Connect with us

Hi, what are you looking for?

သတင်း

ရေနံချောင်းမြို့နယ် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို PDF တိုက်ခိုက်

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ကို နယ်မြေထိန်းချုပ်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ရေနံချောင်း PDFတာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ကို နယ်မြေထိန်းချုပ်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ရေနံချောင်း PDFတာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

မေ-၁၈၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်ကို နယ်မြေထိန်းချုပ်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ရေနံချောင်း PDFတာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

မေလဒုတိယပတ်ကစပြီး ဂွေးကုန်း-ဝက်ချုပ်-နတ်မောက်လမ်းပိုင်းကတဆင့် စစ်တပ်စစ်ကြောင်းဝင်ရောက်လာပြီး မြို့နယ်အရှေ့ခြမ်းက အလယ်ကုန်းကျေးရွာတဝိုက်မှာ တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

မေလ ၁၄ ရက်မှာ လွန်ပင်ရှိုကျေးရွာအနီး စစ်တပ်စစ်ကြောင်း ချဥ်းကပ်လာတာကြောင့် တိုက်ပွဲ ထပ်မံဖြစ်ခဲ့ပြီး စစ်တပ်က သေဆုံးသူ ၁၀ဦး ရှိတယ်လို့ အသိပေးပါတယ်။စစ်တပ်ရဲ့ သေဆုံးမှုကိုတော့ လူထုနွေဦးက သီးခြားအတည်ပြုမရသေးပါဘူး။

Public Service Announcement

Public Service Announcement

“ရေနံချောင်းမြို့အခြေစိုက် ခလရ-၇၇နဲ့ မကွေးမြို့အခြေစိုက် တမခ(တပ်မ ၈၈) ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထိန်းချုပ်နယ်မြေတွေကို ပြန်စိုးမိုးဖို့ လာတာ”လို့ အထက်ပါတာဝန်ရှိသူက စစ်တပ်စစ်ကြောင်းထိုးလာတဲ့အခြေအနေ ရှင်းပြပါတယ်။

အင်အား ၇၀ ဝန်းကျင်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ မေလ ၁၅ ရက်မှာ ရေနံချောင်းမြို့ပေါ်ကို ပြန်ဆုတ်သွားရတယ်လို့ ဆိုပါတယ်။

၂၀၂၆ အတွင်း ရေနံချောင်းမြို့နယ်မှာ ပထမဆုံးအကြိမ် ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို မကွေးတိုင်း ပကဖ အထူးရွေ့လျားစစ်ကြောင်း Yenanthar Column၊ပြည်သူ့ကာကွယ်ရေးတပ်မတော် မကွေးခရိုင်စစ်ဌာန Drone တပ်ဖွဲ့နဲ့ မကွေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရေနံချောင်းမြို့နယ်ရဲ့အရှေ့ဘက်ခြမ်းက နတ်မောက်မြို့နယ်မှာလည်း စစ်တပ်က စစ်ကြောင်းထိုး နေလို့ တော်လှန်ရေးတပ်တွေနဲ့ မကြာခဏတိုက်ပွဲ ဖြစ်နေပါတယ်။

https://www.facebook.com/reel/1611432853268916

ရုပ်သံ-People’s Defence Force-​ရေနံ​ချောင်း

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

လေယာဉ်နဲ့ကြဲချတဲ့ ဗုံးတွေထုတ်လုပ်နေတဲ့ ဆိပ်ဖြူမြို့နယ်က အဓိကလမ်းပိုင်းတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တွေက ပြောပါတယ်။