Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ စက်သုံးဆီရည်ညွှန်းစျေး စံချိန်တင်မြင့်တက်လာ

စစ်ကောင်စီသတ်မှတ်တဲ့ ပြည်တွင်းစက်သုံးဆီရည်ညွှန်းစျေးတွေ စံချိန်တင်မြင့်တက်လာတယ်လို့ ယာဉ်မောင်းသမားတွေက ပြောပါတယ်။

(နယ်မြို့တမြို့မှာစက်သုံးဆီဝယ်ဖို့တန်းစီ​နေသူ​တွေကို မတ်လဒုတိယပါတ်မှာ​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

မတ်-၁၃၊၂၀၂၆။ဇော်ဝင်း /People’s Spring

စစ်ကောင်စီသတ်မှတ်တဲ့ ပြည်တွင်းစက်သုံးဆီရည်ညွှန်းစျေးတွေ စံချိန်တင်မြင့်တက်လာတယ်လို့ ယာဉ်မောင်းသမားတွေက ပြောပါတယ်။

အပတ်စဥ် သောကြာနေ့တိုင်း စစ်ကောင်စီဖွဲ့စည်းပေးထားတဲ့ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်ကော်မတီရဲ့သတ်မှတ်စျေးအရ ပြီးခဲ့တဲ့ ခြောက်ရက်ကထက် တစ်လီတာ အနည်းဆုံး ကျပ် ၃၀၀ကနေ ကျပ် ၆၀၀ကျော် အထိ စျေးတက်ခဲ့သွားတာဖြစ်ပါတယ်။

ဒီကနေ့(မတ်လ ၁၃ရက်)ရန်ကုန်အထိုင် စက်သုံးဆီစျေးအရ ဓာတ်ဆီ 92 တစ်လီတာက ၂,၈၃၀ ကျပ် ၊ ဓာတ်ဆီ 95 တစ်လီတာ ၂,၉၃၀ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၃,၂၀၅ နဲ့ ပရီမီယံဒီဇယ် ၃,၅၆၀ကျပ် ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အခု စက်သုံးဆီစျေးမတိုင်မီ ပြည်တွင်းစက်သုံးဆီစျေးသမိုင်းတလျှောက် အမြင့်ဆုံးဖြစ်ခဲ့ဖူးတာက ၂၀၂၅ ဇန်နဝါရီ ၂၄ရက်က ဖြစ်ပါတယ်။

” ဓာတ်ဆီထက် ဒီဇယ်စျေးတက်တာ တော်တော်များတယ်။ဒီဇယ်လက် ကျန်နည်းလာတာ ။ မဝင်တော့တာ ဖြစ်ဖို့များတယ် “လို့ ဘုရင့်နောင် ကုန်စည်ဒိုင်က လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ စက်သုံးဆီရည်ညွှန်းစျေးက သုံးပတ်ဆက် မြင့်တက်နေတာဖြစ်ပြီး ဖေဖော်ဝါရီ ၂၆ ရက်က နေ ဒီကနေ့ သတ်မှတ်စျေးကြားမှာ တစ်လီတာ ကျပ် ၅၀၀ ကနေ ၈၀၀ ကျပ်အထိ မြင့်တက်ခဲ့ပါတယ်။

“တက္ကစီငှားဖို့ စိတ်မကူးရဲတော့ဘူး။အရင် မြောက်ဒဂုံ ကနေ သမိုင်း တစ်သောင်းက အခု နှစ်သောင်း။ အဲဒါတောင် ရချင်မှရသလို လိုက်ချင်မှလည်း လိုက်ကြတာ”လို့ အသက် ၄၀ အရွယ် ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့ထက် မန္တလေးမြို့အပါအဝင် နယ်မြို့တွေ မှာ စက်သုံးဆီအခက်အခဲက နေ့စဥ် ပို ဆိုးရွားလာတယ်လို့ သိရပါတယ်။

မော်တော်ယာဥ်တွေကို တစ်ရက်တစ်ကြိမ်သာ စက်သုံးဆီ ရောင်းချဖို့ နဲ့ စုံ/မ ရက်အလိုက် ထွက်ခွင့်ရမယ့် စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ရေရှည်ဖြစ်ပွားဖို့ အလားအလာရှိနေတဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲတွေကြောင့် ကမ္ဘာ့ရေနံစိမ်း တစ်စည်စျေးတွေကလည်း လေးနှစ်အတွင်း အမြင့်ဆုံး စျေးဖြစ်နေပြီး ရေနံ တစ်စည် ဒေါ်လာ ၆၀ နဲ့ ၇၀ ဝန်းကျင်ကနေ ဒီကနေ့ ဒေါ်လာ ၁၀၀ နီးပါးဖြစ်လာပါတယ်။

ကမ္ဘာ့ရေနံစီးဆင်းမှုရဲ့ ငါးပုံတစ်ပုံရှိတဲ့ ဟော်မုဇ်ရေလက်ကြား ပိတ်ခံထားရတာက ရေနံစိမ်းတစ်စည်စျေးတွေ ဆက်မြင့်တက်နိုင်တယ်လို့လည်း ကျွမ်းကျင်သူအချို့က ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်တပ်က ဆီဆိုင်တွေကို ခွဲတမ်း​လျှော့

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။