Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုခရိုင်က စစ်ဘေးရှောင်တွေ သောက်သုံးရေဖူလုံဖို့ S&Cအဖွဲ့က တုံကင်တွင်းတွေ ဖော်ဆောင်နေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးရှောင်စခန်းတွေနဲ့ ဒေသခံပြည်သူတွေအတွက် နွေရာသီကာလမှာ သောက်သုံးရေပြတ်လပ်မှုဒဏ်မခံစားရစေဖို့အတွက် S&Cမီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့မှ တုံကင်ရေတွင်းများ တူးဖော်ပေးနေကြောင်း သတင်းရရှိပါတယ်။

စစ်ဘေးသင့်ဒေသတစ်ခုတွင် တုံကင်တွင်းတစ်တွင်း တူးဖော်ပေးနေစဥ်။ ဓာတ်ပုံ-S&C

မတ်-၁၂ရက်၊၂၀၂၆။ဟာနာဆန်/People’s Spring

​စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးရှောင်စခန်းတွေနဲ့ ဒေသခံပြည်သူတွေအတွက် နွေရာသီကာလမှာ သောက်သုံးရေပြတ်လပ်မှုဒဏ်မခံစားရစေဖို့အတွက် S&Cမီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့မှ တုံကင်ရေတွင်းများ တူးဖော်ပေးနေကြောင်း သတင်းရရှိပါတယ်။

S&C အဖွဲ့ဟာ စစ်ဘေးရှောင်ပြည်သူတွေ ရေရရှိရေးအတွက် စီမံကိန်း (၄) မျိုးဖြစ်တဲ့ မြစ်ရေတင်စီမံကိန်း၊ ရေလျှံတွင်း၊ စက်ရေတွင်းနဲ့ တုံကင်တွင်း စတဲ့ လုပ်ငန်းများ ဖော်ဆောင်ပေးနေကြောင်း၊ သို့သော် လက်ရှိ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းများကြောင့် စက်ရေတွင်းကြီးတစ်တွင်းလျှင် သိန်း ၂၀၀ နဲ့အထက် ကုန်ကျစရိတ်ရှိနေတာကြောင့် စစ်ဘေးရှောင်တွေအတွက် လက်တွေ့ကျပြီး အမြန်ဆုံးအကျိုးပြုနိုင်မယ့် တုံကင်တွင်းတူးဖော်ခြင်းကို ဦးစားပေးလုပ်ဆောင်နေကြောင်း ၎င်းအဖွဲ့ရဲ့ခေါင်းဆောင် ကိုစိုးမိုးအောင်က ပြောပါတယ်။

“ရေတွင်းတွေက ဆောင်းရာသီကတည်းက ၁၀ တွင်းကြိုတူးထားပါတယ်။ စက်ရေတွင်းတွေ၊ ရေလျှံတွင်းတွေ တူးပေးဖို့တော့ အရင်လို မတတ်နိုင်သေးဘူးဗျ။ အခုခေတ်ကုန်စျေးနှုန်းနဲ့ ဆို တွင်းကြီးတွေဆို သိန်း ၂၀၀ နဲ့ သိန်း ၂၀၀ အထက် ကုန်နိုင်ပါတယ်။”လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

​S&C အဖွဲ့အနေနဲ့ ရွှေဘိုခရိုင်အတွင်းရှိ လိုအပ်ချက်အရှိဆုံးနေရာတွေကို ဦးစားပေးရွေးချယ်ကာ ရေရရှိရေးစီမံကိန်းတွေကို ဆက်လက်ဖော်ဆောင်သွားမယ်လို့ သိရပါတယ်။ စစ်ဘေးသင့်ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ သောက်သုံးရေဖူလုံရေးအတွက် အလှူရှင်များအနေနဲ့ မိမိတို့ တတ်နိုင်သရွေ့ ပါဝင်လှူဒါန်းနိုင်ကြောင်း သတင်းရရှိပါတယ်။

​အဆိုပါအဖွဲ့ဟာ ရေရရှိရေးအပြင် စစ်ဘေးရှောင်စခန်းများရှိ ကလေးငယ်များအတွက် ပညာရေးနဲ့ မီးဘေးသင့်ဒေသများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း တစိုက်မတ်မတ် ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။