Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းအန္တရာယ်အသိပေးတာနဲ့ စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်ပေးတာတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းအန္တရာယ်အသိပေးတာနဲ့ စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်ပေးတာတဲ့ လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

မတ်-၂၅၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းအန္တရာယ်အသိပေးတာနဲ့ စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်ပေးတာတဲ့ လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

ရွှေဘိုမြို့နယ်အတွင်းမှာ သပိတ်အင်အားစုမှ ရဲဘော်တွေက စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးနေသလို အမျိုးသမီး အသုံးအဆောင် ပစ္စည်းတွေလည်း ဖြန့်ဝေပေးပြီး စားနပ်ရိက္ခာတွေကိုလည်း ထောက်ပံ့ကူညီပေးခဲ့တယ် လို့ ရွှေဘိုသပိတ်အင်အားစုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အရာတော်မြို့နယ်မှာလည်း ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားလူငယ်တွေက ဒေသခံပြည်သူတွေကို ဗုံးခိုကျင်းတည်ဆောက်ပုံနဲ့ လေကြောင်းအသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ကြပါတယ်။

ယင်းလှုပ်ရှားမှုကို အရာတော်မြို့နယ်ကျောင်းသားသမဂ္ဂနဲ့ ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ယင်းမာပင်ဒေသမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်က ဒေသခံပြည်သူတွေနဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်မှောက်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမတည်ငြိမ်တဲ့ကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်​ရေး သပိတ်လှုပ်ရှားမှုတွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွှေဘိုလူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ် အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၈)မှာ ပြုလုပ်ခဲ့ပါတယ်။