Connect with us

Hi, what are you looking for?

သတင်း

ငါ့သရောက်နယ် စစ်​ကြောင်းထိုးတဲ့တပ် တိုက်ခိုက်ခံရပြီ စစ်သား ၂၀ခန့်ထွက်​ပြေး​

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီးထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

(ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေတိုက်ပွဲမှာ စစ်တပ်ကျန်ခဲ့တဲ့ စစ်အသုံးအဆောင်တွေ။ ဓာတ်ပုံ - ညောင်ဦး ပကဖ)

မေ-၂၇၊၂၀၂၆။ဒီဒီး/People’s Spring

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီးထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၄ရက်က ငါ့သရောက်နယ်မြေမှာ အင်အား ၃၀၀ လောက်နဲ့ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပုဂံ-ဘီလူး)၊ Popa Production and Guerrila Force (PPGF)၊ညောင်ဦးခရိုင်တပ်ရင်း ၁၊ ညောင်ဦးခရိုင် တပ်ရင်း ၅၊ ညောင်ဦးခရိုင်အထူးတိုက်ခိုက်ရေး၊ People Democratic Army(PDA) ၊ငါ့သရောက်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပုဂံကြီးအဖွဲ့) နဲ့ ညောင်ဦးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မိုးမခ ​ပြောက်ကျားတပ်) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ စစ်တပ်က စစ်သား ၇ဦးဟာ လက်နက်​တွေယူပြီးထွက်ပြေးသွားကြတာလို့ ညောင်ဦး ပကဖက ပြောပါတယ်။ အဲဒီနောက် စစ်တပ်က နောက်ပြန်ဆုတ်ပြီး ကျေးရွာတွေအတွင်း နားနေချိန် စစ်သား ၁၀ ဦးကျော်လောက်ဟာ ထပ်မံထွက်ပြေးသွားကြတာလို့ ညောင်ဦး ပကဖက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” စစ်ကြောင်းကအယောက် ၂၀ လောက်ထွက်ပြေးနေတာ။ တိုက်ပွဲဖြစ်တဲ့နေ့က ၇ ယောက်ထွက်ပြေးတယ်။ နောက်ဆုတ်ပြီး ရွာတွေမှာနေနေတာ။ အဲဒီမှာ ထပ်ပြီး ထွက်ပြးတာ။ စစ်တပ်က တက်မလာဘဲ ရွာတွေမှာ ခဏနားတဲ့အချိန် ထွက်ပြေးသွားကြတာ”လို့ ညောင်ဦး ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ထွက်ပြေးကြတဲ့ စစ်သားတွေဟာ စစ်မှုထမ်းတပ်သားသစ်တွေ အများစုဖြစ်တယ်လို့ စုံစမ်းသ်ိရပြီး ၅ ဦးလောက်လို့ မဟာမိတ်တပ်တွေက လက်နက်တွေနဲ့အတူ ဖမ်းမိထားတယ်လို့လည်း ဆက်ပြောပါတယ်။

“စစ်တပ်က သူ့လူတွေ လိုက်ရှာနေတာနဲ့ လောလောဆယ်စစ်ကြောင်းမထိုးနိုင်သေးဘူး”လို့ ညောင်ဦး ပကဖ တာဝန်ရှိသူက ပြောပါတယ်။

မေလ ၂၄ရက်က ငါ့သရောက်နယ်မြေ ဖလန်ကန်ကျေးရွာနားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာလည်း စစ်တပ်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“ဖလန်ကန်ရွာနားမှာထိခိုက်မှုများတယ်ကြားတယ်။ဖလန်ကန်ရွာက ဖောကား ၃စီးနဲ့ ဆေးရုံတွေသယ်သွားတယ်ကြားတယ်။ သူတို့က ဒရုန်းအားနဲ့ သုံးနေတာ။ သူတို့က အင်အား ၃၀၀ လောက်နဲ့ ထိုးနေတာ”လို့ ညောင်ဦး ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့အပြင် ပုပ္ပါးဒေသဘက်က စစ်တပ်ကလည်း စစ်ရေးလှုပ်ရှားမှု လုပ်နေတယ်လို့ ၎င်းကဆက်ပြောပါတယ်။

ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်တပ်က မကြာခဏစစ်ကြောင်းထိုးနေပြီး ကျေးရွာတွေ မီးရှို့ဖျက်ဆီးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။