Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုနယ် အနောက်ခြမ်း စစ်တပ် လေ‌ကြောင်းတိုက်မှု ပြည်သူ ၄ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း မဲတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး၂ဦး အပါအဝင် ပြည်သူ ၄ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း မဲတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး၂ဦး အပါအဝင် ပြည်သူ ၄ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ-၁၂၊ ၂၀၂၆။ ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း မဲတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး၂ဦး အပါအဝင် ပြည်သူ ၄ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၁၁ ရက် မနေ့က ညပိုင်း ၉နာရီခွဲခန့်မှာ မန္တလေးတံတားဦး လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ မဲတောရွာဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“စစ်ရေး ပစ်မှတ်မဟုတ်ဘဲ စစ်ရှောင်တွေရှိမယ်ထင်တဲ့ ဘုန်းကြီးကျောင်းကို ကြဲတာ။ ဘုန်းကြီးကျောင်းဘေးက နေအိမ်တွေက ပြည်သူတွေထိတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဒေသခံ လူလတ်ပိုင်း အမျိုးသမီး၂ဦးနဲ့ အမျိုးသား၂ဦးတို့ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်က လေကြောင်းကနေ ဗုံး ၃လုံး ကြဲချခဲ့ပြီး စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းဆောင်တချို့လည်း ဗုံးစထိမှန်ပျက်စီခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

စစ်တပ်က ရွှေဘိုမြို့နယ်အနောက်ခြမ်းကို ဧပြီလကစတင်ကာ လေကြောင်းတိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေခဲ့ပြီး ဦးဇင်း၂ပါးနဲ့ ကိုယ်ဝန်သည်မိခင်အပါအဝင် ပြည်သူ ၅ဦးထပ်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။