Connect with us

Hi, what are you looking for?

သတင်း

မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေ၊ စစ်တပ်က အင်အားဖြည့်တင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ဧပြီလဆန်းက စစ်တပ်ရဲ့ဗျူဟာကုန်း ကာကင်းစခန်းအချို့ကို KIA နဲ့ KPDF တပ်ဖွဲ့ဝင်​တွေကသိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-Screen Grab)

ဧပြီ-၁၄၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ထိန်းချုပ်ထားတဲ့ မရှီက‌ထောင်ဆုတောင်းကုန်းကို စစ်တပ်က ဧပြီ ၁၃ရက်မနက်ပိုင်းမှာ စစ်မှုထမ်းသင်တန်းဆင်းတပ်သားတွေကို ကျားထိုးတက်ခိုင်းပြီး အနီးကပ် စစ်ကြောင်းထိုးပြီးနောက် တိုက်ပွဲပြင်းထန်ခဲ့တာပါ။

မရှီက‌ထောင်ဆုတောင်းကုန်းရဲ့ ကာကင်းစခန်းတချို့ကို စစ်တပ်က သိမ်းယူထားတယ်လို့လည်း သတင်းရရှိပါတယ်။

Public Service Announcement

Public Service Announcement

” အသေခံပြီး ဝင်လာတာ။ လေကြောင်းရော၊ လက်နက်ကြီးရော အသက်ကုန်ပစ်တာ။ အင်အား ၁၀၀၀ လောက်ဖြည့်ပြီး ဝင်လာတာ။ တိုက်ပွဲက ပိုပြင်းထန်လာမှာ”လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စစ်တပ်က ဧပြီ ၁၃ရက် တစ်ရက်တည်းမှာ လေကြောင်းကနေ လေးကြိမ်ဗုံးကြဲပြီး လက်နက်ကြီး အကြိမ်ရေ ၁၀၀ ကျော်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြေပြင်တိုက်ပွဲမှာ စစ်တပ်ကအများအပြားသေဆုံးပြီး ရုပ်အလောင်းတွေပြန်ဆွဲထုတ်သွားတယ်လို့ သတင်းရရှိပါတယ်။

လက်ရှိတိုက်ပွဲမှာ စစ်တပ်က ဝါယာဇွပ်ပြည်သူ့စစ်အဖွဲ့၊ ရှမ်းနီတပ်ဖွဲ့(SNA)လည်းပါဝင်ပြီး စစ်မှုထမ်းသင်တန်းဆင်းတွေကို ကျားထိုးတက်ခိုင်းတာလို့ သိရပါတယ်။

မရှီက‌ထောင်ရပ်ကွက်က ဆုတောင်းကုန်းကို KIAနဲ့KPDFက ထိန်းချုပ်ထားတာဖြစ်ပါတယ်။ စစ်တပ်က ၎င်းတို့ထိန်းချုပ်ထားတဲ့ ဆန်းကြွယ်ရွာဘက်ကနေ အင်အားတွေဖြည့်နေပြီး စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း Y8လေယာဉ်အသုံးပြုပြီး ဆန်းကြွယ်ရွာအတွင်းကို လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” ဆန်းကြွယ်ရွာကိုလည်း ပိတ်ထားတယ်။ သူတို့မသင်္ကာတဲ့သူတွေကိုလည်းဖမ်းထားပြီး တချို့ကိုသေနတ်နဲ့ပစ်ထားတယ်။ အခြေအနေက ဆိုးတယ်”လို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

ဖားကန့်ဒေသမှာ ဧပြီ၂ရက်ကစပြီး တိုက်ပွဲတကျော့ပြန်ဖြစ်ပွားတာပါ။ဧပြီ ၂ရက်ကတိုက်ပွဲအတွင်းမှာ စစ်တပ်ရှေ့တန်းစခန်း ၆ခုကို KIA၊KPDFက သိမ်းယူခဲ့ပါတယ်။ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းနဲ့လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ ပစ်ခတ်လို့ အရပ်သားအချိို့ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်ရေးဆက်လက် တင်းမာနိုင်လို့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်သတိပေးချက်တွေကို တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။