ပါဝင်ပတ်သက်သူများကို ပြင်းပြင်းထန်ထန်အရေးယူမည်ဟု ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေး
တနသ်ာရီတိုင်း ပုလောမြို့နယ် CDM လက်ထောက်ပညာရေးမှူး ဦးသာဝင်းနှင့် အမျိုးသမီးငယ်နှစ်ဦးကို စစ်ဘက်ရေးရာလုံခြုံ ရေးတပ်ဖွဲ့(စရဖ)က ကားဖြင့်တိုက်သတ်ခဲ့ကြောင်း ဒေသခံများက လူထုနွေဦးသို့ ပြောသည်။

ထိုဖြစ်စဥ်သည် ပုလောမြို့နယ် ဖိုးရှမ်းကမ်းခြေအနီးမှာ ဒီဇင်ဘာ ၁၂ ရက်ည ၇ နာရီဝန်းကျင်က ဖြစ်ပွားပြီး အရှိန်ပြင်းစွာ တိုက်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယာဥ်မောင်သူ ဦးသန်းရှိန်သည် ပြည်ခိုင်ဖြိုးပါတီထောက်ခံသူဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကို ထောက် ခံသူဖြစ်ကြောင်းလည်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ဆိုသည်။

“ဦးသာဝင်းကို မတိုက်ခင်မှာ လမ်းဘေးရပ်စကားပြောနေတဲ့ ကလေးမလေးဦးကို တိုက်တာ နှစ်ဦးက ပွဲချင်းပြီးပဲ။တစ်ယောက်ကတော့ ခြေထောက်နဲ့ခါးထိလို့ ဆေးရုံတင်ထားရတယ်”ဟု ၎င်းက ပြောသည်။
ဦးသာဝင်းနှင့် အမျိုးသမီးငယ်နှစ်ဦးကို ရည်ရွယ်ချက်ရှိရှိကားဖြင့်တိုက်သတ်ခဲ့ဖြစ်စဥ်မှ အကြမ်းဖက်လုပ် ဆောင်ခဲ့သူနှင့် ပါဝင်ဆက်စပ်သူများကို ပြင်းပြင်း ထန်ထန်အပြစ်ပေး အရေးယူမည်ဟု ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (ဒီဇင်ဘာ ၁၃ ရက်)တွင် ထုတ်ပြန်သည်။
