Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လုပ်ကြံမှု ကြုံခဲ့ပေမယ့် ဟေတီ ဝန်ကြီးချုပ် အသက်ဘေးက လွတ်မြောက်

ဟေတီမှာ သမ္မတ လုပ်ကြံခံရမှုအပြီး ဝန်ကြီးချုပ် ဟင်နရီ ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဟာ အတော်လေး ယိုင်နဲ့နဲ့ အခြေအနေနဲ့ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေပါတယ်။ အခုဖြစ်ရပ်ကတော့ အစိုးရရဲ့ ပုံရိပ်ကို ပိုပြီးတော့ ထိခိုက် အားနည်းလာစေမယ့် သဘောမျိုး ရှိပါတယ်။

ဟေတီဝန်ကြီးချုပ်ဟာ လက်နက်ကိုင် လုပ်ကြံမှု တစ်ခုနဲ့ ကြုံခဲ့ပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့ကြောင်း အာဏာပိုင်တွေက အတည်ပြု ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နိုင်ငံမြောက်ပိုင်း၊ ဂိုနိုင်ဗက်စ်မြို့က ဘုရားကျောင်းမှာ အခမ်းအနားတစ်ခု တက်ရောက်နေတုန်း ဝန်ကြီးချုပ် အေရီရယ်လ် ဟင်နရီကို ပစ်မှတ်ထား တိုက်ခိုက်မှု ကြုံခဲ့တာပါ။ မှတ်တမ်း ဗီဒီယိုတွေထဲမှာတော့ ဟင်နရီနဲ့ ကိုယ်ရံတော် အဖွဲ့တွေဟာ လုံခြုံရေး ယာဉ်တန်းတွေဆီ အသည်းအသန် ဆုတ်ခွာနေတာကို တွေ့ခဲ့ရပါတယ်။

ဟေတီမှာ ဇူလိုင်လတုန်းကလည်း သမ္မတ ဂျိုဗီနဲလ် မွိုင်ဆေး လုပ်ကြံခံခဲ့ရပါသေးတယ်။ အဲဒီဖြစ်စဉ် နောက်ပိုင်း ကတည်းက နိုင်ငံရဲ့ လုံခြုံရေး အခြေအနေက ဆိုးဆိုးရွားရွား ဆုတ်ယုတ် ကျဆင်းလာနေခဲ့ပါတယ်။

ဟေတီ အစိုးရ ပြန်ကြားရေး ဌာနက ဝန်ကြီးချုပ်ဟာ အခု လုပ်ကြံမှုမှာ ဘေးကင်းခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဟင်နရီက ဒီလို လုပ်ကြံမှုမျိုးတွေဟာ နိုင်ငံရဲ့ ဩဇာကြီးမားတဲ့ ဒုစရိုက်ဂိုဏ်းတွေ လက်ချက်လို့ စွပ်စွဲပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ထိထိရောက်ရောက် လက်တုံ့ပြန်သွားမယ်လို့ ကြုံးဝါးထားပါတယ်။

Public Service Announcement

Public Service Announcement

လူရမ်းကားတွေ၊ အကြမ်းဖက်သမားတွေက ဘုရားကျောင်း တဝိုက်မှာ ကြိုတင် နေရာယူ စောင့်ဆိုင်းနေခဲ့ပြီး ဝန်ကြီးချုပ်နဲ့ ဂိုဏ်းအုပ် ဘုန်းတော်ကြီးကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။ အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း လူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။

ဟေတီမှာ သမ္မတ လုပ်ကြံခံရမှုအပြီး ဝန်ကြီးချုပ် ဟင်နရီ ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဟာ အတော်လေး ယိုင်နဲ့နဲ့ အခြေအနေနဲ့ အုပ်ချုပ်ရေး ယန္တရား လည်ပတ်နေပါတယ်။ အခုဖြစ်ရပ်ကတော့ အစိုးရရဲ့ ပုံရိပ်ကို ပိုပြီးတော့ ထိခိုက် အားနည်းလာစေမယ့် သဘောမျိုး ရှိပါတယ်။

သမ္မတကို လုပ်ကြံခဲ့တဲ့ ဖြစ်စဉ်မှာ ကြေးစား သေနတ်သမားတွေ ပါဝင်ခဲ့တယ်လို့ ဟေတီရဲတပ်ဖွဲ့က ကြေညာပေမယ့် နောက်ဆက်တွဲ အသေးစိတ် အကြောင်းအချက်တွေကိုတော့ မသိရသေးပါဘူး။ ဟေတီဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဆိုးရွားလှတဲ့ သဘာဝ ဘေးအန္တရာယ် တချို့နဲ့ ရင်ဆိုင်ခဲ့ရတဲ့အပြင် နိုင်ငံရေးအရလည်း ရှုပ်ထွေးမှုတွေပါ ကြုံနေရတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူလ်ဂန္ဒီကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

ပြည်သူအားလုံးအတွက် ရပ်တည်ပေးတဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဗြိတိန် ဝန်ကြီးချုပ် အလောင်းအလျာ အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။

သတင်း

တပ်ရင်းမှူး ပုလဲမောင်ပစ်ခတ်လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှူးအပါအဝင်ခရိုင်စစ်ဌာန တာဝန်ရှိသူတွေကို တာဝန်မှယာယီရပ်ဆိုင်းထားပြီး အမှုကို စစ်ဆေးနေစဉ်မှာ ယင်းမာပင်ခရိုင်စစ်ဌာနကွပ်ကဲမှု‌အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့တွေကိုစစ်ကိုင်းတိုင်းစစ်ဌာနက တိုက်ရိုက်ကွပ်ကဲသွားမယ်လို့ PDF စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ်။