Connect with us

Hi, what are you looking for?

သတင်း

မိုးမောက်မြို့နယ်ကို စစ်ကောင်စီ ဗုံးကြဲလို့ ကလေးငယ် တစ်ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်က မြို့သစ်ကျေးရွာကို စစ်ကောင်စီက ဒီကနေ့ ဖေဖော်ဝါရီ ၂၃ရက် နေ့လည်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ် တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

(မိုးမောက်မြို့နယ်က မြို့သစ်ကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ − CJ)

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်က မြို့သစ်ကျေးရွာကို စစ်ကောင်စီက ဒီကနေ့ ဖေဖော်ဝါရီ ၂၃ရက် နေ့လည်ပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ ကလေးငယ် တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

ကချင်ဒေသ နေရာအများအပြားမှာ အရပ်သား ပစ်မှတ်တွေကို အဓိကတိုက်ခိုက်မှု ဆက်တိုက်လုပ်နေတဲ့ စစ်ကောင်စီက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မိုးမောက်မြို့နယ်ကို ဗုံးကြဲတိုက်ခိုက်မှု ထပ်မံ လုပ်ဆောင်လာတာဖြစ်ပါတယ်။

” ထိခိုက်သူက ကလေးတယောက်ထိတယ်ဗျ။ များလား နည်းလားတော့ မသိလိုက်ရဘူး လိုင်ဇာ ဆေးရုံသယ်သွားပြီ”လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြားသတင်းရင်းမြစ်တဦးကလည်း “ရွှေဖောင်တွေမှာ လာကြဲသွားတာ။ ၇တန်း ကလေးတယောက် အဲဒီနားလေးမှာ ဆော့နေတာ သစ်ပင်နားမှာ ထိတော့ ထိသွားတယ်”လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

အခု ဗုံးကြဲခံရတဲ့နေရာဟာ ရွှေဖောင်လုပ်ငန်း လုပ်ကိုင်ရာ နေရာဖြစ်တယ်ဆိုတာကိုလည်း ဒေသခံက ပေးပို့တဲ့ ရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။ ဒါ့အပြင် လေကြောင်း တိုက်ခိုက်မှု အပြီး စစ်ကောင်စီ ဗုံးအပိုင်းအစတွေ ကိုလည်း ရုပ်သံမှာ တွေ့ရပါတယ်။

” ဒါ လူထိရင်တော့ မနည်းပါလား” လို့ ရုပ်သံထဲမှာ ဒေသခံက ပြောဆိုနေသံကိုလည်း ကြားရပါတယ်။

စစ်ကောင်စီဟာ ကချင်ဒေသ ပြည်သူတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေလို့ လေကြောင်းရန် နားစွန့်ပြီး ဂရုစိုက်ကြဖို့ KIA က နှိုးဆော်ထားသလို ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)ကလည်း လေကြောင်းရန် ကာကွယ်ရေး အထူးဂရုစိုက်ဖို့ တိုက်တွန်းပါတယ်။

“ဒါကြောင့် ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်နေပါတယ်။ အဓိကအားဖြင့် အရေးပေါ် ဆေးဝါး၊ အရေးကြီး စာရွက်စာတမ်းများနှင့် ပေါ့ပါးသည့် ရိက္ခာခြောက်များကို အလွယ်တကူ ယူဆောင်နိုင်ရန် အသင့်ပြင်ဆင်ထားကြပါ”လို့ KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့က ပြောပါတယ်။

ဒါအပြင် မပေါက်ကွဲသေးတဲ့ လက်နက်ခဲယမ်းများတွေ့ပါက ကိုင်တွယ်ခြင်း လုံး၀ မပြုဘဲ နီးစပ်ရာ အဖွဲ့အစည်းတွေထံ အမြန်အကြောင်းကြားဖို့လည်း နှိုးဆော်ထားပါတယ်။

“ နောက်ဆုံးအနေဖြင့် အထူးမှာကြားလိုသည်မှာ ပြည်သူများအနေဖြင့် လူစုလူဝေးရှိသော နေရာများကို တတ်နိုင်သမျှ ရှောင်ရှားကြရန် အလွန်ပင် အရေးကြီးကြောင်း သတိပေး နှိုးဆော်အပ်ပါတယ်ဗျာ” ဟု ကိုဂျေကော့က ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။