Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လုပ်ကြံမှု ကြုံခဲ့ပေမယ့် ဟေတီ ဝန်ကြီးချုပ် အသက်ဘေးက လွတ်မြောက်

ဟေတီမှာ သမ္မတ လုပ်ကြံခံရမှုအပြီး ဝန်ကြီးချုပ် ဟင်နရီ ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဟာ အတော်လေး ယိုင်နဲ့နဲ့ အခြေအနေနဲ့ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေပါတယ်။ အခုဖြစ်ရပ်ကတော့ အစိုးရရဲ့ ပုံရိပ်ကို ပိုပြီးတော့ ထိခိုက် အားနည်းလာစေမယ့် သဘောမျိုး ရှိပါတယ်။

ဟေတီဝန်ကြီးချုပ်ဟာ လက်နက်ကိုင် လုပ်ကြံမှု တစ်ခုနဲ့ ကြုံခဲ့ပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြု ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နိုင်ငံမြောက်ပိုင်း၊ ဂိုနိုင်ဗက်စ်မြို့က ဘုရားကျောင်းမှာ အခမ်းအနားတစ်ခု တက်ရောက်နေတုန်း ဝန်ကြီးချုပ် အေရီရယ်လ် ဟင်နရီကို ပစ်မှတ်ထား တိုက်ခိုက်မှု ကြုံခဲ့တာပါ။ မှတ်တမ်း ဗီဒီယိုတွေထဲမှာတော့ ဟင်နရီနဲ့ ကိုယ်ရံတော် အဖွဲ့တွေဟာ လုံခြုံရေး ယာဉ်တန်းတွေဆီ အသည်းအသန် ဆုတ်ခွာနေတာကို တွေ့ခဲ့ရပါတယ်။

ဟေတီမှာ ဇူလိုင်လတုန်းကလည်း သမ္မတ ဂျိုဗီနဲလ် မွိုင်ဆေး လုပ်ကြံခံခဲ့ရပါသေးတယ်။ အဲဒီဖြစ်စဉ် နောက်ပိုင်း ကတည်းက နိုင်ငံရဲ့ လုံခြုံရေး အခြေအနေက ဆိုးဆိုးရွားရွား ဆုတ်ယုတ် ကျဆင်းလာနေခဲ့ပါတယ်။

ဟေတီ အစိုးရ ပြန်ကြားရေး ဌာနက ဝန်ကြီးချုပ်ဟာ အခု လုပ်ကြံမှုမှာ ဘေးကင်းခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဟင်နရီက ဒီလို လုပ်ကြံမှုမျိုးတွေဟာ နိုင်ငံရဲ့ ဩဇာကြီးမားတဲ့ ဒုစရိုက်ဂိုဏ်းတွေ လက်ချက်လို့ စွပ်စွဲပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ထိထိရောက်ရောက် လက်တုံ့ပြန်သွားမယ်လို့ ကြုံးဝါးထားပါတယ်။

Public Service Announcement

Public Service Announcement

လူရမ်းကားတွေ၊ အကြမ်းဖက်သမားတွေက ဘုရားကျောင်း တဝိုက်မှာ ကြိုတင် နေရာယူ စောင့်ဆိုင်းနေခဲ့ပြီး ဝန်ကြီးချုပ်နဲ့ ဂိုဏ်းအုပ် ဘုန်းတော်ကြီးကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။ အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း လူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။

ဟေတီမှာ သမ္မတ လုပ်ကြံခံရမှုအပြီး ဝန်ကြီးချုပ် ဟင်နရီ ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဟာ အတော်လေး ယိုင်နဲ့နဲ့ အခြေအနေနဲ့ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေပါတယ်။ အခုဖြစ်ရပ်ကတော့ အစိုးရရဲ့ ပုံရိပ်ကို ပိုပြီးတော့ ထိခိုက် အားနည်းလာစေမယ့် သဘောမျိုး ရှိပါတယ်။

သမ္မတကို လုပ်ကြံခဲ့တဲ့ ဖြစ်စဉ်မှာ ကြေးစား သေနတ်သမားတွေ ပါဝင်ခဲ့တယ်လို့ ဟေတီရဲတပ်ဖွဲ့က ကြေညာပေမယ့် နောက်ဆက်တွဲ အသေးစိတ် အကြောင်းအချက်တွေကိုတော့ မသိရသေးပါဘူး။ ဟေတီဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဆိုးရွားလှတဲ့ သဘာဝ ဘေးအန္တရာယ် တချို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့အပြင် နိုင်ငံရေးအရလည်း ရှုပ်ထွေးမှုတွေပါ ကြုံနေရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာဏာပိုင်တွေရဲ့ အင်အားသုံး ဖြိုခွင်းမှုကြောင့် ဆန္ဒပြ လူငယ်တွေ သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး နီပေါ ဝန်ကြီးချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ရွေးကောက်ပွဲမှာ ကိုယ်စားပြုပါတီရဲ့ ရလဒ်တွေ ညံ့ဖျင်းခဲ့တဲ့နောက် ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာဟာ ရာထူးက နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ရာထူးကနေ ယာယီ ဆိုင်းငံ့ ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝတ်ထ်ကို အပြီးတိုင် ဖယ်ရှားဖို့ သင့်မသင့် ထိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးက လကုန်ပိုင်းမှာ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

မနှစ်တုန်းက ရွေးကောက်ပွဲကြို ကာလမှာ အမေရိကန် သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ကို လုပ်ကြံဖို့ အားထုတ်တစ်ခု ဖြစ်ပွားခဲ့ရာမှာ လျှို့ဝှက်အေးဂျင့်တွေက တာဝန်ပျက်ကွက်မှုတွေ အများကြီး ရှိခဲ့တယ်လို့ အမေရိကန် အထက်လွှတ်တော် အစီရင်ခံစာ တစ်စောင်က ဖော်ပြထားပါတယ်။