Connect with us

Hi, what are you looking for?

News

ဖမ်းဆီးခံလွှတ်​တော်ကိုယ်စားလှယ်နှစ်ဦး၏ ဖြစ်​ပေါ်လာမည့်ကိစ္စအားလုံး စစ်​ကောင်စီတာဝန်ခံရမည်ဟု မအူပင်အမတ် သတိ​ပေး

လေးကေ့ကော်တွင် စစ်ကောင်စီက ဖမ်းဆီးထားသူများ ၏ နောက်ဆက်တွဲအခြေအနေကို သုံးရက်ကြာသည်အထိ မသိရသေးပေ။

လေးကေ့ကော်တွင် အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီထားသည့် ဒီချုပ်အမတ် နှစ်ဦးစလုံးသည် ကျန်းမာရေးကောင်းမွန်သူများဖြစ်ပြီး ဖမ်းဆီးခံရပြီး နောက်ပိုင်း ဖြစ်ပေါ်လာသည့် ကိစ္စအားလုံးအား စစ်ကောင်စီမှ တာဝန်ခံရမည်ဟု မအူပင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အိအိပြုံးက သတိပေးသည်။

စစ်ကောင်စီက ကရင်ပြည်နယ် KNUထိန်းချုပ်နယ်မြေဖြစ်သော လေးကေ့ကော်မြို့သစ်အတွင်း ဒီဇင်ဘာ ၁၅ရက်က အဓမ္မဝင်ရောက်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူအချို့ကို ဖမ်းဆီးခဲ့သည်။

ယင်းဖြစ်စဥ်တွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ မြောင်းမြ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင် နှင့် အိမ်မဲအမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ပြည့်ဖြိုးတို့နှစ်ဦးအပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူအချို့ ဖမ်းဆီးခံခဲ့ရသည်။

ဦးဝေလင်းအောင်နှင့် ဒေါက်တာပြည့်ဖြိုးတို့နှစ်ဦးသည် လူငယ်ကိုယ်စားလှယ်ဖြစ်ပြီး ဖမ်းဆီးခံရစဥ် ကျန်းမာရေး ကောင်းမွန်စွာရှိကြောင်း၊ ဖမ်းဆီးခံရပြီး နောက်ပိုင်း ဖြစ်ပေါ်လာသည့် ကိစ္စအားလုံးအား စစ်ကောင်စီမှ တာဝန်ခံရမည်သာဖြစ်​ကြောင်း ဒေါ်အိအိပြုံးက ထုတ်ပြန်သတိပေးထားသည်။

Public Service Announcement

Public Service Announcement

လေးကေ့ကော်တွင် စစ်ကောင်စီက ဖမ်းဆီးထားသူများ ၏ နောက်ဆက်တွဲအခြေအနေကို သုံးရက်ကြာသည်အထိ မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။