပြင်းထန်တယ်လို့ သိရပါတယ်။

အောက်တိုဘာ၂၉ရက်ညကလည်းသံတွဲမြို့နယ်၊ငပလီမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ် ၃ဦးအပါအဝင် ၉ဦးသေဆုံးပြီး ၂၃ဦး ဒဏ်ရာရခဲ့ပါတယ်။

၂၀၂၅ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညကလည်း စစ်တပ်က သံတွဲမြို့အမှတ် (၁)ရပ်ကွက်ကိုဗုံးကြဲခဲ့လို့ နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ ရှေး
ဟောင်းနေအိမ်တချို့ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံ ၃ဦး ဒဏ်ရာရရှိပါတယ်။

ရေတပ်စခန်းရှိတဲ့သံတွဲမြို့ကို ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ AAက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်ကသံတွဲမြို့ကို လေကြောင်းအပြင် ရေတပ်သင်္ဘောတွေပေါ်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေလို့ လုံခြုံရေးသတိပြုကြဖို့ AA က သတိပေးချက် ထုတ်ပြန်ထားခဲ့ပါတယ်။

(၂၀၂၅ ဇွန်လ ၉ရက်က လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားတဲ့ သံတွဲမြို့ အမှတ်(၈) ရပ်ကွက်၊ ကျောက်ကြီးရွာ အထက်တန်းကျောင်းကို တွေ့ရပုံ။ ဓာတ်ပုံ – APM)

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။