Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်-မော်လမြိုင်လမ်းပိုင်းမှာ ခရီးသည်တင်ယာဉ်နဲ့ ဘုရားဖူးယာဉ်တိုက်မိပြီး သံဃာ ၈ပါးအပါအဝင် ၁၁ဦးသေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ အဝေးပြေးယာဥ်နဲ့ ဘုရားဖူးယာဉ် တိုက်မှုဖြစ်ပြီး သံဃာ ၈ပါး အပါအဝင် ၁၁ဦးသေဆုံးတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတာဝန်ရှိသူတချို့က ပြောပါတယ်။

ယာဉ်တိုက်မှုဖြစ်ပြီူနောက် တွေ့ရစဉ်။ ဓာတ်ပုံ - မင်းသားကြီး- အဖြူရောင်နှလုံးသား လူမှုကယ်ဆယ်ရေးသထုံ

ဧပြီ-၁၈၊၂၀၂၆။ဖိုးသား၊တေဇ/People’s Spring

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ အဝေးပြေးယာဥ်နဲ့ ဘုရားဖူးယာဉ် တိုက်မှုဖြစ်ပြီး သံဃာ ၈ပါး အပါအဝင် ၁၁ဦးသေဆုံးတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတာဝန်ရှိသူတချို့က ပြောပါတယ်။

ဒီကနေ့(ဧပြီ ၁၈ ရက်)ညနေ ၄နာရီကျော်က ရန်ကုန်-မော်လမြိုင်လမ်းပိုင်းရှိ မိုင်တိုင်အမှတ် (၁၀၄/၅) အနီးမှာ မန္တလာခရီးသည်တင်ယာဉ်နဲ့ ဘုရားဖူးယာဉ် လိုက်ထရပ် တိုက်မိခဲ့တာလို့ ဆိုပါတယ်။

“မော်လမြိုင်ဘက်ကလာတဲ့ Expressကားနဲ့ မျက်နှာချင်းဆိုင်လာတဲ့ လိုက်ထရပ်ကား တိုက်သွားတာပါ။လိုက်ထရပ်ပေါ်က အသေအပျောက်ထိခိုက်တာ များတယ်”လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လိုက်ထရပ်ယာဥ်ပေါ်မှာ သံဃာတွေအပါအဝင် ၁၉ ဦးပါရှိပြီး သံဃာတော် ခုနစ်ပါး၊ ကိုရင် တစ်ပါးနဲ့ အမျိုးသားသုံးဦး စုစုပေါင်း ၁၁ဦးသေဆုံးတယ်လို့ အသိပေးပါတယ်။

“ခရီးသည်တင်ယာဉ်ပေါ်ပါရှိသူတွေကတော့ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူး”လို့ အကြင်နာတွဲလက်အ သင်းတာဝန်ရှိသူက ပြောပါတယ်။

ပျံလွန်တော်မူသွားတဲ့ သံဃာတော်တွေက ပေါ်တော်မူရွှေဟင်္သာကျောင်းတိုက်က ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လိုက်ထရပ်ယာဉ်ပေါ်မှာ လိုက်ပါလာသူ ၁၉ ဦးရှိပြီး ဒဏ်ရာရရှိတဲ့ သံဃာ ၅ ပါးနဲ့ အမျိုးသားသုံးဦးကို လူမှုကူညီရေးအသင်း‌တွေက သထုံပြည်သူ့ဆေးရုံနဲ့သိမ်ဆိပ်တိုက်နယ်ဆေးရုံတွေကိုပို့ဆောင်ပေးခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေက ထုတ်ပြန်ထားပါတယ်။

ခရီးသွားပြည်သူတွေအနေနဲ့ လမ်းခရီးမှာ အမြဲသတိရှိကြဖို့နဲ့ ယာဉ်ကို ဂရုတစိုက်မောင်းနှင်ကြဖို့ လည်း သူက တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံဟာ ယာဥ်တိုက်မှုတွေကြောင့် လူအသေအပျောက်ထိခိုက်သူအများဆုံး နိုင်ငံစာရင်းပါရှိနေဆဲပဲလို့ အမျိုးသားယာဥ်အန္တရာယ်လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ(NRSC)က ၂၀၂၄က ထုတ်ပြန်ထားပါတယ်။

NRSCရဲ့စာရင်းတွေအရ တစ်နှစ်ကို ယာဥ်တိုက်မှုပေါင်း ၃၀၀၀နဲ့ ၄၀၀၀အထက်ရှိပြီး သေဆုံးသူအနည်းဆုံး ၂၀၀၀ကျော်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ် ၊ သထုံမြို့နယ်၊ ရန်ကုန် - မော်လမြိုင်သွားကားလမ်းပေါ်မှာကားချင်း မျက်နှာချင်းဆိုင်တိုက်မိတာကြောင့် ကားပေါ်လိုက်ပါလာတဲ့ ဘုန်းကြီး ရှစ်ပါး အပါအဝင် ၁၁ ဦးသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးသူထံကသိရပါတယ်။

သတင်း

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၁၈ မိုင် ၄ ဖာလုံမှာ ဒီနေ့ (မတ်လ ၂၈ ရက်) မနက်ပိုင်းက အိမ်စီးကားတစီး တိမ်းမှောက်တာကြောင့် ကားပေါ်မှာ ပါလာသူသုံးဦးသေဆုံးခဲ့တယ်လို့ မီးသတ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံ စစ်ဆေးရေးဂိတ်အနီးမှာ Express ယာဉ်နဲ့ Light Truck တိုက်မိပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကရုဏာရှင်လူမှူကူညီရေးအသင်းကအသိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ ဆီပုံးတွေတင်လာတဲ့ကားကို ဆိုင်ကယ်က ဝင်တိုက်မိလို့ မီးလောင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၃ဦး သေဆုံးခဲ့ပါတယ်။