Connect with us

Hi, what are you looking for?

News

ရဲများအနေဖြင့် ပြည်သူကို ဆက်လက်ဒုက္ခပေးနေပါက ရှင်းလင်းသုတ်သင်မည်ဟု မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ် သတိပေး

မုံရွာခရိုင်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ မုံရွာအမှတ် (၂) ရဲစခန်းနှင့် ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းများသည် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ခုခံတိုက်ခိုက်မှု မကြာခဏ ခံရလေ့ရှိသည်။

(ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အာဏာသိမ်းစကာလက ရန်ကုန်မြို့တွင် အေးချမ်းစွာ ဆန္ဒပြနေသောပြည်သူများအား ပစ်ခတ်ဖမ်းဆီးရုံမက လှောင်ပြောင်နေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းရှိ မုံရွာအမှတ်(၂)ရဲစခန်းနှင့် ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းမှ ရဲများအပါအဝင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူကို ဆက်လက်ဒုက္ခပေးနေမည်ဆိုပါက ရှင်းလင်းသုတ်သင်သွားမည်ဖြစ်ကြောင်း မုံရွာခရိုင် တပ်ရင်း (၂)၊(၃)၊ (၄) (Chindwin Attack Force)က သတိပေးကြေညာသည်။

မုံရွာခရိုင် တပ်ရင်း ၂၊ ၃၊ ၄ (Chindwin Attack Force)က ယနေ့ (ဧပြီ ၂၃ ရက်)တွင် ရဲတပ်ဖွဲ့ဝင်များနှင့်ပတ်သက်၍ သတိပေးစာတစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါကြေညာချက်တွင် အာဏာရူးသည့် လူတစ်စုကြောင့် ဖြစ်ပေါ်လာသည့် စနစ်ဆိုးအဖြစ်ဆိုးများကြားတွင် ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရမည့် ပြည်သူ့ရဲက အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်လုပ်ပြီး အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများပြုလုပ်ကာ ရမ်းကားလျက်ရှိကြောင်း Chindwin Attack Forceက အသိပေးသည်။

“ကိုယ့်လူမျိုးအချင်းချင်း သတ်ဖြတ်ခြင်းကို မလုပ်ချင်ပါ။ ဒါပေမယ့် ပြည်သူကကျွေးတဲ့ထမင်းကိုစားပြီး ပြည်သူ့အသံကို နားမထောင်ဘဲ ကိုယ်ချင်းစာတရားကင်းမဲ့စွာ အာဏာရူးစစ်ခွေးတစ်သိုက်ရဲ့ ခိုင်းစေမှုအောက်မှာ ပျော်မွေ့ပြီး ပြည်သူကို ဒုက္ခဆက်ပေးနေမည်ဆိုပါက ရှင်းလင်းသုတ်သင်သွားမည်။”ဟု သတိပေးကြေညာချက်တွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

မုံရွာခရိုင်အတွင်းရှိ ညောင်ပင်ကြီးရဲစခန်း၊ မုံရွာအမှတ် (၂)ရဲစခန်းများကိုလည်း ၂ကြိမ်တိုင် သတိပေးထားပြီးဖြစ်ကြောင်း၊ ပြည်သူ့ရဲဆိုလျှင် ပြည်သူနှင့်အမြန်ပူးပေါင်းရန်နှင့် အကယ်၍ ပြည်သူနှင့်မပူးပေါင်းဘဲ ခွေးနှင့်ပေါင်းပြီး ခွေးဇာတ်ခင်းနေပါက ပြည်သူအားလုံးကိုယ်စား အမြစ်ပြတ်ချေမှုန်းသွားမည်ဖြစ်ကြောင်း နောက်ဆုံးအကြိမ်အဖြစ် ပြင်းပြင်းထန်ထန်သတိပေးလိုက်ကြောင်း Chindwin Attack Force၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မုံရွာခရိုင်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ မုံရွာအမှတ် (၂) ရဲစခန်းနှင့် ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းများသည် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ခုခံတိုက်ခိုက်မှု မကြာခဏ ခံရလေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။