Connect with us

Hi, what are you looking for?

သတင်း

ဝေါ​လေဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲ အထိနာ​နေတဲ့စစ်တပ်တစ်​နေ့တည်း​ဗုံး၁၆ကြိမ်​ကျော်ကြဲ

မြန်မာ-ထိုင်းနယ်စပ်က စစ်တပ်ရဲ့ ​အ​​​ရေးပါတဲ့ဝေါ်လေဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အထိနာလို့ ဒီကနေ့တစ်ရက်တည်း လေကြောင်းကနေ အနည်းဆုံး ၁၆ကြိမ် ဗုံးကြဲပစ်ကူပေးခဲ့တယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

​ဝေါ​လေဗျူဟာကုန်းကိုစစ်ကူသွာဖို့တက်လာတဲ့စစ်​ကြောင်း​တွေကို KNLA ၊PDF၊KNDO စတဲ့ပူး​ပေါင်းတပ်​တွေက ဖြတ်​တောက်ပိတ်ဆို့တိုက်ခိုက်​နေစဥ်။ ။ဓါတ်ပုံ-​Cobra လက်ရုံးတပ်

■​ဝေါ​လေဗျူဟာကို စစ်တပ်ကစစ်ကူပို့ဖို့တရုတ်ကတဆင့်ထိုင်းကိုဖိအား​ပေးပြီး ထိုင်းဘက်မှပတ်ဝင်ဖို့ပြင်​နေတယ်လို့သတင်းရထား​ကြောင်း Justice Soldierတပ်ဖွဲ့မှူး​ပြော

ဧပြီ-၂၇၊၂၀၂၆။နွေဦး/People’s Spring

မြန်မာ-ထိုင်းနယ်စပ်က စစ်တပ်ရဲ့ ​အ​​​ရေးပါတဲ့ဝေါ်လေဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က အထိနာလို့ ဒီကနေ့တစ်ရက်တည်း လေကြောင်းကနေ အနည်းဆုံး ၁၆ကြိမ် ဗုံးကြဲပစ်ကူပေးခဲ့တယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

မြဝတီမြို့တောင်ဘက်ကစစ်တပ်ရဲ့ ​အ​​​ရေးပါတဲ့ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက စခန်းသိမ်းတိုက်ပွဲအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်​နေတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

KNLAဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်​မှုကြောင့် ဝေါ်လေဗျူဟာတပ်စခန်းက စစ်သားတွေ သေဆုံးမှုများနေလို့ စစ်တပ်က ဧပြီ ၂၇ရက် တစ်ရက်တည်း ဂျက်ဖိုက်တာနဲ့ အနည်းဆုံး ၁၆ကြိမ် ဗုံးကြဲ ပစ်ကူပေးခဲ့တာလို့ ဆိုပါတယ်။

“ဂျက်ဖိုက်တာနဲ့ ၁၆ကြိမ်လောက်လာတယ်ဆိုတော့ သူတို့အနေအထားက ဘာဆိုတာ သိနေတာပဲ။ သူတို့အထိမနာရင် အဲလောက်မလာဘူး”လို့ လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ဒါ့အပြင် ဝေါ်လေဗျူဟာရဲ့ ကာကင်းစခန်းအချို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေကထပ်မံသိမ်းရထားတယ်လို့လည်း သတင်းရရှိပါတယ်။

စစ်တပ်ကဝေါ်လေဗျူဟာကိုစစ်ကူပို့နိုင်ဖို့လ​ပေါင်း

များစာကတည်းက စစ်ကူပို့ဖို့ ကြိုးစား​နေတာဖြစ်​ပေမယ့် မင်းလက်ပံ နဲ့ ဖလူးရွာက​နေ ​​ရှေ့မတိုးနိုင်ပဲ KNLA ၊PDF ၊KNDO ပူး​ပေါင်းတပ်​တွေရဲ့ ဖြတ်​တောက်တိုက်ခိုက်မှုကိုခံ​နေရတာ ဖြစ်ပါတယ်။

ဝေါ်လေဗျုဟာစခန်းကုန်းကိုပူးပေါင်းတပ်တွေက ဝန်းရံပိတ်ဆို့ထားတာကြောင့် အခုရက်ပိုင်းအတွင်း ခဲယမ်းရိက္ခာကို လေယာဉ်နဲ့ စစ်ကောင်စီက ချပေးနေတယ်လို့ ကရင်သတင်းရင်းမြစ်က အသိပေးပါတယ်။

ဝေါ်လေဗျူဟာကုန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကကာလရှည်ပိတ်ဆို့ဖြတ်​တောက်ထားပြီးမှစတင်

တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာကုန်းဟာ ဝေါ်လေကျေးရွာရဲ့ တောင်ဘက်မှာ တည်ရှိပါတယ်။

​တော်လှန်​ရေးတပ်​တွေက မြန်မာ-ထိုင်းနယ်စပ်တ​လျှောစပ်တပ်ရဲ့စခန်းတွေကို ဆက်တိုက်သိမ်းပိုက်လျက်ရှိရာ ၂၀၂၅ မေလ ၂၃ ရက်နောက်ပိုင်းမှာ ဘလက်ဒိုတပ်စခန်း၊ ကနဲလေးတပ်စခန်း၊ ရွှေအေးမြိုင်တပ်စခန်း၊ ဘုရင့်နောင်တပ်စခန်း၊ မော်ခီးတပ်စခန်း၊ သေ့ဘောဘိုးတပ်စခန်းနဲ့ ထိကပလယ်တပ်စခန်းစတဲ့စခန်း​တွေကိုဆက်တိုက် သိမ်းပိုက်ခဲ့ပါတယ်။ဒါ​ကြောင့် မြဝတီ​တောင်ဘက် နယ်စပ်မှာ ​ဝေါ​လေဗျူဟာပဲ အဓိကကျန်ရှိ​တော့တာဖြစ်ပါတယ်။

ဒါအပြင် ထပ်မံရရှိတဲ့သတင်းအရ Justice Soldier တပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူးမန်းဇွဲက ဒီကနေ့

(ဧပြီ၂၇)ညဦးပိုင်းမှာပဲ စစ်တပ်ကဝေါ်လေဗျူဟာကုန်းကို စစ်ကူပို့နိုင်ဖို့ တရုတ်အစိုးရဖိအားနဲ့ ထိုင်းနိုင်ငံကို အကူအညီတောင်းပြီး အဲဒီဘက်ခြမ်းကနေ စစ်ကူပို့ဖို့ ပြင်ဆင်နေတယ်လို့ သတင်းရထားကြောင်း ပြည်သူလူထုကို အသိပေးထားပါတယ်။

Justice Soilder တပ်ဖွဲ့က ​ဝေါ​လေဗျူဟာကုန်းသိမ်းတိုက်ပွဲမှာ ပါဝင်နေတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။

“တရုတ်ရဲ့ဖိအားနဲ့ ထိုင်းဘက်ကို အကူညီတောင်းပြီးတော့ နယ်စပ်တနေရာကနေပြီးတော့မှ ဒီကောင်တွေ အုပ်စုလိုက်ကူးလာပြီးတော့မှ ဝေါ်လေဗျူဟာကို လာကူဖို့ ရှိတယ်ပေါ့။ အဲတော့ မြဝတီတောင်ဘက်ခြမ်း မြဝတီကနေပေါ့ သောင်ရင်းမြစ်တကျောမှာနေတဲ့ ပြည်သူလူထုတွေအနေနဲ့ ပုံမှန်မဟုတ်တဲ့ လူစုလူဝေးတွေတွေ့ရင် ပုံမှန်မဟုတ်တဲ့ အုပ်စုအဖွဲ့တွေတွေ့ရင် ပုံမှန်မဟုတ်တဲ့ ကားတန်းတွေတွေ့ရင် ကျနော်တို့ကို လာရောက်သတင်းပေးခြင်းအားဖြင့် တော်လှန်ရေးကို လုပ်ပါလို့ ပြောချင်ပါတယ်”လို့ တပ်ဖွဲ့မှူးမန်းဇွဲက ပြောပါတယ်။

လက်တလော ဝေါ်လေဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူစစ်တပ်က ထိခိုက်မှုများနေပြီး လေကြောင်းကနေ အုပ်စုဖွဲ့ဗုံးကြဲနေတယ်လို့လည်း သူကဆက်ပြောပါတယ်။

“ရန်သူအထိခိုက်များနေတဲ့အပေါ်မှာ ရန်သူကအခု ဘာလုပ်လဲဆိုတော့ ဘူးလက်လှဆွေပြောတဲ့စကားအတိုင်းပဲ ငြိမ်းချမ်းရေးခေါ်လို့မလာရင် ဗုံးကြဲမယ်ဆိုတဲ့အတိုင်းပဲ ဗျူဟာကုန်းရဲ့ ရှိတဲ့ ရွာတွေကို အခြောက်တိုက် အုပ်စုဖွဲ့ပျံသန်းပြီးတော့မှ ဗုံးကြဲ ပြီးတော့မှ ဒီဒေသခံတွေနဲ့ ကျနော်တို့နဲ့ အဆင်မပြေအောင် လုပ်နေတာတွေ ရှိတယ်”လို့ တပ်ဖွဲ့မှူးမန်းဇွဲက ပြောပါတယ်။

နယ်စပ်တ​​ကြောမှာ​နေတဲ့ပြည်သူ​တွေအ​နေနဲ့ လုံခြုံ​ရေးသတိထားပြီး နိုးနိုးကြားကြား​နေကြဖို့လည်း Justice Soldier တပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူးက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေပြီး စစ်တပ် သေဆုံးထိခိုက်မှုများ

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ၏ အမှတ် ၂၆၈ ​ခြေလျင်တပ်ရင်း(ခလရ-၂၆၈)တပ်ရင်းကိုချင်းညီနောင်မဟာမိတ်များက သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်အချိုကဧပြီ ၇ရက်တွင်ပြောသည်။

သတင်း

ကချင်ပြည်နယ် ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်တို့က စက်တင်ဘာ ၂၉ရက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာ ရရှိခဲ့သည်။

သတင်း

၂၀၂၃နှစ်ကုန်ပိုင်းတွင် ပြည်သူ့တော်လှန်ရေးသည် အလှည့်အပြောင်း အမှတ်သို့ရောက်ရှိသွားခဲ့ရာ စစ်ရေးအရတော်လှန်ရေးအင်အားစုများအနေဖြင့် မဟာဗျုဟာခံစစ် အနေအထားမှ မဟာဗျုဟာထိုးစစ်အနေအထားသို့ ပြောင်းလဲဆင်နွှဲနိုင်ခဲ့သည်ဟု ဆိုသည်။