Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်နဂါးတပ်ထုတ်ပေးထားတဲ့ လက်နက်၊ ခဲယမ်းတွေ ကိုင်ဆောင်ထားတဲ့ရဲဘော်တွေ အမြန်ဆုံး လာရောက်အပ်နှံကြဖို့ မုံရွာခရိုင် ပကဖ ထုတ်ပြန်

မုံရွာခရိုင်အတွင်းမှာ ဗိုလ်နဂါးတပ် BNRAအဖွဲ့က ထုတ်ပေးထားတဲ့ လက်နက်၊ ခဲယမ်းတွေကိုင်ဆောင်ထားတဲ့ ရဲဘော်

(၂၀၂၄ မေလအတွင်းက ပြုလုပ်တဲ့ BNRA အပတ်စဥ် - ၁ သင်တန်းဆင်းပွဲ။ ဓာတ်ပုံ-BNRA)

ဖေဖော်ဝါရီ-၂၀၊၂၀၂၆။အိမ်သွင်/People’s Spring

မုံရွာခရိုင်အတွင်းမှာ ဗိုလ်နဂါးတပ် BNRAအဖွဲ့က ထုတ်ပေးထားတဲ့ လက်နက်၊ ခဲယမ်းတွေကိုင်ဆောင်ထားတဲ့ ရဲဘော်တွေအနေနဲ့ အမြန်ဆုံးလာရောက်အပ်နှံကြဖို့ မုံရွာခရိုင်ပကဖ ဦးစီးအဖွဲ့က ထုတ်ပြန်ပါတယ်။

မုံရွာ၊ အရာတော်၊ ချောင်းဦးနဲ့ ဘုတလင် မြို့နယ် တွေက ဒေသကာကွယ်ရေးအဖွဲ့တချို့ကို BNRA အဖွဲ့က လက်နက်ခဲယမ်းနဲ့ ကျည်တွေထုတ်ပေးထားတာပါ။

အဲဒီ လက်နက်၊ ခဲယမ်း၊ ကျည်နဲ့ဆက်စပ်ပစ္စည်းတွေကို အမြန်ဆုံးလာရောက် အပ်နှံဖို့၊ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေါင်နှံခြင်း၊ဖျောက်ဖျက်ခြင်း၊ ဖျက်ဆီးခြင်း၊ ပုံဖျက်ခြင်းတွေ မပြုလုပ်ဖို့နဲ့ ညွန်ကြားချက်ကို မလိုက်နာရင်ပြင်းထန်စွာ အရေးယူခံရမယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၂၀ရက်မှာ ထုတ်ပြန်တာပါ။

Public Service Announcement

Public Service Announcement

မုံရွာ၊ အရာတော်၊ ချောင်းဦးနဲ့ ဘုတလင် မြို့နယ် တွေက ရပ်ကျေး၊တိုက်နယ် ပကဖ၊ပအဖအဖွဲ့တွေအနေနဲ့လည်း ဒေသတွင်းမှာ BNRAအဖွဲ့နဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်၊အဖွဲ့အစည်းတွေရှိရင် မုံရွာခရိုင် ပကဖ ဦးစီးအဖွဲ့နဲ့ မြို့နယ်ပကဖ တာဝန်ခံတွေထံ အကြောင်းကြားဖို့ ညွှန်ကြားထားပါတယ်။

BNRAရဲ့ အင်အားစာရင်း၊ လက်နက်ခဲယမ်း၊ကျည်၊ ဆက်စပ်ပစ္စည်းစာရင်းတွေကို ဖေဖော်ဝါရီ ၂၅ရက် နောက်ဆုံးထားပြီး မုံရွာခရိုင် ပကဖ ဦးစီးအဖွဲ့ထံ ပြုစုတင်ပြဖို့လည်း ညွှန်ကြားထားပါတယ်။

BNRA ရဲဘော်တွေ၊ BNRA လက်အောက်ခံအဖွဲ့အစည်းက ရဲဘော်တွေအနေနဲ့ ပြစ်မှုမရှိရင် တော်လှန်ရေးမှာ ဆက်လက်ပါဝင်ဖို့ ဖိတ်ခေါ် ထားပြီး ပြစ်မှုရှိသူတွေကို စစ်ဆေး၊ ဖော်ထုတ်၊ အပြစ်ပေး၊ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုလဲမြို့နယ်မှာရှိတဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့စခန်းအချို့ကို ယင်းမာပင်ခရိုင်က PDF တပ်ရင်းတွေက ဖေဖော်ဝါရီ ၁၇ရက်မနက်ပိုင်းမှာ စီးနင်းခဲ့ပြီး တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၈ရက်မှာ ဗိုလ်နဂါးက စစ်တပ်ထံအလင်းဝင်ခဲ့လို့ စစ်တပ်က ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်သွားပါတယ်။BNRAအဖွဲ့မှာ တပ်ဖွဲ့ဝင် ၄၀၀ နီးပါးရှိနိုင်ပြီး PDFနဲ့ ပကဖတွေထံ အလင်းဝင်သူတွေရှိသလို ထွက်ပြေးနေတာတွေလည်း ရှိပါတယ်။

မုံရွာခရိုင်ဟာ ပုလဲမြို့နယ်ပါဝင်တဲ့ယင်းမာပင်ခရိုင်နဲ့ ဆက်စပ်နေပါတယ်။ ‌ဗိုလ်နဂါးက ဒေသကာကွယ်ရေးခေါင်းစဉ်နဲ့ ရွာတွေက လူငယ်တွေကို လက်နက်တွေ ထုတ်ပေးထားပါတယ်။

ယင်းမာပင်ခရိုင်ထဲမှာ BNRAက ထုတ်ပေးထားတဲ့ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ရဲဘော် တွေအနေနဲ့ ခရိုင်/မြို့နယ်ပကဖ အဖွဲ့တွေကို ချိတ်ဆက်ပြီး လက်နက်တွေနဲ့ဆက်စပ်ပစ္စည်းတွေအပ်နှံကြဖို့ ယင်းမာပင်ခရိုင်ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ဖျောက်ဖျက်ထားခြင်း၊ ဖျက်ဆီးခြင်းမပြုလုပ်ဖို့နဲ့ စစ်ဆေးပေါ်ပေါက်ရင် ပြင်းထန်စွာအရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

BNRAအဖွဲ့ မှာ ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့ တပ်ဖွဲ့ဝင်တွေကို ၎င်းတို့ စိတ်ဆန္ဒရှိပါက ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ ဖြစ်စေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှာ ဖြစ်စေ ပူးပါင်းပြီး တော်လှန်ရေးမှာ ဆက်လက်ပါဝင်တိုက်ပွဲဝင်နိုင်ဖို့ စီစဉ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

ဗီဒီယို

မတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မုံရွာမြို့ ရှိ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ် (နမခ)တပ်အတွင်းသို့ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂၊ တပ်ရင်း - ၂ တပ်ခွဲ - ၄ Fight...

သတင်း

"မိုင်းဆင်သွားရင်း စစ်​ကောင်စီတပ်ရဲ့ ကင်းပုန်း​တွေနဲ့​တွေ့ပြီး အသတ်ခံလိုက်ရတာ ။ ရဲ​ဘော်နှစ်​ယောက်လုံးက ​အသက်ငယ်​ပေမယ့်​​တော်လှန်​ရေးမှာအ​​​တော်အားကိုးရတဲ့ ရဲ​ဘော်​တွေပါ"ဟု ပြန်ကြား​ရေးတာဝန်ခံက ​ပြောသည်။

News

မုံရွာခရိုင်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ မုံရွာအမှတ် (၂) ရဲစခန်းနှင့် ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းများသည် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ခုခံတိုက်ခိုက်မှု မကြာခဏ ခံရလေ့ရှိသည်။