Connect with us

Hi, what are you looking for?

သတင်း

နျူကလီးယားဓာတ်သတ္တုတွေရောင်းချဖို့ ကြိုးစားကြောင်းစွပ်စွဲခံရတဲ့ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင်ကိုထောင်နှစ် ၂၀ ကျ

မြန်မာနိုင်ငံကရတဲ့ ယူ​ရေနီယံနမူနာကိုပြပြီး ​ရောင်းချဖို့ကြိုးစားခဲ့

မတ်-၄၊၂၀၂၆။People’s Spring

နျူကလီးယား ဓာတ်သတ္တု ပစ္စည်းတွေ တရားမဝင် ရောင်းချဖို့ ကြိုးစားခဲ့ကြောင်းစွပ်စွဲ ခံထားရသူ ဂျပန် ယာကူဇာ ဂိုဏ်းခေါင်းဆောင် တစ်ဦးကို အမေရိကန်က ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ပါတယ်။

မတ်လ ၃ ရက်နေ့တုန်းက နယူးယောက်မြို့ တရားရုံး တစ်ခုက အသက် ၆၁ နှစ်အရွယ်တကီရှီအီဘီဆာဝါကိုနျူကလီးယားဓာတ်သတ္တု ပစ္စည်းတွေ တရားမဝင် မှောင်ခိုမှု၊ မူးယစ်ဆေးဝါးမှု၊ လက်နက်မှုတွေနဲ့ အခုလို ထောင်ဒဏ် စီရင်ချက် ချမှတ်ခဲ့တာပါ။ သူ့ရဲ့ ထိုင်းနိုင်ငံသား ကြံရာပါဖြစ်သူ ဆွမ်ဖော့ ဆင်ဟာဆီရိလည်း အလားတူ ထောင်ဒဏ်ပြစ်ဒဏ် ကျခံခဲ့ရပါတယ်။

အသက် ၆၁ နှစ်အရွယ် အီဘီဆာဝါရဲ့ အမှုကို နှစ်ရှည်လများ စစ်ဆေးခဲ့ပြီး အခုတော့ အပြီးသတ် စီရင်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ သူဟာ ဟီးရိုးအင်း ဘိန်းဖြူနဲ့ မက်သမ်ဖက်တမင်း အပါအဝင် မူးယစ်ဆေးတွေ၊ လက်နက် ထုတ်လုပ်နိုင်တဲ့အဆင့် နျူကလီးယား ဓာတ်သတ္တု နမူနာတွေကို ရောင်းချဖို့ ကမ်းလှမ်းပြီး မြန်မာနိုင်ငံ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့အတွက် ဝေဟင်ပစ် ဒုံးကျည်တွေ အပါအဝင် စစ်လက်နက်တွေကို ပွဲစားအဖြစ် ဝယ်ယူပေးဖို့ ကြိုးပမ်းခဲ့ကြောင်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စွပ်စွဲချက်တွေ ထွက်ပေါ်လာပါတယ်။

Public Service Announcement

Public Service Announcement

သူ့ကို ၂၀၂၂ ခုနှစ် ဧပြီလကတည်းက ဖမ်းဆီးထားတာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာတော့ အီဘီဆာဝါက စွပ်စွဲချက် ၆ ခုအတွက် ပြစ်မှုထင်ရှားကြောင်း ဝန်ခံခဲ့ပါတယ်။

အီဘီဆာဝါဟာ လက်နက်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ အမေရိကန်မှာ ကနဦး ဖမ်းဆီး ခံခဲ့ရတာဖြစ်ပြီး နောက်ပိုင်းမှာတော့ လက်နက်ထုတ်လုပ်နိုင်တဲ့ အဆင့် ယူရေနီယမ်နဲ့ပလူတိုနီယမ် သတ္တုတွေကို အီရန်ဆီ မှောင်ခို ရောင်းချဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲချက် အတွက်ပါ အမှုရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အမေရိကန် တရားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ထိုင်းနိုင်ငံထဲမှာ အီဘီဆာဝါက ရောင်းချမယ့် နမူနာအဖြစ် ပြသခဲ့ဖူးတဲ့ ဓာတ်သတ္တုတွေကို ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းရမိပြီး စစ်ဆေးကြည့်ခဲ့တဲ့အခါ ယူရေနီယမ်၊ သော်ရီယမ်နဲ့ ပလူတိုနီယမ်တို့ ကိန်းအောင်း ပါဝင်နေတယ်လို့ ဖော်ပြထားခဲ့ပါတယ်။

အီဘီဆာဝါဟာ အဲဒီသတ္တု နမူနာတွေကို ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)ဆီကနေ ရရှိလာတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပေမယ့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ၂၀၂၄ ခုနှစ်မှာ ငြင်းဆိုခဲ့ပါတယ်။

ရှမ်းပြည်နယ်မှာယူရေနီယမ် ဓာတ်သတ္တုထွက်ရှိတယ်လို့ သတင်းရထားတာကြောင့် အဲဒီ ဓာတ်သတ္တုတွေကို ဝယ်ယူချင်တယ်ဆိုပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်မှာ နိုင်ငံခြားသား တစ်ဦးက ဆက်သွယ် ကမ်းလှမ်းခဲ့ကြောင်း၊ ဒါပေမဲ့ ရှမ်းပြည်နယ်မှာ ယူရေနီယမ် ထွက်တယ်လို့ မကြားဖူးသလို ယူရေနီယမ်အကြောင်းလည်း လုံးဝ နားမလည်တဲ့အတွက် လေ့လာဦးမယ်လို့သာ RCSSဖက်က အကြောင်းပြန်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ယွက်ဆစ်က အဖွဲ့ပိုင် မီဒီယာဖြစ်တဲ့ Tai Freedomကနေတဆင့် ရှင်းလင်းခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။