Connect with us

Hi, what are you looking for?

သတင်း

ကောလင်းမြို့မှာ တပ်စွဲထားတဲ့စစ်တပ် အရက်နဲ့ ပိုးသတ်ဆေးမှားသောက်မိပြီး ၇ဦးသေ၊ တချို့ဆေးရုံရောက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၃၀ကျော်ဟာ အရက်ပြတ်သွားလို့ အရက်ပျံ ဆားခပ်ပြီး အရက်အဖြစ်သောက်ရာက ပိုးသတ်ဆေးနဲ့ မှားသောက်မိလို့ စစ်သား ၇ဦး သေဆုံးကာ တချို့မှာ ဆေးရုံပို့ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ-၁၆၊၂၀၂၆၊မေ/People’s Spring

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၃၀ကျော်ဟာ အရက်ပြတ်သွားလို့ အရက်ပျံ ဆားခပ်ပြီး အရက်အဖြစ်သောက်ရာက ပိုးသတ်ဆေးနဲ့ မှားသောက်မိလို့ စစ်သား ၇ဦး သေဆုံးကာ တချို့မှာ ဆေးရုံပို့ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

‌မေလ ၁၃ရက် ညနေပိုင်းမှာ ကောလင်းမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်က စစ်သားတွေဟာ အရက်ပြတ်လပ်သွားတာကြောင့် အရက်အဖြစ် အရက်ပြန်ကို ဆားထည့်သောက်ကြရာက အရက်ပျံနဲ့ပိုးသတ်ဆေးမှား သောက်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်.

ပိုးသတ်ဆေးသောက်မိလို့ စစ််သား ၇ဦးသေဆုံးကာ ကျန်စစ်သားတွေကို ‌‌‌‌ဝန်းသိုမြို့ဆေးရုံပို့ထားပြီး သေဆုံးသူထပ်တိုးနိုင်တယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ခတွေ သေတာမှန်တယ်။ ပိုးသတ်ဆေးတွေကို သောက်တာ။ ကလီဆာတွေမခံနိုင်တာ”လို့ ကောလင်းမြို့နယ်က ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စစ်သားတချို့ဟာ အရက်ပျံဆားထည့်ကာ အရက်အဖြစ် သောက်လေ့ရှိပြီး ယခုသောက်ကြတဲ့သူတွေဟာ ပိုးသတ် ဆေးနဲ့ မှားသောက်တာလို့ သိရပါတယ်။

“အရက်ပျံနဲ့ပိုးသတ်ဆေးကအရည် အရောင်တူတာ အနံကတော့ကွာပါတယ်။ ခွဲခန်းတွေဆေးရုံထဲမှာသန့်ရှင်းအောင်ပိုးသတ်တဲ့ဆေးရည််ရေနဲ့ရောပြီးသုံးရတယ်။ ဆေးကတော်တော်ပြင်းတယ်လေ။ သောက်မိရင်တော့သေနိုင်တယ်”လို့ ကျန်းမာ ရေးဝန်ထမ်းက ဆက်ရှင်းပြပါတယ်။

ကောလင်းမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ” မြို့ထဲမှာက ခပဲရှိတာဆိုတော့ သတင်းထွက်မလာသေးဘူး။ဖြစ်‌‌နိုင်ပါတယ်။ဒီကောင်တွေအရက်ပြတ်လပ်သွားလို့ဖြစ်တယ်။အရင်ပျံကိုဆားထည့်လိုက်ရင် အရက်ဖြစ်သွားတာကို သောက်ကြတာ”လို့ ပြောပါတယ်။

ကောလင်းမြို့ကို စစ်တပ်ကပြန်လည်ထိန်းချုပ်ထားပြီးမြို့အတွင်း တပ်စွဲထားကာ ဝန်းသိုမြို့နယ်ကတပ်တွေက ကောလင်းမြို့နယ်အစပ်ကို စစ်ကြောင်းထိုးနေတာတွေရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။