Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျောင်းတွေပေါ် လေယာဉ်ဆီ ဖောက်ချခဲ့တဲ့အတွက် နစ်နာကြေး ဒေါ်လာ သန်း ၈၀ နီးပါးပေးဖို့ Delta လေကြောင်းလိုင်း သဘောတူ

စာသင်ကျောင်းတွေပေါ် လေယာဉ်ဆီတွေ ဖောက်ချခဲ့တဲ့ ဖြစ်စဉ်အတွက် အမေရိကန် လေကြောင်းလိုင်း တစ်ခုက နစ်နာကြေး ဒေါ်လာ သန်း ၈၀ နီးပါး ပေးချေဖို့ သဘောတူခဲ့ပါတယ်။

ဓာတ်ပုံ - AP/File

စာသင်ကျောင်းတွေပေါ် လေယာဉ်ဆီတွေ ဖောက်ချခဲ့တဲ့ ဖြစ်စဉ်အတွက် အမေရိကန် လေကြောင်းလိုင်း တစ်ခုက နစ်နာကြေး ဒေါ်လာ သန်း ၈၀ နီးပါး ပေးချေဖို့ သဘောတူခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁၄ ရက်နေ့တုန်းက Delta လေကြောင်းပိုင် Boeing 777-200 အမျိုးအစား လေယာဉ်တစ်စီးဟာ လော့စ်အန်ဂျလိစ်မြို့ကနေ ပျံတက်ခဲ့ပြီး တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ဆီ ဦးတည်ခဲ့ပေမယ့် မကြာခင်မှာပဲ အင်ဂျင်ပြဿနာ တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အဲဒီအတွက် အရေးပေါ် ဆင်းသက်ဖို့ လိုအပ်လာပြီး လေယာဉ်ရဲ့ အလေးချိန် ပေါ့အောင် လေယာဉ်မှူးက လောင်စာဆီတွေကို ဖောက်ထုတ်ခဲ့ပါတယ်။ လေယာဉ်ဟာ ဘေးကင်းကင်းနဲ့ ဆင်းသက်နိုင်မယ့် အလေးချိန်ထိ ရောက်ရှိစေဖို့ လေယာဉ်ဆီ ပမာဏ ဂါလံ ၁၅၀၀၀ လောက်ကို ဖောက်ချခဲ့ပြီး လော့စ်အန်ဂျလိစ် တဝိုက်က လူနေထူထပ်ရာ ဧရိယာတွေပေါ် ကျရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – AP/File

လေယာဉ်ကို ချောချောမောမော ဆင်းသက်နိုင်ပေမယ့် လေယာဉ်ဆီတွေက မြေပြင်မှာရှိတဲ့ ကျောင်းတွေပေါ် ကျရောက်ပြီး အထိတ်တလန့် ဖြစ်ကြရာက ကျောင်းသူကျောင်းသားတွေကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ပြီးတော့ ကျောင်းသူကျောင်းသားတွေနဲ့ ဆရာဆရာမတွေမှာ အရေပြား ယားယံတာ၊ အသက်ရှူ နည်းနည်းခက်တာမျိုးတွေ ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ ဆေးရုံတက်ရတဲ့ထိ အခြေအနေ ပြင်းထန်တာမျိုးတော့ မရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

အဲဒီနောက် လော့စ်အန်ဂျလိစ်ရဲ့ ကူဒါဟီ ရပ်ကွက်ထဲမှာရှိတဲ့ ပက်ခ်အဗနျူး မူလတန်းကြိုကျောင်း ဆရာဆရာမတွေက Delta လေကြောင်းလိုင်းကို တရားစွဲဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒေသခံ တချို့ကပါ အလားတူ တရားစွဲဆိုမှုတွေ လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတော့ တရားရေး ကိစ္စတွေ ကျေအေးဖို့အတွက် ညှိနှိုင်းအောင်မြင်ခဲ့ပြီးပြီလို့ Deltaက ဆိုပါတယ်။ လေကြောင်းလိုင်းဟာ တရားစွဲဆိုသူတွေကို နစ်နာကြေးအဖြစ် ဒေါ်လာ ၇၉ သန်းလောက် ပေးချေဖို့ သဘောတူခဲ့ကြောင်း သိရပါတယ်။

လေယာဉ်ဟာ ၁၃ နာရီ ပျံသန်းရမယ့် ခရီးစဉ်အတွက် ဆီအလုံအလောက် ဖြည့်ထားတာ ဖြစ်ပေမယ့် ချက်ချင်း ပြန်လည် ဆင်းသက်ဖို့အတွက် ဆိုရင်တော့ အဲဒီဆီပမာဏက အလေးချိန် အရမ်းများနေစေပါတယ်။ ဒါကြောင့်လည်း လေယာဉ်မှူးက သတ်မှတ် စံနှုန်းတွေအတိုင်း ဆီတွေကို ဖောက်ချခဲ့ပေမယ့် ကျောင်းတွေပေါ် ကျကုန်လို့ ပြဿနာ တက်ခဲ့တာပါ။

တရားပြိုင်ဆိုင်မှုကို အဆုံးသတ်ဖို့ ညှိနှိုင်းသဘောတူခဲ့ပြီးပြီလို့ Delta လေကြောင်းလိုင်းက အတည်ပြုထားပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။

ကိုးကား: Independent

ဆက်စပ်သတင်းများ

သတင်း

လေယာဉ်ဆီအခက်အခဲကြောင့် ပြည်တွင်းလေကြောင်းခရီးစဉ်ပြေးဆွဲမှုကို ရပ်ဆိုင်းလိုက်တယ်လို့ လေကြောင်းလိုင်းတွေကနေ စုံစမ်းသိရှိရပါတယ်။

သတင်း

လေယာဥ်ဆီရရှိမှုအခက်အခဲတွေကြောင့် ခရီးသည်တွေ ပစ္စည်းသယ်နိုင်မယ့် အလေးချိန် ၁၀ကီလိုသာ ပေးတော့မယ်လို့ မြန်မာ့အမျိုးသားလေကြောင်းလိုင်း(MNA)နဲ့ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း(MAI)က ဒီကနေ့ မတ်လ ၁၉ရက်မှာ ကြေညာပါတယ်။

မေးမြန်းခန်း

မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဦးဂျိမ်းရွှေနဲ့ မေးမြန်းခန်း (အပိုင်း-၁)

သတင်း

၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများဟာ အကြိမ်အရေအတွက် အများဆုံးမှတ်တမ်းတင်ခဲ့ပြီး အရပ်သားစုစုပေါင်း ဒါဇင်နှင့်ချီ သေဆုံးခဲ့ရသည်။