Connect with us

Hi, what are you looking for?

News

ချင်းတွင်းမြစ်တွင် သောင်တင်နေသည့် စစ်ကောင်စီရေယာဥ်များကို ဖောက်ခွဲတိုက်ခိုက် ၊စစ်ကောင်စီတပ်မှ ၁၀ ဦးခန့်သေ

“မြစ်လယ်မှာသောင်တင်နေတာဆိုတော့ ကျွန်တော်တို့က ဖောင်ဖွဲ့ပြီး အဲဒီဖောင်ပေါ်မှာ မိုင်းတင်တိုက်တာပေါ့။ ဖောင်က ငှက်ပျောဖောင်၊ မိုင်းကတော့ အဝေးထိန်းနဲ့ ဖောက်ခွဲတာဖြစ်ပါတယ်”ဟု KLG – PDF မှ ပြန်ကြား ရေး တာဝန်ရှိသူက ပြောသည်။

(ဒေသကာကွယ်ရေး မဟာမိတ်အဖွဲ့များတိုက်ခိုက်မှုကြောင့် ဒီဇင်ဘာ ၁၂ ရက်က မဲဒင်ရွာကျွန်းခုံအနီး စစ်ကောင်စီရေယာဥ်တစ်စီးနစ်မြုပ်​နေစဥ်)

ချင်းတွင်းမြစ်လယ်တွင် သောင်တင်နေသည့် စစ်ကောင် စီရေယာဥ်များကို ဖောက်ခိုက်တိုက်ခဲ့ကြောင်း ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KLG – PDF)က ယနေ့(ဒီဇင်ဘာ ၁၄) ထုတ်ပြန်သည်။

ယမန်နေ့(ဒီဇင်ဘာ ၁၃)ည ၁၂ နာရီခန့်တွင် ကနီမြို့နယ် အင်းလယ်ချောင်ရွာအနီး ချင်းတွင်းမြစ်လယ်၌ သောင်တင်နေသည့် စစ်ကောင်စီရေယာဥ် ၁၁ စီးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

“မြစ်လယ်မှာသောင်တင်နေတာဆိုတော့ ကျွန်တော်တို့က ဖောင်ဖွဲ့ပြီး အဲဒီဖောင်ပေါ်မှာ မိုင်းတင်တိုက်တာပေါ့။ ဖောင်က ငှက်ပျောဖောင်၊ မိုင်းကတော့ အဝေးထိန်းနဲ့ ဖောက်ခွဲတာဖြစ်ပါတယ်”ဟု KLG – PDF မှ ပြန်ကြား ရေး တာဝန်ရှိသူက ပြောသည်။

အဆိုပါစစ်ကောင်စီရေယာဥ်များမှာ ချင်းတွင်းမြစ်အထက်ပိုင်းမှနေ၍ ကျောက်စိမ်းများတင်ဆောင်လာခြင်းဖြစ်ပြီး မြစ်ကြောင်းအတိုင်းဆုန်ဆင်းလာသည်ကို ဒေသကာကွယ် ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

KLG – PDF နှင့် မဟာမိတ်အဖွဲ့များသည် အထက်ပါစစ်ကောင်စီရေယာဥ်တန်းအား ဒီဇင်ဘာ ၃ ရက်ကစတင်တိုက်ခိုက်ခဲ့ရာ ရေယာဥ်ပေါ်မီးစွဲလောင်ခြင်း၊ စစ်ကောင် စီဘက်မှ ထိခိုက်သေဆုံးရှိခြင်းနှင့် ရေယာဥ်တစ်စီးနစ်မြုပ်ခြင်းတို့ ရှိခဲ့သည်။

စစ်ကောင်စီ၏ ရေယာဥ်တန်းအား တိုက်ခိုက်မှုများကို KLG – PDF ၊ MPDF ၊ Golden Tringal Force ၊ CHUPDF ၊ DRPA၊ M&K The Boys နှင့် KPDF 1 တို့မှ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။

ယနေ့နံနက်ပိုင်းရရှိသော မြေပြင်သတင်းအချက်အလက်များအရ အထက်ပါ စစ်ကောင်စီရေယာဥ်တန်းမှာ နစ်မြုပ်လုရေယာဥ်အားစွဲကာ ကနီမြို့သို့ ဦးတည်ဆုန်ဆင်းနေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြန်လည်ထွက်ခွာလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။