Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာ မတ်လနှစ်ပတ်အတွင်း စစ်တပ်ဖမ်းဆီးခံရသူ ၄၀ကျော်ရှိဟု RSN ထုတ်ပြန်

ရန်ကုန်မြို့မှာ စစ်တပ်က လမ်းမပေါ်ကနေ ဖမ်းဆီးတာများပြားနေပြီး အခုမတ်လအတွင်းမှာ ဖမ်းဆီးခံရသူ ၄၀ကျော်သွားပြီလို့ မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီ အတင်းအဓမ္မခေါ်ယူထားတဲ့ စစ်မှုထမ်းတပ်သားသစ်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ

‌မတ်-၁၈၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့မှာ စစ်တပ်က လမ်းမပေါ်ကနေ ဖမ်းဆီးတာများပြားနေပြီး အခုမတ်လအတွင်းမှာ ဖမ်းဆီးခံရသူ ၄၀ကျော်သွားပြီလို့ မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“မတ်လ ပထမ ၂ ပတ်ထဲ လမ်းပေါ် လူလိုက်ဆွဲတာတွေ ခပ်စိပ်စိပ်ဖြစ်လာပါတယ်ဗျ။ ၄၅ ယောက်ခန့်ထိ ဆွဲခံထိထားတာ သိရပါတယ်။ အရင်လတွေမှာ လျော့သွားပြီးတော့ ခုတလောပြန်များလာတာပါ။ ခုရက်ပိုင်းဆို အလုပ်နဲ့မျှားခေါ်သွားတာတွေကော၊ အရက်မူးနေတဲ့သူကို ရောင်းစားတာတွေကော ကြားနေရပါတယ်။ စစ်တိုင်းမှူးအပြောင်းအလဲလုပ်လိုက်တာနဲ့လည်း တိုက်ဆိုင်နေတာ တွေ့ရပါတယ်ဗျ။” လို့ ပြောပါတယ်။

မတ်လ ၁၆ ရက်က တာမွေနဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမြိုနယ်တွေမှာ နေအိမ်ရွှေ့ပြောင်းဖို့ အလုပ်သမားခေါ်လို့ လိုက်သွားတဲ့ အမျိုးသားနှစ်ဦး လက်ရှိအချိန်အထိအဆက်အသွယ်ပြတ်တောက်နေတယ်လို့လည်း RSN က ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ့ဖြစ်စဉ်တွေမှာ အမျိုးသမီးတွေက အိမ်ပြောင်းဖို့အလုပ်သမားခေါ်ယူတာကနေ ပျောက်‌ဆုံးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

မတ်လ ၁၃ရက်ကလည်း စမ်းချောင်းမြို့နယ် ကိုးထပ်ကြီးဘုရားနားမှာ အရက်မူးနေတဲ့ အသက် ၁၈ နှစ်အရွယ်လူငယ်တစ်ဦးကို လူတစ်စုက ဖမ်းဆီးပြီး စစ်တပ်ဆီရောင်းစားခဲ့တာကြောင့် လူငယ်ရဲ့ အိမ်ကနေ ပိုက်ဆံပေးရွေးခဲ့ရတယ်လို့လည်း RSN က ထုတ်ပြန်ထားပါတယ်။

“လူပြတ်တဲ့နေရာ တယောက်စ နှစ်ယောက်စ သွားလာတာတွေ မလုပ်ဖို့ သတိပေးချင်ပါတယ်။ ညဘက်မှာ လျှောက်သွားတာတွေ လမ်းဘေးထိုင်နေတာတွေလည်း ဖြစ်နိုင်သမျှ ရှောင်စေချင်ပါတယ်။ စစ်မှုထမ်းလူခေါ်တဲ့ကိစ္စကိုလည်း ကိုယ့်ရပ်ကွက်ထဲ အမြဲနားစွင့်ထားပြီး တိုင်ပင် ပြင်ဆင်ထားကြပါလို့ ပြောချင်ပါတယ်ဗျ။” လို့ အထက်ပါတာဝန်ခံက ပြည်သူတွေကို သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာလည်း သင်္ဃန်းကျွန်းမြို့နယ်မှာ အမျိုးသားသုံးဦးကို ပစ္စည်းအပြောင်းအရွှေ့အတွက် ငှားရမ်းခဲ့ကာ စစ်တပ်ဆီကိုရောင်းစားတဲ့ဖြစ်စဉ်လည်းရှိခဲ့တယ်လို့ RSN ကဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၅ မှာလည်း ပြည်သူတွေကို အလုပ်နဲ့ ဆွဲဆောင်ပြီး စစ်တပ်ထံ ရောင်းစားမှူတွေရှိခဲ့ကာ ရောင်းစားခံရသူ ၁၆ ဦးအထိရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မတ်လဆန်းကလည်း တောင်ဥက္ကလာပမြို့နယ်မှာ ဖခင်ဖြစ်သူက သားဖြစ်သူကို စစ်တပ်ထံရောင်းစားခဲ့ပြီး စစ်တပ်ကနှိပ်စက်လို့သားဖြစ်သူသေဆုံးသွားခဲ့တာကြောင့် အဲဒီ့သတင်းကိုကြားချိန်မှာ မိခင်ဖြစ်သူပါ သေဆုံးခဲ့ပါတယ်။

စစ်တပ်က စစ်မှုထမ်းဥပဒေပြဌာန်းပြီး ၂၀၂၄ ဧပြီကစတင်ကာ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကျပ် ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာပါ။

စစ်မှူထမ်းအပတ်စဉ် တစ်ခုမှာ လူဦးရေငါးထောင်ခေါ်ယူမယ်လို့ ကြေညာထားရာ ဖေဖော်ဝါရီလမှာ စစ်မှူထမ်း အပတ်စဉ် (၂၂)ရောက်ရှိ ခေါ်ယူနေပါတယ်။

စစ်တပ်ရဲ့စစ်မှုထမ်းတာကို ငွေပေးပြီးရှောင်ရှားသူများပြားလာတာကြောင့် ငွေလိုသူတွေကိုငွေပေးပြီး အစားထိုးမယ့်သူကို လူကုန်ကူးသလိုဝယ်ယူပြီး လူစားထိုးမှုတွေလည်းများလာပါတယ်။

ငွေပေးဖို့ မတက်နိုင်တဲ့ အခြေခံလူတန်းစားတွေကတော့စစ်တပ်က အဓမ္မဖိအားပေး စစ်မှုထမ်းခိုင်းတာကို ပေးစရာငွေမရှိတာကြောင့် လိုက်နေကြရပါတယ် ။စစ်တပ်က လစဥ်စစ်မှုထမ်းခေါ်တဲ့အပြင်လူငယ်တွေကိုအကြောင်းပြချက်မျိုးစုံ နဲ့ ပေါ်တာဆွဲတာတွေကိုလည်းစစ်တပ်ထိန်းချုပ်ထားတဲ့ဒေသတွေမှာလုပ်နေပါတယ်။

စစ်တပ်ကလူငယ်တွေကို စစ်သင်တန်းပို့ပြီး ရှေ့တန်းကိုစေလွှတ်စစ်တိုက်ခိုင်းတာကြောင့်သေဆုံးဒဏ်ရာရသူ ၊ထွက်ပြေးသူ ၊တော်လှန်ရေးတပ်တွေထံအလင်းဝင်သူ ၊လက်နက်ချသူ အများအပြားလည်းရှိနေပါတယ်။နိုင်ငံ့ရဲ့ဒေသအများစုမှာတိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စစ်တပ်ကစစ်သားသစ်တွေကိုဆက်တိုက်ခေါ်ယူနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်