Connect with us

Hi, what are you looking for?

LuduNwayOo

News

ပု​လောမြို့နယ်က CDM လက်​ထောက်ပညာ​ရေးမှူးနှင့် မိန်းက​လေးနှစ်ဦးကို စရဖက ကားဖြင့်တိုက်သတ်

တနသ်ာရီတိုင်း ပုလောမြို့နယ် CDM လက်ထောက်ပညာရေးမှူး ဦးသာဝင်းနှင့် အမျိုးသမီးငယ်နှစ်ဦးကို စစ်ဘက်ရေးရာလုံခြုံ ရေးတပ်ဖွဲ့(စရဖ)က ကားဖြင့်တိုက်သတ်ခဲ့ကြောင်း ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

ပါဝင်ပတ်သက်သူများကို ပြင်းပြင်းထန်ထန်အ​ရေးယူမည်ဟု ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိ​ပေး

တနသ်ာရီတိုင်း ပုလောမြို့နယ် CDM လက်ထောက်ပညာရေးမှူး ဦးသာဝင်းနှင့် အမျိုးသမီးငယ်နှစ်ဦးကို စစ်ဘက်ရေးရာလုံခြုံ ရေးတပ်ဖွဲ့(စရဖ)က ကားဖြင့်တိုက်သတ်ခဲ့ကြောင်း ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

ထိုဖြစ်စဥ်သည် ပုလောမြို့နယ် ဖိုးရှမ်းကမ်းခြေအနီးမှာ ဒီဇင်ဘာ ၁၂ ရက်ည ၇ နာရီဝန်းကျင်က ဖြစ်ပွားပြီး အရှိန်ပြင်းစွာ တိုက်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဥ်မောင်သူ ဦးသန်းရှိန်သည် ပြည်ခိုင်ဖြိုးပါတီထောက်ခံသူဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကို ထောက် ခံသူဖြစ်ကြောင်းလည်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဦးသာဝင်းကို မတိုက်ခင်မှာ လမ်းဘေးရပ်စကားပြောနေတဲ့ ကလေးမလေးဦးကို တိုက်တာ နှစ်ဦးက ပွဲချင်းပြီးပဲ။တစ်ယောက်ကတော့ ခြေထောက်နဲ့ခါးထိလို့ ဆေးရုံတင်ထားရတယ်”ဟု ၎င်းက ပြောသည်။

ဦးသာဝင်းနှင့် အမျိုးသမီးငယ်နှစ်ဦးကို ရည်ရွယ်ချက်ရှိရှိကား​​​ဖြင့်တိုက်သတ်ခဲ့ဖြစ်စဥ်မှ အကြမ်းဖက်လုပ် ဆောင်ခဲ့သူနှင့် ပါဝင်ဆက်စပ်သူများကို ပြင်းပြင်း ထန်ထန်အပြစ်ပေး အရေးယူမည်ဟု ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (ဒီဇင်ဘာ ၁၃ ရက်)တွင် ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ကရင်နီ​တော်လှန်​ရေးအဖွဲ့များ၏ ခုခံတိုက်ခိုက်မှု​ကြောင့် စစ်သား ၂၀၀၀ ​ကျော်​သေဆုံးခဲ့​ကြောင်းသိ့ရသည်။

သတင်း

ယနေ့ (အောက်တိုဘာ ၅ရက်)တွင် လကျရောက်သည့် (၂၉)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ကိုမြန်မာနိုင်ငံတွင် CDM ဆရာ၊ ဆရာများအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို ခုခံတော်လှန်ရင်း ဖြတ်ကျော်နေကြရကြောင်း ဖော်ပြသည်။

ဆောင်းပါး

အာမခံချက်မရှိတော့သော အဖွဲ့အစည်း နှင့် နေ့စဥ်အပေါ်ဖား အောက်ဖိနေရသည့် တပ်တွင်း ​နေ့စဥ်ဘဝကို သူ စိတ်ကုန်လာခြင်းဖြစ်သည်ဟုဖွင့်ဟသည်။

သတင်း

ယနေ့ အခမ်းအနားတွင် တပ်နှင့်ရဲ CDM သူရဲကောင်း ၁၆ဦးအတွက် တစ်ဦးလျင် ခုနစ်သောင်းကျပ်စီ ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း အသိပေးသည်။