Connect with us

Hi, what are you looking for?

LuduNwayOo

News

လွတ်မြောက်ပြီးမှ ပြန်လည်အဖမ်းခံရသည့် နိုင်ငံရေးအကျဉ်းသား ၁၁၀ ဦးရှိဟု AAPP ထုတ်ပြန်

စစ်အုပ်စု၏ယခုလုပ်ရပ်အပေါ် ပြင်းထန်စွာရှုံ့ချပြီး နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် AAPP က တောင်းဆိုလိုက်သည်။

(အင်းစိန်အကျဥ်း​ထောင်မှ လွတ်​မြောက်လာသူမျာယအား ​စောင့်ဆိုင်းကြို​နေသူများကို ​အောက်တိုဘာ၁၉ရက်က ​တွေ့ရစဥ်)

အကျဉ်းထောင်အသီးသီးက လွတ်မြောက်ပြီးနောက် ပြန်လည်အဖမ်းခံရသည့် နိုင်ငံရေးအကျဉ်းသား ၁၁၀ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယနေ့(​​အောက်တိုဘာ၂၁) ထုတ်ပြန်လိုက်သည်။

ထိုသို့ ပြန်လည်ဖမ်းဆီးခံရသူများတွင် ထောက်ဗူးဝရောက်မှ ပြန်အဖမ်းခံရသူများရှိသလို နေအိမ်သို့ပြန်ရောက်ချိန်မှ ထပ်မံဖမ်းဆီးခံရသူများလည်းရှိပြီး အမှန်တစ်ကယ် ပြအဖမ်းခံရသည့်အရေအတွက်မှာ ယခုထက်ပိုနိုင်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ပြန်လွှတ်ပြီးမှ ယခုကဲ့သို့ ပြန်လည်ဖမ်းဆီးအကျဉ်းချသည့် စစ်ကောင်စီ၏လုပ်ရပ်မှာ နိုင်ငံရေးအကျဉ်းသားများ၏ မျှော်လင့်ချက်အား ရိုက်ချိုးယုံမျှမက မိသားစုဝင်များ ကလေးသူငယ်များအပေါ် ရုပ်ပိုင်းဆိုင်ရာ/စိတ်ပိုင်းဆိုင်ရာ ရက်စက်ကြမ်းကြုတ်မှုပင်ဖြစ်ကြောင်း AAPPက ထောက်ပြထားသည်။

ထို့ကြောင့် စစ်အုပ်စု၏ယခုလုပ်ရပ်အပေါ် ပြင်းထန်စွာရှုံ့ချပြီး နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် AAPP က တောင်းဆိုလိုက်သည်။

Public Service Announcement

Public Service Announcement

ယင်းအပြင် ရက်စက်ကြမ်းကြုတ်သည့် စစ်အုပ်စု၏ လုပ်ရပ်များကို AAPP အနေဖြင့် ဖော်ထုတ်သွားမည်ဖြစ်ပြီး ထိုဖော်ထုတ်မှုများကို နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ထိရောက်သည့်အရေးယူဆောင်ရွက်မှုများပြုလုပ်ပေးရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထောင်ဝတ်စုံနှင့် သံခြေချင်းခတ်ထားသည့် အကျဥ်းသား ၁၁ ဦးခန့်အား သေနတ်ကိုင်ထားသည့် စစ်ကောင်စီတပ်သားများနှင့်ရဲများက အချုပ်ကားပေါ်တင်၍ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

နိုင်ငံတကာ

သက်ဆင်ဟာ ထိုင်းနိုင်ငံကို ဆယ်စုနှစ်နဲ့ချီ စွန့်ခွာသွားခဲ့တဲ့တိုင် ဩဇာ အကြီးမားဆုံး နိုင်ငံရေးသမား တစ်ဦးအဖြစ် ဆက်လက် ရပ်တည်နေပြီး ခေတ်သစ် ထိုင်းနိုင်ငံ သမိုင်းမှာ သဘောထား ကွဲလွဲမှုတွေ အနက်ရှိုင်းဆုံး ပေါ်ပေါက်စေခဲ့တဲ့ ဝန်ကြီးချုပ် တစ်ဦးအနေနဲ့လည်း သတ်မှတ် ခံခဲ့ရပါတယ်။

ဆောင်းပါး

စက်တင်ဘာလ ၇ ရက်နေ့တွင်လည်း ဒုတာဝန်ခံအရာရှိ ထောင်ပိုင်လေးက စာအုပ်များကို အိပ်ရာပေါ်တင်ထားခဲ့ရန်နှင့် မိမိတို့ခွင့်ပြုထားပါလျက် သိမ်းဆည်းခံရပါက ပြန်ပေးမည်ဟု ထပ်မံပြောကြားခဲ့သည်။

သတင်း

နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အထက်ပါဆိုးရွားသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို ရည်ရွယ်ချက်ရှိစွာ ကျူးလွန်နေသော စစ်အုပ်စုကို ယခုထက်ပိုမို၍ ဖိအားပေး အရေးယူရန် လိုအပ်ကြောင်း AAPP တာ၀န်ရှိသူက တိုက်တွန်းသည်။