Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူများလိုချင်သည့်ပန်းတိုင် မရောက်မချင်း လက်လျှော့မည်မဟုတ်ဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော

“မြန်မာနိုင်ငံမှာ ကျွန်တော်တို့မြင်တွေ့နေရသလိုမျိုး သူတို့ပြည်သူတွေရဲ့အခွင့်အရေးကို မလေးစားတဲ့ ခေါင်းဆောင်တွေကို ကျွန်တော်တို့ အတူတကွ ဆန့်ကျင်ရပ်တည်သွားမှာပါ”ဟု Antony Blinkenက ပြော သည်။

မြန်မာပြည်သူများလိုချင်သည့်ပန်းတိုင် မရောက်မချင်း လက်လျှော့မည်မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး Antony Blinken က ယ​နေ့(ဒီဇင်ဘာ၁၄) ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံသို့ရောက်ရှိနေသော အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးသည် ‘A Free and Open Indo-Pacific’ ခေါင်းစဉ်​ဖြင့် မိန့်ခွန်းပြောကြားရာ မြန်မာ့အရေးကို ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံမှာ ကျွန်တော်တို့မြင်တွေ့နေရသလိုမျိုး သူတို့ပြည်သူတွေရဲ့အခွင့်အရေးကို မလေးစားတဲ့ ခေါင်းဆောင်တွေကို ကျွန်တော်တို့ အတူတကွ ဆန့်ကျင်ရပ်တည်သွားမှာပါ”ဟု Antony Blinkenက ပြော သည်။

ထို့အပြင် ခွဲခြားမှုမရှိသည့် အကြမ်းဖက်ရပ်တန့်ရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး ပြန်လွှတ်ပေးရေး၊ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ အကူအညီများခွင့်ပြုရေးနှင့် အားလုံးပါဝင်သော ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေးအတွက် စစ်ကောင်စီကို ဖိအားပေးရန် မိတ်ဖက်နိုင်ငံများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် အတူလုပ်ဆောင်သွားမည်ဟု အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာပြည်သူများ၏ ဆန္ဒကို လေးစားသော ငြိမ်းချမ်းစွာအဖြေရှာရေးကို ရှာဖွေရန် ဘက်အားလုံးနှင့် အပြုသဘောတွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုသည့် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်လုပ်ဆောင်နေကြောင်းလည်း Antony Blinken က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။