Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့အပြင်မှာ တိုက်ပွဲဖြစ်နေ

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့အပြင်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

(ဗန်းမောက်မြို့တိုက်ပွဲအတွင်း ပျက်စီးသွားသော စားသောက်ဆိုင်တစ်ဆိုင်။ ဓာတ်ပုံ - ဗန်းမောက်မြို့)

ဖေဖော်ဝါရီ-၂၄၊၂၀၂၆။မိုမို/Peoples Spring

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့အပြင်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

​စစ်ကောင်စီတပ်က ဗန်းမောက်မြို့ပြန်ရပြီးနောက်ပိုင်း မြို့အပြင်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတွေကို ဆက်ပြီးထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

“မြို့အရှေခြမ်းကို တက်နေတာ။အောင်ကမ္ဘာသိန်းထိရောက်လာတယ်”လို့ ဗန်းမောက် မြို့နယ် ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့သစ်(SNA)ရဲ့ထိုးစစ်ဟာ ဗန်းမောက်နဲ့ အင်တော်မြို့နယ်ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းကိုပါ ဖြတ်တောက်ဖို့ကြိုးစားနေတယ်လို့ သိရပါတယ်။

“တနေရာသိမ်းမယ့်ရည်ရွယ်ချက်ရှိရင် လေ ကြောင်းလာတော့တာပဲ။ထိတွေ့မှုကတော့ ဒီရက်ပိုင်းဆက်တိုက်ပဲ”လို့ ဗန်းမောက်မြို့နယ်မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

တော်လှန်ရေးတပ်တွေက ၅လဝန်းကျင်(၁၄၂ ရက်)ကြာ ဗန်းမောက်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် စစ်တပ်နဲ့ ရှမ်းနီပြည်သူ့စစ် SNAရဲ့ ထိုးစစ် ကြောင့် ဖေဖော်ဝါရီ ၈ ရက်မှာ မြို့ပေါ်ကနေ ဆုတ်ခွာပေးခဲ့ရပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်က ဗန်းမောက်မြို့ကို အမှတ်(၁)စစ်ဒေသကွပ်ကဲမှုနဲ့ ပြီးခဲ့တဲ့ ၂၀၂၅ စက်တင်ဘာ ၂၀ရက်က သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ ဗန်းမောက်မြို့က ဗျူဟာကုန်း၊ အောင်သာကုန်းရွာစခန်းကုန်း၊ လွှစင်ကုန်းဘုန်း ကြီးကျောင်း၊ ဗန်းမောက်မြို့မစာသင်ကျောင်း၊ ဗန်းမောက်မြို့ရဲစခန်း၊ မြနန္ဒာဘုန်းကြီးကျောင်း၊ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းကျောင်း (နတလ) တွေမှာ စစ်တပ်နဲ့ ရှမ်းနီတပ်တွေ တပ်စွဲထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။