Connect with us

Hi, what are you looking for?

သတင်း

ပုသိမ်မှာ ‌ဆောက်ထားတဲ့ ဗဟိုမဏ္ဍပ်ပြိုကျ

ဧရာဝတီတိုင်း ပုသိမ်မြို့ ကမ်းနားလမ်းမှာဆောက်လုပ်ထားတဲ့ တိုင်းဒေသကြီးအစိုးရ ဗဟိုမဏ္ဍပ် ဧပြီ ၁၁ ရက်ညက ပြိုကျမှုဖြစ်ခဲ့တယ်လို့ သတင်းအထူးတပ်ဖွဲ့ -ပုသိမ်က ဖော်ပြထားပါတယ်။

ဧပြီ-၁၂၊၂၀၂၆။တေဇ/People’s Spring

ဧရာဝတီတိုင်း ပုသိမ်မြို့ ကမ်းနားလမ်းမှာဆောက်လုပ်ထားတဲ့ တိုင်းဒေသကြီးအစိုးရ ဗဟိုမဏ္ဍပ် ဧပြီ ၁၁ ရက်ညက ပြိုကျမှုဖြစ်ခဲ့တယ်လို့ သတင်းအထူးတပ်ဖွဲ့ -ပုသိမ်က ဖော်ပြထားပါတယ်။

ည ၉ နာရီလောက်မှာ ပြိုကျမှုဖြစ်ခဲ့တာဖြစ်ပြီး စစ်တပ်နဲ့ ရဲတွေရောက်လာပြီး အဲဒီ့နေရာကို ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်တယ်လို့ အသိပေးထားပါတယ်။

“လူတစ်ဦး ဦး‌ခေါင်းထိခိုက်ဒဏ်ရာရကာ အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။” လို့ သတင်းအထူးတပ်ဖွဲ့-ပုသိမ်က ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ပြိုကျသွားတဲ့ သစ်သားတွေကို လူအင်အားသုံး ဆွဲထုတ်နေပြီး ညတွင်းချင်းအပြီးဆောက်ဖို့ စစ်တပ်ကဖိအားပေးနေတယ်လို့ သိရပါတယ်။

မဏ္ဍပ်ပြိုကျတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီးသတင်းအထူးတပ်ဖွဲ့-ပုသိမ်ကို ဆက်သွယ်မေးမြန်းထားပေမယ့် သတင်းဖော်ပြချိန်အထိ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

ဧရာဝတီတိုင်း ဝန်ကြီးချုပ်အဖြစ် စစ်တပ်က အေးကျော်ကို တာဝန်ပေးတဲ့ ဧပြီ ၁၀ ရက်မှာ တိုင်းဒေသကြီးအစိုးရရုံးအနီးမှာရှိတဲ့ ဂက်စ်အိုးဆိုင် မီးလောင်ခဲ့ပြီး ဆယ်ကျော်သက်အရွယ်လူငယ်တစ်ဦးမီးလောင်သေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီ့မီးလောင်မှုကြောင့် ပျက်စီးသွားတဲ့ ဆိုင်ခန်းတွေ အပါအဝင် အဲဒီ့နေရာကဆိုင်ခန်း‌တွေ ကို နှစ်ရက်အတွင်း အပြီးဖြတ်ဖို့ စစ်တပ်က ဖိအားပေးမှုတွေရှိတယ်လို့လည်း သတင်းအထူးတပ်ဖွဲ့-ပုသိမ်က ဧပြီ ၁၁ ရက်မှာပြုလုပ်တဲ့အစည်းအဝေးမှတ်တမ်းနဲ့အတူ ဖော်ပြထားပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူကိုတွေကိုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့စစ်တပ်က ရန်ကုန် ၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ သင်္ကြန်မဏ္ဍပ်တွေဆောက်လုပ်ပြီး သင်္ကြန်ပွဲတော်စည်ကားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ သင်္ကြန်ကာလအတွင်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ်တစ်ဦး ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးကာ ရုပ်အလောင်းကို ချင်းတွင်းမြစ်အတွင်းကပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်ကို အာဏာသိမ်းစစ်ကောင်စီတပ်က သင်္ကြန်ကာလ လေးရက်အတွင်းမှာ နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၆ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောကြားပါတယ်။

သတင်း

ကရင်ပြည်နယ်​၊ ဖာပွန်ခရိုင် ၊ KNU တပ်မဟာ (၅) နယ်မြေကို သင်္ကြန်ကာလအတွင်း စစ်ကောင်စီလေတပ်က နေ့စဉ်နီးပါး ဗုံးကြဲ တာကြောင့် သုံးရက်အတွင်းအရပ်သား လေးဦး သေဆုံးခဲ့ရတယ်လို့ တပ်မဟာ (၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြိုင်ကလေးမှာ သင်္ကြန်ပွဲလာရောက်ဖျော်ဖြေတဲ့ ဇာတ်ပို့သရုပ်ဆောင်မင်းဇော် ဖျော်ဖြေရေးစင်မြင့်မှာလဲကျရာက ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။