Connect with us

Hi, what are you looking for?

သတင်း

ထောင်ဒဏ်တစ်သက်အကျဉ်းချခံရတဲ့ မရှင်ဒေဝီ လွတ်မြောက်လာ

အာဏာသိမ်းစစ်တပ်ရဲ့မတရားဖမ်းဆီးခံရပြီးထောင်ဒဏ် တစ်သက် တစ်ကျွန်း ချခံထားရတဲ့ မှတ်တမ်းရုပ်ရှင်ဖန်တီးသူ မရှင်ဒေဝီ ဒီနေ့ ( မြန်မာနှစ်ဆန်းတစ်ရက်) လွတ်ငြိမ်းမှာ အင်းစိန်ထောင်ကနေလွတ်မြောက်လာပါပြီ။

ဧပြီ – ၁၇ ၊၂၀၂၆/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့မတရားဖမ်းဆီးခံရပြီးထောင်ဒဏ် တစ်သက် တစ်ကျွန်း ချခံထားရတဲ့ မှတ်တမ်းရုပ်ရှင်ဖန်တီးသူ မရှင်ဒေဝီ ဒီနေ့ ( မြန်မာနှစ်ဆန်းတစ်ရက်) လွတ်ငြိမ်းမှာ အင်းစိန်ထောင်ကနေလွတ်မြောက်လာပါပြီ။

မရှင်ဒေဝီ ကို ၂၀၂၃ ခုနှစ် ၊အောက်တိုဘာလလယ်ပိုင်းက ဖမ်းဆီးပြီး အကြမ်းဖက်ပုဒ်မ နဲ့ စွဲချက်တင်ကာ အင်းစိန်ထောင်တွင်းစစ်ခုံရုံးကနေ ထောင်ဒဏ် တစ်သက်ချထားတာပါ။

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အဖြစ် နိုင်ငံတဝန်းအကျဉ်းထောင်တွေကအကျဉ်းသူ ၊အကျဉ်းသား ၄,၀၀၀ ကျော်ကို လွှတ်ပေးမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

လွှတ်ပေးမယ့်သူတွေထဲ နိုင်ငံအရေးအရ ဖမ်းဆီးထားတဲ့ နိုင်ကျဉ်း ဦးရေဘယ်လောက်ပါဝင်မလဲဆိုတာကိုမသိရသေးပါဘူး။

အရင်လွတ်ငြိမ်းတွေမှာတော့ နိုင်ငံရေးအကျဉ်းသားပါဝင်မှု နည်းပါးတယ်လို့ နိုင်ကျဉ်းအရေးဆောင်ရွက်တဲ့အဖွဲ့တွေက ထောက်ပြထားပါတယ်။

စစ်တပ်ရဲ့ တကျော့ပြန်အာဏာသိမ်းမှုအတွင်း လူပေါင်း ၃၀,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း(AAPP) ရဲ့ စာရင်းအရသိရပါတယ်။

ဓာတ်ပုံ – PS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သက်ဆင်ဟာ ထိုင်းနိုင်ငံကို ဆယ်စုနှစ်နဲ့ချီ စွန့်ခွာသွားခဲ့တဲ့တိုင် ဩဇာ အကြီးမားဆုံး နိုင်ငံရေးသမား တစ်ဦးအဖြစ် ဆက်လက် ရပ်တည်နေပြီး ခေတ်သစ် ထိုင်းနိုင်ငံ သမိုင်းမှာ သဘောထား ကွဲလွဲမှုတွေ အနက်ရှိုင်းဆုံး ပေါ်ပေါက်စေခဲ့တဲ့ ဝန်ကြီးချုပ် တစ်ဦးအနေနဲ့လည်း သတ်မှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

ဟေတီမှာ သမ္မတ လုပ်ကြံခံရမှုအပြီး ဝန်ကြီးချုပ် ဟင်နရီ ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဟာ အတော်လေး ယိုင်နဲ့နဲ့ အခြေအနေနဲ့ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေပါတယ်။ အခုဖြစ်ရပ်ကတော့ အစိုးရရဲ့ ပုံရိပ်ကို ပိုပြီးတော့ ထိခိုက် အားနည်းလာစေမယ့် သဘောမျိုး ရှိပါတယ်။

News

"ကျွန်တော်ကို အမှုပိတ်သိမ်းပြီးလွှတ်ပေးလိုက်တယ်။ နောက်ရက်ကျတော့ အကြမ်းဖက်ပုဒ်မနဲ့ ဖမ်းဝရမ်းထုတ်ထားတယ်။ အခုတော့ကျနော်ရှောင်နေရတယ်"ဟု ဗကသကျောင်းသားဟောင်းတစ်ဦးကပြောပါတယ်။

News

စစ်အုပ်စု၏ယခုလုပ်ရပ်အပေါ် ပြင်းထန်စွာရှုံ့ချပြီး နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် AAPP က တောင်းဆိုလိုက်သည်။