Connect with us

Hi, what are you looking for?

သတင်း

ဆိပ်ဖြူမြို့နယ်မှာ စစ်တပ် ရှေ့ပြေးကင်းအဖွဲ့ကို PDF တိုက်ခိုက်

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်တပ် ရှေ့ပြေးကင်းအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခြောက်ဦးထက်မနည်းသေဆုံးတယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံကိုသူရိန်က လူထုနွေဦးကို ပြောပါတယ်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်တပ် ရှေ့ပြေးကင်းအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခြောက်ဦးထက်မနည်းသေဆုံးတယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံကိုသူရိန်က လူထုနွေဦးကို ပြောပါတယ်။

မတ်-၂၄၊ ၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်တပ် ရှေ့ပြေးကင်းအဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ခြောက်ဦးထက်မနည်းသေဆုံးတယ်လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံကိုသူရိန်က လူထုနွေဦးကို ပြောပါတယ်။

ဆိပ်ဖြူမြို့နယ် ထမ္မကောက်ကျေးရွာက အထိုင်တပ်စခန်းကနေ အမှတ်(၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ) (ကပစ-၂၂)ကို ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မတ်လ ၂၂ ရက်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“လမ်းကင်းလာယူတာ အင်အား ၃၀လောက်ပါတယ်။ကပစ (၂၂)က အဝင်အထွက်လုပ်မယ့်ကားတွေ မလာခင် လမ်းပိုင်းကင်းလာယူတာပေါ့။အဲဒီမှာ ချတောက်ရွာတောင်ဘက်ခြမ်း ချစ်ချောင်းကို သူတို့ကူးတာပေါ့။ကျွန်တော်တို့ မိုင်းကွင်းထဲ ဝင်လာတဲ့အချိန် မိုင်းဆွဲတယ်။ပစ်တယ်”လို့ ကိုသူရိန်က တိုက်ခိုက်ခဲ့မှုအခြေအနေကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်တပ်ရှေ့ပြေးကင်းကို ပခုက္ကူခရိုင် အမှတ်(၄)တပ်ရင်း၊တပ်ခွဲ (၃)နဲ့ အတူ ပူးပေါင်းတိုက်ခိုက်မှုအပြီး ကပစ(၂၂)လမ်းပိုင်းမှာ စစ်တပ်က အင်အား ၁၅၀ ဝန်းကျင်နဲ့ စစ် ကြောင်းထိုးတာ ရှိနေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာကစပြီး ကပစ(၂၂)ကို အခြေပြုပြီး စစ်တပ်က တပ်မ(၉၉)တပ်ရင်းတွေနဲ့ ဆိပ်ဖြူ မြောက်ပိုင်းနဲ့ ပေါက်တောင်ပိုင်းကို စစ်ကြောင်းထိုးတာတွေကြောင့် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးတိမ်ရှောင်နေကြရဆဲ ဖြစ်ပါတယ်။

ဆိပ်ဖြူမြို့နယ်မှာ စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းရုံး ကပစ (၂၁၊ ၂၂)နဲ့ အမှတ်(၉)လေကြောင်းရန်ကာ ကွယ်ရေးကွပ်ကဲမှုစစ်ဆင်ရေးဌာနချုပ်(လစခ)တို့ ရှိပါတယ်။

အမှတ်(၂၁) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁)က လေတပ်သုံးဗုံးတွေထုတ်ပြီး အမှတ် (၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၂ )မှာ လက်နက်တွေ ထုတ်နေတာလို့ သိရပါတယ်။

ဆိပ်ဖြူမြို့နယ်မှာ စစ်တပ် ရှေ့ပြေးကင်းအဖွဲ့ကို PDF တိုက်ခိုက် မတ်-၂၄၊ ၂၀၂၆။မိုမို/People's Spring မကွေးတိုင်း၊…

Posted by People's Spring on Monday 23 March 2026

ရုပ်သံ – ပေးပို့

ဆက်စပ်သတင်းများ

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Trending

Facebook