Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမှာ ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်၊ စစ်တပ် Y12နဲ့ ချပေးတဲ့ ခဲယမ်းထုပ်အချို့ ချင်းတပ်ဖွဲ့သိမ်းရ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဆက်ရှိနေပြီး စစ်ကောင်စီ လေကြောင်းက ချပေးတဲ့ ခဲယမ်းထုပ်အချို့ သိမ်းရရှိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားများကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

စစ်ကောင်စီ Y12 လေယာဉ်နဲ့ ချပေးတဲ့ ခဲယမ်းတွေကို ချင်းတပ်သိမ်းရစဉ်။ ဓာတ်ပုံ − Chin National Defense Force

မတ် ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဆက်ရှိနေပြီး စစ်ကောင်စီ လေကြောင်းက ချပေးတဲ့ ခဲယမ်းထုပ်အချို့ သိမ်းရရှိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားများကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

စစ်ကောင်စီက Y12 လေယာဉ်နဲ့ ချပေးတဲ့ ခဲယမ်းထုပ်တွေရရှိခဲ့ကြောင်း CNDFက မတ်လ ၃ရက်မှာ ချင်းဘာသာနဲ့ ထုတ်ပြန်ထားတဲ့အပေါ် ဆလိုင်းတင်မီက အခုလို ပြောပြတာပါ။

“ဒါကတော့ ပုံမှန်အခြေအနေပါပဲ။ Y12နဲ့ ပစ္စည်းတွေ ချတယ်ဆိုတာတော့ သူတို့လည်း မတိကျဘူးလေနော်။ ကျနော်တို့ဘက် ကျလာတဲ့အခါ ကျနော်တို့ရတဲ့သဘောပါပဲ။နေ့တိုင်း ထိတွေ့မှု အသေးစားတွေတော့ ရှိနေပါတယ်”လို့ ဆလိုင်းတင်မီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ ချင်းမြောက်ပိုင်း ဖလမ်းမြို့အပါအဝင် ဒေသတွင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ၂၀၂၅ နိုဝင်ဘာ လဆန်းမှာ ထပ်မံ ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။ စစ်ကောင်စီက အင်အားအများအပြား အသုံးပြု ထိုးစစ်ဆင်နေပေမယ့် ဖလမ်းမြို့ကို မရောက်သေးဘဲ သိုင်းငင်းနဲ့ ဖလမ်းကြား၊ ဝေဘူလနဲ့ ဖလမ်းကြား မှာ ချင်းပူးပေါင်းတပ်ဖွဲ့ရဲ့ ခုခံတိုက်ခိုက်မှုခံရကာ ရှေ့မတိုင်းနိုင်ဖြစ်နေတာပါ။

စစ်ကောင်စီဟာ ကလေး-ဖလမ်းလမ်းကြောင်းစိုးမိုးနိုင်ရေးအတွက် တပ်မ (၇၇) လက်အောက်ခံ တပ်ရင်းများမှ ထုတ်နုတ်စုဖွဲထားတဲ့ တပ်ရင်း (၉) ရင်း၊ အင်အားထောင်ချီ အသုံးပြုကာ ဖလမ်းမြိုသို ဦးတည် ထိုးစစ်ဆင်နေတာ ဖြစ်ပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်ဖွဲဝင် ၂၀၀ ကျော်ရှင်းလင်းနိုင်ခဲ့ကာ လက်နက်ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းရသလို စစ်သုံပန်းတွေ ဖမ်းမိတာရှိခဲ့တယ်လို့ ချင်းပြည်ကောင်စီ ကာကွယ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ မြေပြင် ဝေဟင် သာလွန်အင်အားနဲ့ ဆက်တိုက် ထိုးစစ်ဆင်နေပေမယ့် ကျဆုံးဒဏ်ရာများပြားလို စစ်ကူတွေ စေလွှတ်နေတယ်လိုလည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ၂၀၂၅ အောက်တိုဘာလကုန်မှာ ကလေးကနေ စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာသလို ချင်းမြောက်ပိုင်း တီးတိန်မြိုကို ရဟတ်ယာဉ်တွေနဲ့ အကြိမ်ပေါင်းများစွာ စစ်အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်လာလို ချင်းပြည်ကောင်စီ၊ ချင်းညီနောင်အဖွဲ့ဝင် ကာကွယ်ရေးတပ်ဖွဲတွေက ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။

၂၀၂၆ ဇန်နဝါရီမှာ ကလေးမြိုကနေ စစ်ယာဉ်တန်းနဲ့ စစ်ကောင်စီ အင်အား ၂၀၀ ကျော်ကို ဖလမ်းတိုက်ပွဲ စစ်ကူ ပို့ဆောင်ခဲ့ကြောင်း ချင်းညီနောင်က အသိပေးထားပါတယ်။ အဲဒီ စစ်ကူတပ်ကိုလည်း ချင်းတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် သေဆုံးထိခိုက်မှုတွေ ရှိခဲ့တယ်လို ချင်းညီနောင် သတင်းရင်းမြစ်တဦးက ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။