Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ရဲ့ F-35 တိုက်လေယာဉ် အရေးပေါ် ဆင်းသက်ခဲ့ရ၊ အီရန် လက်ချက်လို့ ယုံကြည်ရ

အမေရိကန်ရဲ့ ထိပ်တန်း F-35 တိုက်လေယာဉ် တစ်စီးဟာ အီရန်ရဲ့ ပစ်ခတ်မှုကြောင့်လို့ ယူဆရတဲ့ အခြေအနေကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

ဓာတ်ပုံ - Getty/File

အမေရိကန်ရဲ့ ထိပ်တန်း F-35 တိုက်လေယာဉ် တစ်စီးဟာ အီရန်ရဲ့ ပစ်ခတ်မှုကြောင့်လို့ ယူဆရတဲ့ အခြေအနေကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

အဆင့်အမြင့်ဆုံး ပဉ္စမမျိုးဆက် တိုက်လေယာဉ်ဖြစ်ပြီး ရန်သူ့ရေဒါတွေနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် (stealth) နည်းပညာ ပိုင်ဆိုင်ထားတဲ့ တိုက်လေယာဉ်ဟာ အရှေ့အလယ်ပိုင်း ဒေသတွင်းက လေတပ်စခန်း တစ်ခုမှာ အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ အမေရိကန် စစ်ဘက်က မတ်လ ၁၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန် F-35 တိုက်လေယာဉ်ဟာ စစ်ဆင်ရေး တာဝန်တစ်ခုအတွင်း ထိခိုက်မှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း၊ ဆင်းသက်မှုဟာ ချောချောမွေ့မွေ့ ဖြစ်ခဲ့ပြီး လေယာဉ်မှူးရဲ့ အခြေအနေလည်း တည်ငြိမ်ကြောင်း အမေရိကန် စစ်တပ်ရဲ့ ဗဟိုစစ်ရေး ကွပ်ကွဲမှုဌာန ပြောရေးဆိုခွင့်ရ အရာရှိ တင်မ်ဟောကင်းစ်က ပြောကြားခဲ့ပါတယ်။

ဒေသတွင်းက အမေရိကန် လေတပ်စခန်းတစ်ခုမှာ အမေရိကန် F-35တစ်စီး အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ သတင်းကို အတည်ပြု သိရှိထားကြောင်း၊ လေယာဉ်ဟာ အီရန်နိုင်ငံ ပိုင်နက်ထဲက တိုက်ခိုက်ရေး မစ်ရှင်တစ်ခုအတွက် ပျံသန်းနေခဲ့ကြောင်း၊ လေယာဉ်က ဘေးကင်းကင်းနဲ့ ဆင်းသက်ခဲ့ပြီး လေယာဉ်မှူးလည်း အခြေအနေ တည်ငြိမ်နေကြောင်း၊ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဖြစ်ကြောင်း ဟောကင်းစ်က ဆိုပါတယ်။ သူက လေယာဉ်ဟာ ဘယ်လို ကိစ္စမျိုး ကြုံခဲ့သလဲ ဆိုတာကိုတော့ ထည့်ပြောမသွားခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

တစ်စီးကို ဒေါ်လာ သန်း ၁၀၀ လောက် တန်ဖိုးရှိပြီး အမေရိကန်ရဲ့ နည်းပညာ အမြင့်ဆုံး ဘက်စုံသုံး တိုက်လေယာဉ်အဖြစ် သတ်မှတ် ခံထားရတဲ့ F-35ဟာ အီရန်ရဲ့ တုံ့ပြန် ပစ်ခတ်မှုကြောင့် ထိခိုက်ခဲ့တာ ဖြစ်နိုင်ကြောင်း နာမည် မဖော်ပြတဲ့ အမေရိကန် စစ်ဘက် သတင်းရင်းမြစ် နှစ်ဦးက CNNဆီ ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း အီရန်ရဲ့ အင်အား အတောင့်တင်းဆုံး လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ဟာ F-35A၊ ဒါမှမဟုတ် F-35Bလို့ ယူဆရတဲ့ တိုက်လေယာဉ် တစ်စီးကို ပစ်မှတ်ထား ချိန်ရွယ်ပြီး မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တဲ့ ဗီဒီယိုကို ထုတ်ပြန် ပြသခဲ့ပါတယ်။

တကယ်လို့ အဲဒီ တိုက်လေယာဉ်ကို IRGCက အမှန်တကယ် ချိန်ရွယ် ပစ်ခတ်နိုင်ခဲ့တယ်ဆိုရင် F-35တွေရဲ့ သမိုင်းမှာ ပထမဆုံး ရန်သူရဲ့ ထောက်လှမ်းပစ်ချမှုကို ခံရခြင်း ဖြစ်လာမှာပါ။ အဲဒီ လေယာဉ်တွေဟာ ရန်သူ့ ရေဒါတွေနဲ့ ထောက်လှမ်းရှာဖွေလို့ မရနိုင်လောက်အောင် တည်ဆောက်ထားတဲ့ နည်းပညာကြောင့် အထူးကျော်ကြားပါတယ်။

အီရန်စစ်ပွဲ ကာလတလျှောက်မှာ အမေရိကန်ရဲ့ လေယာဉ်တွေ ဆုံးရှုံးမှုကလည်း အရေအတွက် တဖြည်းဖြည်း တိုးလာနေပါတယ်။ စစ်ပွဲ အစပိုင်းတုန်းက မဟာမိတ် ကူဝိတ်လေတပ်ဟာ အမေရိကန်ရဲ့ F-15E တိုက်လေယာဉ် ၃ စီးကို အီရန် ဒရုန်းတွေနဲ့ မှားယွင်းပြီး ပစ်ချမိခဲ့ပါတယ်။ အမေရိကန် အရာရှိ တချို့က KC-135 အမျိုးအစား ဝေဟင်ဆီဖြည့် လေယာဉ် ၅ စီးဟာ ဆော်ဒီအာရေးဘီးယားက စစ်စခန်း တစ်ခုမှာ ရှိနေချိန် အီရန်ဒုံးကျည် ထိမှန်ပြီး ထိခိုက်ပျက်စီးခဲ့ကြောင်း ပြောပေမယ့် CENTCOMက အတည်ပြုမထားပါဘူး။ ဒါ့အပြင် KC-135 တစ်စီးဟာ နောက်ထပ် လေယာဉ်တစ်စီးနဲ့ လေထဲမှာ မတော်တဆမှု ဖြစ်ပြီး ပျက်ကျခဲ့လို့ အမှုထမ်း ၆ ဦး သေဆုံးခဲ့ပါတယ်။ အမေရိကန်ဟာ MQ-9 Reaper အမျိုးအစား ဒရုန်းတိုက်လေယာဉ် ၁၂ စီးလောက်ကိုလည်း စစ်ပွဲကာလအတွင်းမှာ ဆုံးရှုံးထားပြီး ဖြစ်ပါတယ်။

F-35တွေကို ၂၀၁၈ ခုနှစ်မှာစပြီး စစ်ဆင်ရေး မစ်ရှင်တွေအတွက် အသုံးပြုလာခဲ့ပြီး မတော်တဆမှုနဲ့ ပျက်ကျမှုတွေ ရှိခဲ့ပေမယ့် ရန်သူပစ်ချတာကိုတော့ တစ်ခါမှ မခံခဲ့ရပါဘူး။ IRGCက F-35 တစ်စီးကို ထိမှန်အောင် ပစ်ခတ်ခဲ့တယ်လို့ ပြောပေမယ့် ဘယ်လို ရေဒါအမျိုးအစားကို ထောက်လှမ်းပြီး ဘယ်လို စစ်လက်နက်နဲ့ ပစ်ချခဲ့သလဲ ဆိုတာကိုတော့ အသေးစိတ် မထုတ်ပြန်သေးပါဘူး။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။