Connect with us

Hi, what are you looking for?

သတင်း

ကိုး​တောင်ဘို့စခန်း စစ်​ကြောင်းထိုးတဲ့ စစ်တပ်စစ်​ကြောင်းကို တော်လှန်​ရေးတပ်​တွေတိုက်လို့ စစ်​ကြောင်းပျက်

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်မှာ စစ်ကောင်စီ တပ် စစ်ကြောင်းလိုက်​ချေမှုန်းခံရပြီး စစ်သုံ့ပန်း နဲ့ လက်နက်တွေရရှိတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

ကိုး​တောင်ဘို့ စခန်းကို PDF ​တွေက ​ဖေ​ဖော်ဝါရီ လဆန်းပိုင်းမှာသိမ်းပိုက်ပြီး​တွေ့ရစဥ်။ဓါတ်ပုံ-CJ

ဖေဖော်ဝါရီ-၁၀၊၂၀၂၆။ဇော်ဝင်း/People’s Spring

စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်မှာ စစ်ကောင်စီ တပ် စစ်ကြောင်းလိုက်​ချေမှုန်းခံရပြီး စစ်သုံ့ပန်း နဲ့ လက်နက်တွေရရှိတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

ကောလင်းနဲ့ကန့်ဘလူမြို့နယ်အစပ်က ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ခဲ့တဲ့ ကိုးတောင်ဘို့ စခန်းဆီတန်ပြန်ထိုးစစ်ဆင်လာတဲ့ ကောလင်းမြို့နယ်က စစ်တပ် စစ်ကြောင်းကို​ ​တော်လှန်​ရေးတပ်​တွေကဖေ​ဖော်ဝါရီလ ၇ ရက်နေ့မှာ တိုက်ခိုက်ခဲ့တာပါ။

“မနက်အစောကတည်းကစဖြစ်တာ။ရင်း ၂ တပ်စိတ်ကင်းပေါက်ပြီးရဲဘော်နှစ်ဦးကျတယ်။နောက်တော့ အဲဒီနေ့တနေကုန်တိုက်ပွဲ ဖြစ်ပြီးစစ်တပ် စစ်ကြောင်းအကုန်ပြုတ်သွားတယ်။လက်နက်တွေရော သုံ့ပန်းတွေရော အကုန်လုံးနီးပါးရလိုက်တယ်”လို့ ဖြစ်စဥ်ကို သိရှိတဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကောလင်းမြို့နယ်က အခြားစစ်ရေးသတင်းရင်းမြစ်နှစ်ဦးကလည်း စစ်တပ်စစ်ကြောင်းလိုက် ချေမှုန်းခံရတာနဲ့ပတ်သက်ပြီး လူထုနွေဦးကို အတည်ပြုပါတယ်။

“အင်အားက ၂၀၀ ကျော်တယ်။ကိုးတောင်ဘို့ ပြန်ရဖို့တိုးလာတာ။အကုန်ရလိုက်တယ်”လို့ကောလင်း မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ကျေးရွာ ကိုတော့လုံခြုံရေးအရလတ်တလောမဖော်ပြဖို့သတင်းရင်းမြစ်တွေက တောင်းဆိုပါတယ်။

ဒါ့အပြင် စစ်တပ်စစ်ကြောင်းချေမှုန်းခံရတာနဲ့ပတ် သက်လို့ သက်ဆိုင်ရာစစ်ဒေသက ထုတ်ပြန်ဖို့ရှိတယ်လို့ အသိပေးပါတယ်။

လက်ရှိကောလင်းမြို့နယ်ရဲ့အရှေ့ခြမ်း၊အနောက်ခြမ်း တွေမှာလည်း စစ်တပ်နဲ့ကာကွယ်ရေးတပ်တွေ ကြား နှစ်ဖက်တိုက်ပွဲတွေက ပြင်းထန်နေပြီး နေ့စဥ် လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ကောလင်းမြို့နယ် အနောက်ပိုင်းက ကျောက်ကာရွာအနီးမှာစစ်တပ်ကတပ်ကြပ်ကြီးတဦးကို​ဖေဖော်ဝါရီလ၇ရက်မနက်ပိုင်းမှာတော်လှန်ရေးအဖွဲ့တွေက ဖမ်းဆီးမိတယ်လို့ ကောလင်းတော် လှန်ရေး( Kawlin Revolution KR) က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြို့နယ်အရှေ့ဘက်ခြမ်းက သစ်ဖုလ စခန်းကုန်းကို ကာကွယ်ရေးတပ်တွေက ပြီးခဲ့တဲ့ နှစ်လဝန်းကျင်က သိမ်းပိုက်ခဲ့တဲ့နောက် ဝန်သို အခြေစိုက် စစ်တပ် တပ်ရင်းတွေနဲ့ ပြန်ပြီး ထိုးစစ်ဆင်နေလို့ ထိတွေ့မှုတွေ ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook