Connect with us

Hi, what are you looking for?

သတင်း

သထုံမှာ ကားချင်းတိုက်မိလို့ ဘုန်းကြီးရှစ်ပါး အပါအဝင် ၁၁ ဦးသေဆုံး

မွန်ပြည်နယ် ၊ သထုံမြို့နယ်၊ ရန်ကုန် – မော်လမြိုင်သွားကားလမ်းပေါ်မှာကားချင်း မျက်နှာချင်းဆိုင်တိုက်မိတာကြောင့် ကားပေါ်လိုက်ပါလာတဲ့ ဘုန်းကြီး ရှစ်ပါး အပါအဝင် ၁၁ ဦးသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးသူထံကသိရပါတယ်။

ဓာတ်ပုံ - မီးသတ် 

ဧပြီ – ၁၈ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

မွန်ပြည်နယ် ၊ သထုံမြို့နယ်၊ ရန်ကုန် – မော်လမြိုင်သွားကားလမ်းပေါ်မှာကားချင်း မျက်နှာချင်းဆိုင်တိုက်မိတာကြောင့် ကားပေါ်လိုက်ပါလာတဲ့ ဘုန်းကြီး ရှစ်ပါး အပါအဝင် ၁၁ ဦးသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးသူထံကသိရပါတယ်။

ရန်ကုန် – မော်လမြိုင်သွားကားလမ်း မိုင်တိုင်အမှတ် (၁၀၄/၅) အနီးမှာ ဒီနေ့ (ဧပြီလ ၁၈ရက်) ညနေ ၄ နာရီဝန်းကျင်က ခရီးသည်တင် အဝေးပြေးကားနဲ့ ဘုန်းကြီးတွေလိုက်ပါလာတဲ့ ဟိုက်ဂျက်ကား (Hiject ) ကားတို့ မျက်နှာချင်းဆိုင်တိုက်မိတာပါ။

အခင်းဖြစ်တဲ့နေရာမှာတင် ကိုရင်ငယ်တစ်ပါး၊ ဘုန်းကြီးငါးပါးနဲ့ အမျိုး သားသုံးဦး စုစုပေါင်း ကိုးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ နေရာမှာတင် ဆုံးတာက ကိုး ဦးပါ၊ ဆေးရုံရောက်မှာ ဆုံးတာ နှစ် ဦး ပါ “ လို့ လူမူကူညီရေး လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

ဒါကြောင့် ယာဉ်တိုက်မှု ဖြစ်စဉ်မှာ ဘုန်းကြီး ခုနှစ် ပါး ၊ ကိုရင် တစ်ပါး စုစုပေါင်း ရှစ်ပါး ပျံလွန်တော်မူပြီး ကျန်တဲ့သုံးဦးကတော့ အမျိုးသားသုံးဦး ဖြစ်တယ်လို့သိရပါတယ်။

ဒါအပြင်ကားပေါ်ပါလာတဲ့ကျန်တဲ့ ဘုန်းကြီးတွေ အပါအဝင် ရှစ် ဦးလည်း ထိခိုက်ဒဏ်ရာခဲ့ပါသေးတယ်။

ထိခိုက်ဒဏ်ရာရသူတွေကိုတော့ သထုံဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ အဝေးပြေးယာဥ်နဲ့ ဘုရားဖူးယာဉ် တိုက်မှုဖြစ်ပြီး သံဃာ ၈ပါး အပါအဝင် ၁၁ဦးသေဆုံးတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတာဝန်ရှိသူတချို့က ပြောပါတယ်။

သတင်း

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၁၈ မိုင် ၄ ဖာလုံမှာ ဒီနေ့ (မတ်လ ၂၈ ရက်) မနက်ပိုင်းက အိမ်စီးကားတစီး တိမ်းမှောက်တာကြောင့် ကားပေါ်မှာ ပါလာသူသုံးဦးသေဆုံးခဲ့တယ်လို့ မီးသတ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံ စစ်ဆေးရေးဂိတ်အနီးမှာ Express ယာဉ်နဲ့ Light Truck တိုက်မိပြီး အမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကရုဏာရှင်လူမှူကူညီရေးအသင်းကအသိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ ဆီပုံးတွေတင်လာတဲ့ကားကို ဆိုင်ကယ်က ဝင်တိုက်မိလို့ မီးလောင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၃ဦး သေဆုံးခဲ့ပါတယ်။