Connect with us

Hi, what are you looking for?

News

သပိတ်ကျင်းတွင် စစ်​ကောင်စီတပ်က ပြည်သူတစ်ဦးကိုပစ်သတ်

“ပစ်ခတ်ခံရတဲ့ကောင်လေးက ဗိုက်ကိုပွင့်သွားတာ။ ဇရပ်ကွင်းသားပါ။ နေတာကတော့လိပ်ကျရွာမှာနေတာပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် ရာအိမ်မှုးတစ်ဦးပစ်ခတ်ခံရ၍ စစ်ဆေးနေသည့်အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတစ်ဦးကို ပစ်သတ်သွားကြောင်း ဒေသခံများက ပြောသည်။

သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာရှိ အမှတ် (၁)ရပ်ကွက် ရာအိမ်မှူး ကိုပြည့်အေးဆိုသူသည် ယမန်နေ့ (ဒီဇင်ဘာလ ၁၆ ရက်) နံနက် ၁၁း၃၀ခန့်က ရေထွက်လမ်းခွဲအနီးတွင် ဆယ်အိမ်မှူးတစ်ယောက်နှင့်အတူ ဆိုင်ကယ်စီးလာစဥ် လိုက်လံပစ်ခတ်ခံရ၍ ဆေးရုံတွင်ဆေးကုသမှုခံယူနေသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ပစ်ခတ်ရာတွင် သေနတ်ကျည်မထွက်၍ ထွက်ပြေးသွားသောကြောင့် လိုက်လံပစ်ခတ်ခဲ့ရကြောင်း၊ လက်ရှိတာဝန်ထမ်းဆောင်နေသော ကျေးရွာလူကြီးများ အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းနေပါက အရေးယူသွားမည်ဖြစ်ကြောင်းကို အထူး ထပ်မံ သတိပေးလိုက်ကြောင်း စစ်အာဏာရှင်ကိုခုခံတော်လှန်နေသည့် သပိတ်ကျင်းအခြေစိုက် ဗိုလ်လင်းယုန်အဖွဲ့က ပြောသည်။

ပစ်ခတ်ခံရသူ ရာအိမ်မှူးသည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး ခြေထောက် တွင် ဒဏ်ရာရရှိသွားကြောင်း၊ ရာအိမ်မှုး ပစ်ခတ်ခံရမှုကြောင့် ကျောက်ဖြူရွာ ပတ်ဝန်း ကျင်တွင် စစ်တပ်မှ လမ်းသွား လမ်းလာများအား စစ်ဆေးမှုများ ပြုလုပ်နေစဥ် ဆိုင်ကယ် ရပ်မပေးသူနှစ်ဦးအား သေနတ်ဖြင့် ပစ်ရာ ဇရပ်ကွင်းကျေးရွာမှ မောင်သီဟနိုင် ဆိုသူ သေဆုံးကာ၎င်း နှင့် အဖော်ပါလာသူ တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ​ပြောသည်။

Public Service Announcement

Public Service Announcement

“ပစ်ခတ်ခံရတဲ့ကောင်လေးက ဗိုက်ကိုပွင့်သွားတာ။ ဇရပ်ကွင်းသားပါ။ နေတာကတော့လိပ်ကျရွာမှာနေတာပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook