Connect with us

Hi, what are you looking for?

သတင်း

သင်္ကြန်ရထားလက်မှတ် တန်းစီဝယ်ယူသူများနေ

သင်္ကြန်ရုံးပိတ်ရက်ရှည်အတွက် စစ်တပ်လက်အောက်ခံ မြန်မာ့မီးရထားက အထူးရထားတွေပြေးဆွဲပေးပေမယ့် ရောင်းချပေးတဲ့ကြိုတင်လက်မှတ်အရေအတွက်နည်းတာကြောင့် လက်မှတ်ရဖို့ တန်းစီဝယ်ယူနေရတဲ့ ပြည်သူတွေ အဆင်မပြေမှု ကြုံနေရပါတယ်။

ဧပြီ-၉၊၂၀၂၆။ရောင်နီ/People’s Spring

သင်္ကြန်ရုံးပိတ်ရက်ရှည်အတွက် စစ်တပ်လက်အောက်ခံ မြန်မာ့မီးရထားက အထူးရထားတွေပြေးဆွဲပေးပေမယ့် ရောင်းချပေးတဲ့ကြိုတင်လက်မှတ်အရေအတွက်နည်းတာကြောင့် လက်မှတ်ရဖို့ တန်းစီဝယ်ယူနေရတဲ့ ပြည်သူတွေ အဆင်မပြေမှု ကြုံနေရပါတယ်။

ပြည်သူတွေက ကြိုတင်လက်မှတ်ဝယ်ယူဖိုနံနက် လေးနာရီလောက်ကတည်းက လက်မှတ်ရုံတွေမှာ တန်းစီနေကြရတာဖြစ်ပြီး ဒီနေ့(ဧပြီ ၉)နံနက်မှာ ခရီးစဉ်တစ်ခုကို တန်းစီနေသူ ရာနဲ့ချီရှိပါတယ်။

ဧပြီ ၁၀ ရက်ကနေ ၁၂ ရက်အထိ ရန်ကုန်-မန္တလေး ၊ ရန်ကုန်-ပြည် ၊ ရန်ကုန်-မော်လမြိုင် ရထားတွေကို ပုံမှန်ပြေးဆွဲနေကြ ခရီးစဉ်အပြင် အထူးရထားတွေပြေးဆွဲပေးမယ်လို့ မြန်မာ့မီးရထားကကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာ့မီးရထားက ကြိုတင်လက်မှတ်တွေကို အထူးတန်းအတွက် သုံးရက် ၊ ရိုးရိုးတန်းအတွက် တစ်ရက်ကြိုတင်ရောင်းချပေးနေတာဖြစ်ပြီး တစ်ဦးကို လက်မှတ်နှစ်စောင်နှုန်းရောင်းပေးနေတာပါ။

နှစ်စဉ်နှစ်တိုင်း သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလက ရထားစီးခရီးသည်များပြားလေ့ရှိပြီး ဒီနှစ်မှာတော့ စက်သုံးဆီဈေး ကြောင့် အဝေးပြေးကားလက်မှတ်ခတွေမြင့်တက်နေတာက ရထားစီးသူပိုများလာတာဖြစ်နိုင်တယ်လို့ ခရီးသွားတွေကသုံးသပ်ပါတယ်။

ကားခတွေ ဈေးမတတ်ခင်ကာလက ရထားတွေရဲ့ အထက်တန်းလက်မှတ်ဈေးတွေနဲ့ ကုန်ကျစရိတ် မကွာပေမယ့် လက်ရှိအချိန်မှာတော့ နှစ်ဆလောက်ကွာဟနေတာပါ။

လက်မှတ်တန်းစီဝယ်ယူသူတွေများပြားလွန်းပြီး မှောင်ခိုလက်မှတ်ဝယ်ယူသူတွေလည်းရှိနိုင်တာကြောင့် လက်မှတ်စစ်တွေက တန်းစီနေတဲ့ခရီးသည်တွေကို မှတ်ပုံတင်လိုက်စစ်နေတာလည်းတွေ့ရပါတယ်။

ဒီနှစ်မှာ ရန်ကုန်-နေပြည်တော် – မန္တလေး ရထားလက်မှတ်တွေကို အွန်လိုင်းစနစ်နဲ့ ရောင်းပေးနေတာဖြစ်ပြီး ၆ ရက်လောက်ကြိုတင်ဝယ်ယူရတယ်လို့ ခရီးသည်တစ်ဦးကပြောပါတယ်။

အွန်လိုင်းကလက်မှတ်ရောင်းချရာမှာလည်း ဒီရက်ပိုင်းမှာ ဝယ်ယူသူများလွန်းတာကြောင့် လက်မှတ်ခဖြတ်ပြီး လက်မှတ်မရသူတွေရှိတာကြောင့် ပြန်လည်ဖြေရှင်းနေရတာတွေလည်းရှိပါတယ်။

ရထားလက်မှတ်ဝယ်ယူရာမှာမှောင်ခိုဈေးကွက်လည်း ရှိပြီး ပုံမှန်ဈေးထက် နှစ်ဆလောက်ပေးရတယ်လို့ ခရီးသည်တွေက ဆိုပါတယ်။

ဓာတ်ပုံ − PS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မီးရထား တစ်စီးပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ ဆယ်ကျော်သက် လူငယ်လေးတွေကြား စကားအခြေအတင် ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ အီတလီ သံရုံးက ပြန်လည် တောင်းပန်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က BTS ရထားလိုင်းပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ နိုင်ငံသား လူငယ်တစ်စုတို့ကြား အပြန်အလှန် စကားများခဲ့တဲ့ ကိစ္စဟာ လူမှုကွန်ရက်တွေပေါ်မှာ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။

သတင်း

မွန်ပြည်နယ်၊ မော်လမြိုင်မှာ ရထားနဲ့ ကားတိုက်မိပြီး ဒဏ်ရာရသူရှိတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၀င်တချို့က ပြောပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ စစ်သားတွေကို သယ်ဆောင်လာတဲ့ ခရီးသည်တင် ရထားတစ်စီးကို ပစ်မှတ်ထားတဲ့ ကားဗုံးခွဲမှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။