Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းခေါင်းဆောင်တက်ခွင့်မရတဲ့အာဆီယံထိပ်သီးအစည်းအဝေးစတင်

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်တက်ရောက်ခွင့်မရတဲ့အာဆီယံအဖွဲ့ရဲ့(၄၈) ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကိုအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံ၊စီဘူးမြို့မှာဒီနေ့( မေလ ၈ ရက်)မှာစတင်ကျင်းပနေပါတယ်။

ဓာတ်ပုံ - အာဆီယံအဖွဲ့

မေ – ၈ ၊၂၀၂၆

အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်တက်ရောက်ခွင့်မရတဲ့အာဆီယံအဖွဲ့ရဲ့(၄၈) ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကိုအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံ၊စီဘူးမြို့မှာဒီနေ့( မေလ ၈ ရက်)မှာစတင်ကျင်းပနေပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်အဖြစ်ကနေရွေးကောက်ခံသမ္မတအဖြစ် ဖန်တီးပုံဖော်ထားတဲ့အာဏာသိမ်းခေါင်းဆောင်တစ်ယောက်အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်မရတဲ့သတင်းကိုစစ်တပ်ထိန်းချုပ်ထားတဲ့သတင်းမီဒီယာတွေမှာ သတင်းအမှောင်ချထားပေမယ့်မိုးကုတ်ကနေပတ္တမြားကြီးတွေ့ရတယ်ဆိုတဲ့သတင်းကိုသာ အသားပေးဖော်ပြနေတာတွေ့ရပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးကိုအာဏာသိမ်းခေါင်းဆောင်ကလွဲရင် အရှေ့တောင်အာရှနိုင်ငံတွေရဲ့ခေါင်းဆောင်တွေတက်ရောက်ကြပါတယ်။

Public Service Announcement

Public Service Announcement

မကြာသေးခင်ကအဖွဲ့ဝင်နိုင်ငံဖြစ်လာတဲ့အရှေ့တီမောနိုင်ငံရဲ့ဝန်ကြီးချုပ်လည်းတက်ရောက်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကနေ ပေါ်ထွက်လာမယ့်လွှတ်တော်စတင်မယ့်ရက် ၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ ၁ရက်မှာ စစ်တပ်ကအရပ်သားရွေးကောက်ခံအစိုးရခေါင်းဆောင်တွေကိုဖမ်းဆီးလိုက်ပြီး အာဏာသိမ်းခဲ့တာပါ။

အာဏာသိမ်းပြီးလပိုင်းအကြာဧပြီလမှာတင်အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုအာဆီယံရုံးချုပ်အခြေစိုက်ရာအင်ဒိုနီးရှားနိုင်ငံ၊ဂျာကာတာမြို့ဆီအာဆီယံနိုင်ငံခေါင်းဆောင်တွေကခေါ်ယူ တွေ့ဆုံကာမြန်မာနိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းဖို့အတွက်ဘုံသဘောတူညီချက်ငါးချက်ကို ချမှတ်ခဲ့ပါတယ်။

အဲဒီဘုံသဘောတူညီချက်ကိုအာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်က အကောင်အထည်မဖော်ပေးတာကြောင့်အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာစစ်ကောင်စီခေါင်းဆောင်ပိုင်းတွေကိုအစည်းအဝေးတက်ရောက် ခွင့်ပိတ်ပင်ထားတာပါ။

အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင်တက်ရောက်ခဲ့ပြီးသဘောတူညီခဲ့တဲ့ ဘုံသဘောတူညီချက်ငါးချက်မှာတော့ အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ဖို့ ၊ သက်ဆိုင်သူတွေတွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ၊ မြန်မာ့အရေးမှာ အာဆီယံ ကိုယ်စားလှယ်က ကြားဝင်ဖြေရှင်းပေးဖို့ ၊ အာဆီယံ ကိုယ်စားလှယ်ကိုသက်ဆိုင်သူတွေတွေ့ဆုံခွင့်ပေးဖို့ ၊ အာဆီယံက မြန်မာနိုင်ငံကို လူသားချင်းစာနာမှု အကူအညီတွေပေးဖို့အချက်တွေပါဝင်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

Facebook