Connect with us

Hi, what are you looking for?

သတင်း

တောင်သာမှာ ဓာတ်ငွေ့ပိုက်လိုင်းပြင်တဲ့ စစ်တပ်ကို PLA တိုက်ခိုက်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ကျောက် ပန်းတောင်း – မြင်းခြံလမ်းပိုင်းမှာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းလာပြင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိပါတယ်။

(PLA၏ ရဲဘော်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ-PLA)

မတ်-၁၅၊ ၂၀၂၆ ဟာနာဆန်/People’s Spring

​မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ကျောက် ပန်းတောင်း – မြင်းခြံလမ်းပိုင်းမှာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းလာပြင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိပါတယ်။

မတ်လ ၁၄ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်က အင်အား ၃၀၀ခန့်ဟာ ကျောက်ပန်းတောင်း – မြင်းခြံလမ်းပိုင်းတလျှောက်ရှိ အေးရွာ၊ ခါးပတ်ရွာ၊ သမုန်းပင်လမ်းခွဲ၊ ကျားနေအိုင်လမ်းခွဲနဲ့ စိတ္ထိန်းရွာလမ်းခွဲတွေမှာ နေရာယူကာ စစ်ကြောင်းဖြန့်ထားခဲ့ပါတယ်။

​အဲဒီနေ့ ညနေ ၆ နာရီဝန်းကျင်မှာ စိတ္ထိန်းရွာက အင်အား ၃၀ခန့်ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကား ၃စီးနဲ့ အေးရွာဘက်သို့ ထွက်ခွာလာချိန် လမ်းခုလတ်မှာ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားချိန် ၅မိနစ်ခန့်သာကြာခဲ့ပြီး စစ်ကောင်စီဘက်က ၈ ဦး သေဆုံးတာကို မျက်မြင်အတည်ပြုနိုင်ခဲ့ကာ နောက်ဆက်တွဲ သတင်းတွေအရ စစ်ကောင်စီတပ်သား ၁၂ ဦးအထိ သေဆုံးခဲ့တယ်လို့ PLAက ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီယာဥ် ၃ စီးထဲက ၁ စီးလည်း ပျက်စီးသွားကြောင်း PLAက အသိပေးပါတယ်။

“လက်နက်ခဲယမ်းတော့ မသိမ်းဆည်းနိုင်ခဲ့ပါဘူး”လို့ PLAရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ဟာ ကျောက်ပန်းတောင်းမြို့နယ်၊ စိတ္ထိန်းရွာနဲ့ အေးရွာကြားမှာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းပေါက်နေတာကြောင့် လာပြင်နေတာဖြစ်ကြောင်း ဒေသခံအချို့က ပြောပါတယ်။

​စစ်ကောင်စီတပ်ဟာ ကျောက်ပန်းတောင်း – မြင်းခြံလမ်းပိုင်းမှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး လှုပ်ရှားနေတဲ့အတွက် ဒေသခံများအနေနဲ့ အထူးသတိပြု သွားလာကြဖို့ ဒေသတွင်း တော်လှန်ရေးအင်အားစုများက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။