Connect with us

Hi, what are you looking for?

သတင်း

ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်တဲ့ ရက် ၁၀၀ ကာလအတွင်း စစ်တပ်က KNUတပ်မဟာ ၃နယ်မြေကို အင်အားဖြည့်စစ်ကြောင်းထိုး

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ရက် ၁၀၀အတွင်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေတဲ့ စစ်တပ်က တစ်ဖက်မှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေကို စစ်အင်အား ရာကျော် ဖြည့်တင်းပြီး စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ကျောက်ကြီးမြို့နယ်အတွင်း စစ်တပ် အင်အားဖြည့်တင်းမှုများလုပ်ဆောင်နေစဥ်။ ပုံအဟောင်း ။ဓာတ်ပုံ - ပေးပို့

မေ -၁၂၊၂၀၂၆။နော်/People’s Spring

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ရက် ၁၀၀အတွင်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်နေတဲ့ စစ်တပ်က တစ်ဖက်မှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေကို စစ်အင်အား ရာကျော် ဖြည့်တင်းပြီး စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ မေလ ၁၁ရက်ကစပြီး ပဲခူးတိုင်း၊ ပဲနွယ်ကုန်း – နတ်သံကွင်း – ကျောက်ကြီး ကားလမ်းပိုင်းအတိုင်း စစ်တပ်က အင်အားရာကျော် ဖြည့်တင်းပြီး စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

” မနေ့က စစ်ကား သုံးဆယ်ကျော်တယ်တက်သွားတာ။ လမ်းဘေးက ရွာတွေကို ဝင်တာလည်းရှိတယ်။ အဓိကကတော့ ကျောက်ကြီး ကားလမ်းပိုင်းကို နယ်မြေရှင်းပြီး အင်အားဖြည့်တာပေါ့ “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

KNU တပ်မဟာ ၃နယ်မြေအတွင်းက ပဲနွယ်ကုန်း – နတ်သံကွင်း – ကျောက်ကြီးလမ်းပိုင်းဟာ စစ်တပ်အတွက် စစ်ဆင်ရေးလမ်းကြောင်းဖြစ်တဲ့အပြင် စစ်ရေးအရ အရေးပါတဲ့ လမ်းတစ်ခုလည်းဖြစ်ပါတယ်။

ပဲနွယ်ကုန်းနဲ့ ကျောက်ကြီးဟာ မိုင်(၂၀) လောက်သာဝေးကွာပြီး အဲ့ဒီမြို့နှစ်မြို့ရဲ့ အလယ် မှာ နတ်သံကွင်းမြို့ ရှိပါတယ်။

နတ်သံကွင်းမြို့ဟာ စစ်တောင်းမြစ်အရှေ့ဘက်နဲ့ အနောက်ဘက်ခြမ်းကို ပေါင်းကူးပေးတဲ့ စစ်တောင်းမြစ်ကူးတံတား (သို့မဟုတ်) နတ်သံကွင်းတံတားရှိပြီး စစ်ရေးအရ ဗျူဟာကျတဲ့ မြို့လည်းဖြစ်ပါတယ်။

အဲ့ဒီ စစ်တောင်းတံတားထိပ်မှာလည်း စစ်တပ်က အထိုင်ချတပ်စွဲထားပြီး စစ်တောင်းမြစ်အနီးဝန်းကျင်က ကျေးရွာတွေကို လက်နက်ကြီး ပစ်ခတ်တာတွေကို လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

စစ်တပ်က နတ်သံကွင်း နဲ့ ကျောက်ကြီးမြို့မှာကျန်ရှိနေတဲ့ တပ်စခန်းတွေအပါအဝင် ရှေ့တန်းတပ်စခန်းတွေဆီကို လက်နက်၊ ရိက္ခာနဲ့ လူအင်အားဖြည့်တင်းဖို့ ပဲနွယ်ကုန်း – နတ်သံကွင်း – ကျောက်ကြီးလမ်းပိုင်းကို အဓိကထား အသုံးပြုနေတာလည်းဖြစ်ပါတယ်။

” ပဲနွယ်ကုန်း အထွက်ကျော်တာနဲ့ အဲ့ဒီလမ်းကနေ မသွားခိုင်းတော့ဘူး ။ သူတို့ ( စစ်တပ် )ကပဲ သုံးတာ ပြည်သူတွေကို ပေးမသုံးဘူး “လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင်အတွင်းမှာ ရွှေကျင်၊ ကျောက်ကြီးနဲ့ မုန်းမြို့နယ်တို့ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ရက်မှာလည်း ညောင်လေးပင် မြို့နယ်အတွင်းက ရေတွင်းကုန်း၊ ခရုကုန်းနဲ့ ကျောင်းကုန်းရွာ​တွေကို စစ်တပ်ရဲ့တပ်မ(၇၇)ဦးဆောင်တဲ့ အင်အား (၁၀၀) ပါ စစ်ကြောင်း​လေး​ကြောင်းက​ဝင်ရောက်လာပြီး ပြည်သူ ၃၀၀ ​ကျော်ကိုဖမ်းဆီးပြီး​တော့ ၄၀ ​ကျော်ကိုသတ်ဖြတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ တောင်ငူခရိုင် လေလံမြောင်(လေလာမြောင်)ကျေးရွာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ မိသားစု ၂ခုက ပြည်သူ ၈ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပဲခူးတိုင်း စစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။