Connect with us

Hi, what are you looking for?

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်တပ်က ခရီးသည်တင်ယာဥ်ပစ်ခတ်လို့ ခရီးသည်အမျိုးသမီးတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်တပ်က ခရီးသည်တင်ယာဉ် ပစ်ခတ်လို့ ယာဉ်ပေါ်ပါ ခရီးသည်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်တပ်က ခရီးသည်တင်ယာဉ် ပစ်ခတ်လို့ ယာဉ်ပေါ်ပါ ခရီးသည်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မတ်-၆၊ ၂၀၂၆။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်တပ်က ခရီးသည်တင်ယာဉ် ပစ်ခတ်လို့ ယာဉ်ပေါ်ပါ ခရီးသည်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

မတ်လ ၄ရက် မနက်ပိုင်းက မုံရွာ-မန္တလေးလမ်းပိုင်းတနေရာမှာ Jk King ခရီးသည်တင်ယာဥ် တစ်စီးကို စစ်တပ်က ပစ်ခတ်ခဲ့ရာ ယာဉ်ပေါ် လိုက်ပါလာတဲ့ မုံရွာမြို့က အသက်(၄၅)နှစ်ဝန်းကျင် ခရီးသည်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း မုံရွာမြို့ခံအချို့က ပြောပါတယ်။

“ကျည်က လည်ပင်းဖောက်ထွက်သွားတယ်ပြောတယ်။ သတင်းကိုလည်းဖုံးထားတယ်။”လို့ မုံရွာမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါ JK King ယာဥ်လိုင်းဟာ ယာဉ်အသေးတွေနဲ့ မုံရွာ-မန္တလေးပြေးဆွဲနေတဲ့ယာဥ်လိုင်းဖြစ်ပြီး ၎င်းကားနဲ့သွားလာမယ်ဆိုရင် စစ်ဆေးခံရမှုနည်းပါးတာကြောင့် နာမည်ရတဲ့ယာဥ်လိုင်းဖြစ်ကြောင်း၊ ပစ်ခတ်ခံရတဲ့အတွက် အံ့သြမိကြောင်း မုံရွာမြို့ခံတွေက ဆိုပါတယ်။

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ခရီးသည်တင်ယာဥ်တွေ ပစ်ခတ်ခံရမှုမကြာခဏ ဖြစ်ပေါ်နေပြီး ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

မတ်လ ၃ရက်ညကလည်း မုံရွာ-မန္တလေးလမ်းအနီးက ကြေးမုံကျေးရွာက နေအိမ်တစ်အိမ်ကို စစ်အုပ်စုကဝင်ပြီး Surf ကားတစ်စီးနဲ့ငွေတွေကိုသိမ်းကာ သေနတ်နဲ့ပါ ပစ်ခတ်လို့ ပြည်သူတစ်ဦး သေနတ်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။