Connect with us

Hi, what are you looking for?

News

လွတ်မြောက်ပြီးမှ ပြန်လည်အဖမ်းခံရသည့် နိုင်ငံရေးအကျဉ်းသား ၁၁၀ ဦးရှိဟု AAPP ထုတ်ပြန်

စစ်အုပ်စု၏ယခုလုပ်ရပ်အပေါ် ပြင်းထန်စွာရှုံ့ချပြီး နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် AAPP က တောင်းဆိုလိုက်သည်။

(အင်းစိန်အကျဥ်း​ထောင်မှ လွတ်​မြောက်လာသူမျာယအား ​စောင့်ဆိုင်းကြို​နေသူများကို ​အောက်တိုဘာ၁၉ရက်က ​တွေ့ရစဥ်)

အကျဉ်းထောင်အသီးသီးက လွတ်မြောက်ပြီးနောက် ပြန်လည်အဖမ်းခံရသည့် နိုင်ငံရေးအကျဉ်းသား ၁၁၀ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယနေ့(​​အောက်တိုဘာ၂၁) ထုတ်ပြန်လိုက်သည်။

ထိုသို့ ပြန်လည်ဖမ်းဆီးခံရသူများတွင် ထောက်ဗူးဝရောက်မှ ပြန်အဖမ်းခံရသူများရှိသလို နေအိမ်သို့ပြန်ရောက်ချိန်မှ ထပ်မံဖမ်းဆီးခံရသူများလည်းရှိပြီး အမှန်တစ်ကယ် ပြအဖမ်းခံရသည့်အရေအတွက်မှာ ယခုထက်ပိုနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ပြန်လွှတ်ပြီးမှ ယခုကဲ့သို့ ပြန်လည်ဖမ်းဆီးအကျဉ်းချသည့် စစ်ကောင်စီ၏လုပ်ရပ်မှာ နိုင်ငံရေးအကျဉ်းသားများ၏ မျှော်လင့်ချက်အား ရိုက်ချိုးယုံမျှမက မိသားစုဝင်များ ကလေးသူငယ်များအပေါ် ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာ ရက်စက်ကြမ်းကြုတ်မှုပင်ဖြစ်ကြောင်း AAPPက ထောက်ပြထားသည်။

ထို့ကြောင့် စစ်အုပ်စု၏ယခုလုပ်ရပ်အပေါ် ပြင်းထန်စွာရှုံ့ချပြီး နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် AAPP က တောင်းဆိုလိုက်သည်။

Public Service Announcement

Public Service Announcement

ယင်းအပြင် ရက်စက်ကြမ်းကြုတ်သည့် စစ်အုပ်စု၏ လုပ်ရပ်များကို AAPP အနေဖြင့် ဖော်ထုတ်သွားမည်ဖြစ်ပြီး ထိုဖော်ထုတ်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ထိရောက်သည့်အရေးယူဆောင်ရွက်မှုများပြုလုပ်ပေးရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ အာဆီယံခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။

သတင်း

သမ္မတဦးဝင်းမြင့်ကို မိသားစုနဲ့တွေ့ဆုံစေတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းတာ တွေဟာ စစ်အုပ်စုရဲ့နိုင်ငံရေးလှည့်စားချက်ဟု ထုတ်ပြန်

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံအခြေအနေ တိုးတက်လာဖို့ ဆက်လက်ကြိုးပမ်းလုပ်ဆောင်မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဒီကနေ့ကဆုန်လပြည့်နေ့မှာ အကျဉ်းသား ၁,၅၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုပေမဲ့ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ပါဝင်လာခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် PPNM ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။