Connect with us

Hi, what are you looking for?

သတင်း

လေယာဉ်ဆီအခက်ခဲကြောင့် လေကြောင်းခရီးသွားတွေ ၁၀ကီလိုသာ သယ်ရတော့မယ်

လေယာဥ်ဆီရရှိမှုအခက်အခဲတွေကြောင့် ခရီးသည်တွေ ပစ္စည်းသယ်နိုင်မယ့် အလေးချိန် ၁၀ကီလိုသာ ပေးတော့မယ်လို့ မြန်မာ့အမျိုးသားလေကြောင်းလိုင်း(MNA)နဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း(MAI)က ဒီကနေ့ မတ်လ ၁၉ရက်မှာ ကြေညာပါတယ်။

MAIလေယာဉ် ကုန်ပစ္စည်းတွေ တင်ဆောင်နေစဉ်။ ဓာတ်ပုံ - MAI

မတ်-၁၉၊၂၀၂၆။ဇော်ဝင်း/Peoples Spring

လေယာဥ်ဆီရရှိမှုအခက်အခဲတွေကြောင့် ခရီးသည်တွေ ပစ္စည်းသယ်နိုင်မယ့် အလေးချိန် ၁၀ကီလိုသာ ပေးတော့မယ်လို့ မြန်မာ့အမျိုးသားလေကြောင်းလိုင်း(MNA)နဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း(MAI)က ဒီကနေ့ မတ်လ ၁၉ရက်မှာ ကြေညာပါတယ်။

ခရီးသည်တွေအတွက် အရေးကြီးတဲ့ခရီးသွားလာရေး သတိပေးချက်အဖြစ် ကြေညာစာအရ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အခက်အခဲတွေကြောင့် ပိုလျှံတဲ့ဝန်စည် (Excess Baggage) လျှော့ချတာကို မနက်ဖြန်(မတ်လ ၂၀ရက်)မှာစတင်မယ်လို့ ဆိုပါတယ်။

ဘန်ကောက်နဲ့ စင်ကာပူလေဆိပ်က Check-in ကောင်တာတွေမှာ ပိုလျှံဝန်စည်ကိုအများဆုံး ၁၀ ကီလိုဂရမ်အထိပဲခွင့်ပြုမှာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အခုအစီအစဥ်မှာ လေကြောင်းလိုင်းရဲ့ အထူးခရီးသည်အဆင့်အရှိသူတွေလည်းအကြုံးဝင်မှာ ဖြစ်ပြီးတော့ နောက်ထပ်အသိပေးချက် မထုတ်ပြန်မီအထိ ယာယီ ရပ်ဆိုင်းထားမယ်လို့ သိရပါတယ်။

“Check-in ကောင်တာတွေမှာ ပိုလျှံဝန်စည်ကို ပုံမှန်ဆို ၃၀ ကီလို ရတယ်။အိတ်ဆောင်ကတော့ ခုနှစ်ကီလိုရတယ်။ AirCargo (လေကြောင်းကုန်စည်ပို့ဆောင်မှု)နဲ့ဆိုင်တဲ့ ကုန်ပစ္စည်းတွေ စျေးတက်လာမှာပဲ”လို့ ထိုင်းနိုင်ငံက အဝတ်အထည်တွေ တင်သွင်းနေတဲ့ အွန်လိုင်းရှောပင်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

ပြည်တွင်းမှာ လေယာဥ်ဆီအပြင် မော်တော်ယာဥ် စက်သုံးဆီတွေအသုံးပြုတာကို စစ်တပ်က ထိန်းချုပ်ကန့်သတ်မှုတွေကြောင့် မော်တော်ယာဥ် အသုံးပြုရသူတွေ အဆင်မပြေ ဖြစ်နေတယ်လို့ သိရပါတယ်။

အဲဒါအပြင် ကုန်စည်ပို့ဆောင်စရိတ်တွေ မြင့်တက်လာတာကြောင့် နေ့စဥ်အခြေခံစားသောက်ကုန်တွေပါ ၁၀ ရာခိုင်နှုန်းထက်မနည်းစျေးတက်နေတယ်လို့ ရန်ကုန်မြို့ခံတွေက အခုရက်ပိုင်းက ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လေယာဉ်ဆီအခက်အခဲကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်ပြေးဆွဲမှုကို ရပ်ဆိုင်းလိုက်တယ်လို့ လေကြောင်းလိုင်းတွေကနေ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

စာသင်ကျောင်းတွေပေါ် လေယာဉ်ဆီတွေ ဖောက်ချခဲ့တဲ့ ဖြစ်စဉ်အတွက် အမေရိကန် လေကြောင်းလိုင်း တစ်ခုက နစ်နာကြေး ဒေါ်လာ သန်း ၈၀ နီးပါး ပေးချေဖို့ သဘောတူခဲ့ပါတယ်။

မေးမြန်းခန်း

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးဂျိမ်းရွှေနဲ့ မေးမြန်းခန်း (အပိုင်း-၁)

သတင်း

၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများဟာ အကြိမ်အရေအတွက် အများဆုံးမှတ်တမ်းတင်ခဲ့ပြီး အရပ်သားစုစုပေါင်း ဒါဇင်နှင့်ချီ သေဆုံးခဲ့ရသည်။