Connect with us

Hi, what are you looking for?

သတင်း

စိုင်ပြင်ရဲစခန်းကို PDF ​တွေသိမ်းပိုက်ရှင်းလင်း

စစ်​ကောင်စီလက်နက်ကိုင်အဖွဲ့ဝင် ၁၁ဦး​သေဆုံးပြီးစခန်းမှူးထွက်​ပြေး၊ အိုးတိန်တွင်းရွာစာသင်ကျောင်းဗုံးကြဲခံရမှုကို​ရည်ရွယ်၍ စစ်ဆင်​ရေးအမည်​ပေးထား

(၂၀၂၅ နိုဝင်ဘာလမှာ ​ရွှေဘိုခရိုင် ၊ခင်ဦးမြို့နယ်ကိုစစ်​ကြောင်းထိုးလာတဲ့ စစ်တပ်စစ်​ကြောင်းကို ရွှေဘိုခရိုင်အတွင်းမှ PDF ၊ပကဖ နဲ့​တော်လှန်​ရေးအဖွဲ့​တွေက တိုက်ခိုက်​ချေမှုန်းပြီး သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်း​တွေနဲ့​အတူ​တွေ့ရစဥ်)

​မေ-၁၉၊၂၀၂၆။ရွှေပြည်စိုး/People’s Spring

ဒီပဲယင်းမြို့နယ်၊စိုင်ပြင်မြို့ထဲကရဲစခန်းကို Operation OTT စစ်ဆင်ရေးအဖြစ် တိုက်ခိုက်သိမ်းပိုက်ခဲ့တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်၁၁ဦးသေဆုံးခဲ့ပြီး ရဲစခန်းမှူးဟာဒဏ်ရာရတပ်ဖွဲ့ဝင်တွေနဲ့ ကလေးငယ်တွေကိုထားခဲ့ပြီးထွက်ပြေးသွားတယ်လို့အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

စိုင်ပြင်မြို့နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးရဲဘော် ၆၀ ဦးက မေလ ၁၄ ရက်နေ့မှာစတင်တိုကခိုက်ခဲ့ပြီး မေလ၁၆ရက်မနက် ၉ နာရီ ၁၀မိနစ်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်​ကောင်စီလက်​အောက်ခံလက်နက်ကိုင်အဖွဲ့ဝင် ၁၁ ဦး​သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း​တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ ရဲစခန်းက စခန်းမှူး ဒုရဲအုပ် ဝင်းဇာနည်အောင်ဟာ ​သေဆုံး၊ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေနဲ့ (၅) နှစ်အရွယ် ကလေးငယ်တဦး အပါအဝင်မိသားစုဝင်တွေကိုချန်ထားခဲ့ပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးသွားတာကို ရှက်ဖွယ်ကောင်းစွာ တွေ့ရှိခဲ့ရတယ်လို့လည်းအမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနကဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်က အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနနယ်မြေအတွင်းအထိုင်စခန်းတွေကို လူ၊ လက်နက် နဲ့ ဒရုန်းတွေဖြည့်တင်းပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထားဖိနှိပ်မယ့်အခြေအနေရှိလာတဲ့အတွက် လူထုကို တတ်စွမ်းနိုင်သမျှ ကာကွယ်စောင့်ရှောက်ဖို့နဲ့ လုံခြုံရေးအာမခံချက်များပေးနိုင်ဖို့ Operation OTT စစ်ဆင်ရေးကို ဆင်နွှဲခဲ့တာလို့ ရှင်းပြအသိ​ပေးထားပါတယ်။

စစ်ဆင်​ရေးအတွင်းမှာ စစ်တပ်အထိုင်ချတပ်ဆွဲခဲ့တဲ့ အဆောက်အဦးတွေနဲ့ ခံစစ်မိုင်း တွေကို ရှင်းလင်းဖျက်ဆီးပြီးပြန်လည်ဆုတ်ခွာခဲ့ သလို ပြည်သူလူထုအနေနဲ့ နေအိမ်တွေမှာ ပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီဖြစ်ကြောင်းလည်းအသိ​ပေးပါတယ် ။တဆက်တည်း အချက် ၆ ချက်ကိုလည်း သတိပေးထားပါတယ်။

၁။ တပ်စခန်းအတွင်းနှင့် ပတ်ဝန်းကျင်တွင် နင်းမိုင်းများ၊ တိုက်မိုင်းများ ကျန်ရှိနေနိုင်သဖြင့် ဝင်ရောက်ခြင်းမပြုရန်၊

၂။ မပေါက်ကွဲသေးသည့် ဗုံးသီးများ၊ ခဲယမ်းများတွေ့ရှိရပါက မိမိဖာသာ ကိုင်တွယ်ရှင်းလင်းခြင်းမပြုပဲ မြို့တွင်းရှိ ပြည်သူ့လုံခြုံရေးအဖွဲ့များကို အကြောင်းကြားရန်

၃။ မိမိတို့နေအိမ်များတွင် မသင်္ကါဖွယ်လူများတွေ့ရှိပါက ပြည်သူ့လုံခြုံရေးအဖွဲ့များထံ ချက်ချင်း အကြောင်းကြားရန်

၄။ မြို့အတွင်းတွင် စစ်လက်နက်ပစ္စည်းများတွေ့ရှိရပါက အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနထံ အပ်နှံရန်

၅။ ရန်သူသည် လေကြောင်းတိုက်ခိုက်မှုအ​ပြင် မြေပြင်စစ်ကြောင်းများပါ ဝင်ရောက်လာနိုင်သဖြင့် လုံခြုရေးအသိ သတိများဖြင့် နေထိုင်ကြရန်

၆။ အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနမှ ထုတ်ပြန်ထားသည့် စစ်ဖက်လုံခြုံရေးစည်းကမ်းများကို ဆက်လက်လိုက်နာပေးထားကြရန် တို့ဖြစ်ပါတယ်။

ဒါ့အပြင်တိုက်ပွဲကာလအတွင်းလေကြောင်းတိုက်ခိုက်မှုကိုရှောင်ရှားနိုင်ဖို့ နေအိမ်အချို့အတွင်းသို့ ဝင်ရောက်နေထိုင်ခြင်းများရှိခဲ့ပြီး ရိက္ခာနဲ့အသုံးအဆောင်အချို့ ယူငင်သုံးဆောင်ခဲ့လို့ မိဘပြည်သူများအနေနဲ့ စာနာနားလည်ပေးဖို့နဲ့ အဆိုပါ ကုန်ကျစရိတ်တွေကို ပြန်လည်တာဝန်ယူပေးသွားမယ်လို့အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက အသိပေးထားပါတယ်။

Operation OTT စစ်ဆင်ရေးဟာ လူထုရဲ့ လုံခြုံရေးသတိရှိမှုနဲ့ အတူပူးပေါင်းပြီးဆင်နွှဲခဲ့တဲ့စစ်ဆင်ရေးဖြစ်ပြီးအမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနအနေနှင့် ဆက်လက်ဆောင်ရွက်မည့် စစ်ဆင်ရေး‌ တွေမှာ ပြည်သူလူထုနဲ့ ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်လိုကြောင်းတောင်းဆိုထားပါတယ်။။

Operation OTT စစ်ဆင်ရေးဆိုတာက ၂၀၂၅ မေလ ၁၂ရက်နေ့မှာ အိုးတိန်တွင်းရွာစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ ကလေးငယ်၂၀ကျော်သေဆုံးခဲ့တဲ့ ဖြစ်ရပ်အတွက် စစ် ဆင်ရေးပြန်လည်ဖော်ဆောင်တာလို့သိရပါတယ်။ ဒါ​ကြောင့် OTT ဆိုတာဟာ အိုးတိန်တွင်းရွာကို အဂ်လိပ်ဘာသာနဲ့​ရေးတဲ့ အမည်စလုံးအတိုယူထားတာဖြစ်ပါတယ် ။ စာသင်​ကျောင်းဗုံးကြဲခံရပြီး ၁ နှစ်အကြာမှာ အခုစစ်ဆင်​ရေးကိုစစ်ဆင်ရေးဖော်ဆောင်တာဖြစ်ပါတယ်။

ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာစာသင်ကျောင်းကိုစစ်တပ်က ၂၀၂၅ ​မေလ ၁၂ ရက်မှာဗုံးကြဲခဲ့တာ​ကြောင့် ​ကျောင်းသား၊​ကျောင်းသူ ၂၂ ဦး ဆရာမ ၂ ဦး စုစု​ပေါင်း ၂၄ ဦး​သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ​ကျောင်းသား​ကျောင်းသူနဲ့ ဆရာ၊ဆရာမ တစ်ရာ​​ကျော် ဒဏ်ရာရခဲ့ပါတယ်။

“ကျနော်တို့ကတော့မမေ့ဘူး။သွေးကြွေးကိုသွေးနဲ့ပဲ ပြန်ဆပ်ရမယ်။ငါတို့သွေးတွေ ဘယ်လောက်ရင်းရ ရင်းရ။ငါတို့အသက်တွေ ဘယ်လောက်ရင်းရ ရင်းရ။ငါတို့ရဲဘော်တွေက ဘယ်တော့မှ မင်းတို့စစ်တပ်ကို အရှုံးပေးမှာမဟုတ်ဘူး။စစ်တပ်ကို အလျှော့ပေးဆက်ဆံတဲ့ လူပျော့လူညံ့ အလုပ်တွေ မလုပ်ဘူး”လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက လူမှုကွန်ရက်မှာရေးသားထားပါတယ်။

အခုစစ်ဆင်​ရေး​အောင်ပွဲဟာ ကျည်လက်နက်ခဲယမ်း​တွေရဲ့ စွမ်းပကား​ကြောင့် မဟုတ်ပဲ ပြည်သူလူထုရဲ့ စစ်​ရေးလုံခြုံ​ရေးသတိရှိစွာပူး​ပေါင်းပါဝင်မှု ၊စစ်သည်​တွေရဲ့ ရဲစွမ်းသတ္တိ နဲ့ ​တော်လှန်​ရေးအဖွဲ့​တွေရဲ့ စည်းလုံးညီညွတ်စွာ ​ထောက်ပံ့မှုဆိုတဲ့ အစွမ်းထက်လက်နက်​တွေ​ကြောင့်ရခဲ့တာလို့ အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနကထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ ၃ ဦးကို ဖမ်းဆီးအရေးယူထားပြီး တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ထားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ Depeyin Youth Community (DYC) အဖွဲ့မှ ရဲဘော်တွေက ပြည်သူလူထုကို လေကြောင်းအန္တရာယ်ကင်းစေဖို့ ရည်ရွယ်ကာ ကြိုတင်ကာကွယ်ရေးနဲ့ စစ်တပ်လေကြောင်းတိုက်ခိုက်မှုအတွင်း ဆောင်ရန်၊ ရှောင်ရန်တွေကို ဒီကနေ့ (မေလ ၂၃) မှာ အသိပညာပေးဟောပြောခဲ့ပါတယ်။