Connect with us

Hi, what are you looking for?

သတင်း

ဖက်ဒရယ်ဦးဆောင်ကောင်စီ-SCEFကိုထောက်ခံကြောင်း နဲ့ စစ်အုပ်စုရဲ့သမ္မတအတုကိုကန့်ကွက်ကြောင်း ကိုရီးယားရောက်မြန်မာတွေ ဆန္ဒပြ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်ကောင်စီရဲ့စစ်သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ကိုကြိုဆိုထောက်ခံကြောင်းနဲ့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲက သမ္မတအတုဆိုတာကို လက်မခံကြောင်းကန့်ကွက်ဆန္ဒပြပွဲကို ဒီကနေ့ (ဧပြီ ၁၉)မှာ ပြုလုပ်ခဲ့ပါတယ်။

ဧပြီ-၁၉၊၂၀၂၆။ သုည/People’s Spring

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်ကောင်စီရဲ့စစ်သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ကိုကြိုဆိုထောက်ခံကြောင်းနဲ့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲက သမ္မတအတုဆိုတာကို လက်မခံကြောင်းကန့်ကွက်ဆန္ဒပြပွဲကို ဒီကနေ့ (ဧပြီ ၁၉)မှာ ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း တက်ရောက်ကာ ညီညွတ်ရေးကို အလေးထားဖို့နဲ့ တော်လှန်ရေးစိတ်ဓာတ် ယိုင်းယိမ်မသွားကြဖို့ တော်လှန်ရေးစကား တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ယင်းထောက်ခံပွဲနဲ့ ကန့်ကွက်ပွဲရဲ့ သဘောထား ထုတ်ပြန်ကြေညာချက်ကိုလည်း တောင်ကိုရီးယားအခြေစိုက် မြန်မာတော်လှန်ရေးအဖွဲ့အစည်း ၄၀ နဲ့ ကိုရီးယား အရပ်ဘက်အဖွဲ့အစည်းတွေက ပူးပေါင်းထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ကို မြန်မာ့ ဒီမိုကရေစီခရီးရဲ့ မျှော်လင့်ချက်ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း၊ မြန်မာပြည်သူလူထုရဲ့ ရည်မှန်းချက်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးအတွက်မရှိမဖြစ် လိုအပ်သော စုစည်းညီညွတ်မှုကို စတင်ဖော်ဆောင်ခြင်းဖြစ်တဲ့အတွက်ထောက်ခံကြိုဆိုကြောင်း ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကဖြစ်ပေါ်လာတဲ့ သမ္မတအတု မင်းအောင်လှိုင်ကို လုံးဝ လက်မခံ အသိအမှတ်မပြုကြောင်း၊ မင်းအောင်လှိုင်ဟာ စစ်ရာဇဝတ်ကောင် ဖြစ်ကြောင်း အကျယ်တဝင့် ဖော်ပြထားပါတယ်။

စစ်အုပ်စုက အရပ်သားတွေအပေါ် တိုက်ခိုက်မှုနဲ့နိုင်ငံရေးဖိနှိပ်မှုများကို လုံးဝရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ အတုအယောင် ရွေးကောက်ပွဲနဲ့အရပ်သားအစိုးရဟု အမည်တပ်ထားမှုအပေါ် မည်သည့်တရားဝင်မှုမျှ မပြုကြဖို့၊ နိုင်ငံတကာအသိုက်အဝန်းက NUG နဲ့ SCEF အပါအဝင် ပြည်တွင်းပြည်ပ မြန်မာ့ဒီမိုကရေစီအင်အားစုတွေရဲ့ ကြိုးပမ်းမှုတွေမှာ ပူးပေါင်းပါဝင်ပေးဖို့၊ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေကို တိုးမြှင့်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ဆန္ဒပြပွဲမှာစစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ၊ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်(MFDMC)၊ NLD OC Korea နဲ့ တော်လှန်ရေးအဖွဲ့ အသီးသီးမှ ရဲဘော်တွေက တော်လှန်ရေးစကားပြောကြားခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ရှပ်ပြာကင်ပိန်းကိုလည်း ထည့်သွင်း ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ – MFDMC

ဆက်စပ်သတင်းများ

သတင်း

မြန်မာနွေဦးတော်လှန်ရေးအပြီးသတ်အောင်ပွဲရရှိဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ရုန်းကန်ကြိုးစားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ လုပ်ဆောင်မှု​တွေကို ထောက်ခံကြောင်း အကျဉ်းထောင်တခုမှာ အကျဉ်းကျခံနေရတဲ့ တော်လှန်ရေးရဲဘော်တွေက သဘောထား ကြေညာချက်ကို ​ထောင်အတွင်းမှစာ​ရေးသား ထုတ်ပြန်လိုက်ပြီး SCEFကို ပံ့ပိုးကူညီကြဖို့ အတူလက်တွဲဆောင်ရွက်ကြဖို့ ​တော်လှန်​ရေးအင်အားစု​တွေကိုတိုက်တွန်းထားပါတယ်။

သတင်း

စစ်မှန်တဲ့ လွတ်လပ်မှုနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ ပေါ်ထွန်းရေးကြိုးပမ်းနေချိန်ဖြစ်လို့ ညီညွတ်စွာ ဝိုင်းဝန်းကြိုးပမ်းကြဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ခေါင်းဆောင်တွေက တိုက်တွန်းပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

Facebook