Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ကျွန်တော်တို့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရော ကရင့်လက်နက်ကိုင်အခြားအဖွဲ့တွေရောကဒီဟာကို ပြန်တုံ့ပြန်တာ”

လေးကေ့ကော်တိုက်ပွဲစတင်ခြင်းအ​ပေါ် KNU တာဝန်ရှိသူ ပဒိုမန်းမန်းနှင့်မေးမြန်းခန်း

ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်ရေးနယ်မြေဖြစ်သည့် ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်မြို့သစ်နယ်မြေသို့ အာဏာသိမ်းစစ်ကောင်စီတပ်က ဒီဇင်ဘာ ၁၄ရက်တွင် ဝင်ရောက် စီးနင်း ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါဒေသ၌ ခိုလှုံနေသည့် လွှတ်တော်ကိုယ်စားလှယ်အပါအဝင် ပြည်သူလူထုများကို ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။ အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းနှင့် KNU လက်အောက်ခံတပ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တို့သည် ယနေ့မနက်မှစ၍ လေးကေ့ကော်ဒေသ၌ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ KNU တပ်မဟာ(၅)မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ပဒိုမန်းမန်း အား ဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါသည်။

လေးကေ့ကော်မှာ စပြီး ပစ်ခတ်နေတယ်လို့ကြားလို့ အတည်ပြုလို့ရပါသလား။

ဟုတ်တယ်၊ ရပါတယ်။ စဖြစ်နေပါတယ်။

ဖြစ်စဉ်ကို ရှင်းပြပေးပါလား။

Public Service Announcement

Public Service Announcement

ကျွန်တော်တို့က အသေးစိတ် မပြောချင်သေးဘူး။ ကျွန်တော်တို့ ဒီ စစ်ကောင်စီရဲ့ သူတို့ရဲ့ ယုတ်မာမှုနဲ့ သူတို့ရဲ့ လုပ်ရပ်အပေါ်မှာတော့ ဘယ်သူမှ သည်းခံနိုင်မှာ မဟုတ်ဘူး။ ဒါက ကျွန်တော်တို့ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရော ကရင့်လက်နက်ကိုင်အခြားအဖွဲ့တွေရောက ဒီဟာကို ပြန်တုံ့ပြန်တာလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဖြစ်စဉ်အသေးစိတ်ကတော့ တိုက်ပွဲသဘောဖြစ်တဲ့အတွက် အသေးစိတ် ပြောဖို့ထက် ယျေဘူယ သဘောလောက်ပဲ ပြောချင်ပါတယ်။

ဒီနေ့ ဘယ်အချိန်လောက်က စဖြစ်တာပါလဲ။ KNLAနဲ့ပဲလား အခြားအဖွဲ့တွေရော ပါဝင်ပါသလား။

အဓိကတော့ KNLAနဲ့ စဖြစ်တာပါပဲ။ KNLAနဲ့ အခြားသော လက်နက်ကိုင်အဖွဲ့က အချို့လည်း ပါတယ်လို့ ယျေဘူယ ပြောလို့ရတယ်။ အတိအကျတော့ ပြောလို့မဖြစ်ပါဘူးဗျ။ ဖြစ်တာကတော့ ပြီးခဲ့တဲ့ တစ်နာရီကျော်လောက်ပေါ။ ကျွန်တော်လည်းနာရီမကြည့်လိုက်မိဘူး။ ဆိုတော့ ၉နာရီ ကျော်ကျော်လောက်မှာပေါ့။

လေးကေ့ကော် ဝန်းကျင်မှာပဲ ဖြစ်တာပါလား။

ဟုတ်ပါတယ်။ လေးကေ့ကော်ဝန်းကျင်ဆိုပေမယ့် ဖလူးတို့ ဝေါ်လေတို့ ဆက်စပ်နေတဲ့ နေရာအားလုံးမှာလည်း ကျွန်တော်တို့ တပ်တွေရှိနေပါတယ်။ ဒီထက်ပို လှုပ်ရှားမှု ဖြစ်လာမယ်ဆိုလည်း ကျွန်တော်တို့အားလုံးကိုလည်း တိုက်ပွဲ ဖော်လာနိုင်မယ်ဆိုရင်လည်း ဒီအပေါ်မှာ ပြင်ဆင်ထားပါတယ် ပြောရမှာ ဖြစ်ပါတယ်။

အခု ပစ်ခတ်မှု ဖြစ်တာက မနေ့ကဝင်တဲ့ စစ်ကြောင်းတွေနဲ့ပဲလား။

ဟုတ်ကဲ့ပါ။ အဓိကတော့ သူတို့နဲ့ပါ။ လေးကေ့ကော်ထဲမှာပဲ ဒီကိုရောက်နေတဲ့ စစ်ကောင်စီတပ်တွေပေါ့။

မနေ့ ကဖြစ်စဉ်နဲ့ပတ်သက်ပြီး ကရင်လက်နက်ကိုင် လေးဖွဲ့(KNU၊ DKBA၊ KNU/KNLA-PC၊ BGF) ကို တိုက်တွန်းထားတာရှိတာပေါ့။ ကရင် လေးဖွဲ့မှာ KNUက ဒီစစ်ကောင်စီကို ခုခံတိုက်ခိုက်နေတာ ကျန်တဲ့အဖွဲ့တွေရဲ့ ပါဝင်မှုက ဘယ်လိုမြင်ရပါသလဲ။

စောစောက ကျွန်တော်ပြောထားပြီးသားဖြစ်တာပေါ့။ ကရင့်တော်လှန်ရေးသာမကဘူး တိုင်းရင်းသား တစ်ရပ်လုံးရဲ့ နွေဦးတော်လှန်ရေးမှာကတော့ ကရင် လက်နက်ကိုင်လေးဖွဲ့သာမကပါဘူး ဗမာတွေလည်း တခြား တိုင်းရင်းသားတွေလည်း ပါလာမှာ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။